Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/28

မြန်မာအစိုးရနှင့် KIO အပစ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမည်

မြန်မာသမ္မတ သိန်းစိန် (ဘယ်) နဲ့ ကေအိုင်အို ဥက္ကဌ ဇောင်းဟရား။
ဂျူလိုင်လ 27 ရက် 2011 ခုနှစ် ။

စစ်တပ် ကျောထောက်နောက်ခံ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ အပစ်ရပ် ဆိုင်း ရေး စာချုပ် ချုပ်ဆိုရန် ရှိသည်ဟု နှစ်ဖက် သတင်းရပ်ကွက်က ဆိုသည်။
အပစ်ရပ်ဆိုင်းရေး စာချုပ်ကို ကချင်ပြည်နယ် အစိုးရနှင့် KIO တို့ ချုပ်ဆိုရန်ဖြစ်သည်။ မြန်မာ အစိုးရဖက်မှ အဆင်သင့်ဖြစ်ပါက အပစ်ရပ်ဆိုင်းရေး စာချုပ်ကို ပြီးခဲ့သည့် လကတွေ့ဆုံခဲ့သည့် မြစ်ကြီးနား- ဗန်းမော်လမ်းဘေး လဂျားယန် ကျေးရွာတွင် လက်မှတ်ရေးထိုး သွားရန်ရှိသည်ဟု လိုင်ဇာ ဌာနချုပ်မှ KIOအရာရှိ များပြောသည်။ အပစ်အခတ် ရပ်ဆိုင်းရေးစာချုပ် လက်မှတ်ရေးထိုးရန် ကြန့်ကြာနေရခြင်းမှာ KIO က မြန်မာ အစိုးရဘက်မှ ပါဝင်လက်မှတ်ရေးထိုးမည့် အစိုးရ ကိုယ်စားလှယ်များကို လက်မခံ နိုင်သောကြောင့် ဖြစ်သည်ဟု လိုင်ဇာ KIO အရာရှိများပြောသည်။ KIO ဖက်မှ လက်ခံနိုင်သည့် ကိုယ်စားလှယ်များ မြန်မာအစိုးရစေလွှတ်မှသာ အပစ်အခတ် လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်လာမည်ဟု ဆက်ဆိုသည်။
ပြီးခဲ့သည့်အပတ်က KIO က ၎င်းတို့ပေးပို့ထားသော အပစ်ခတ် ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ မြန်မာသမ္မတ သိန်းစိန် ထံမှ အကြောင်းပြန်ကြားစာ ရရှိခဲ့သော်လည်း လူသိရှင်ကြား ထုတ်ဖော်ခြင်းပြသခြင်း မရှိသေးဟု ဆိုသည်။ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့မှ ကြားဝင် ပေးမှုဖြင့် ဇွန် ၉ ရက် မှ စစ်ပွဲဖြစ်ပွားပြီး နောက်ပိုင်း နှစ်ဖက် ကြား ၃ ကြိမ် တွေ့ဆုံခဲ့သည်။
ယင်းသို့ ၃ ကြိမ်တွေ့ဆုံပြီးနောက် နှစ်ဖက် ကြား အပြန်အလှန် စာဖြင့် ရေးသား ဆက်သွယ် နေကြသည်ဟုဆို သည်။ ကချင်ပြည်နယ်အစိုးရက ဖက်စ် ဖြင့် ဇူလိုင် ၂၅၊ ယမန်နေ့က KIO ထံစာရေးသားပေးပို့လာပြီး ဇူလိုင် ၂၆၊ယနေ့ ပင် KIO ဖက်မှ အပစ်ခတ်ရပ်ဆိုင်းရေး နောက်ဆုံး ညှိနှိုင်း ဆွေးနွေးမှုကို ပြန်လည် ပေးပို့ခဲ့သည်ဟု လိုင်ဇာမှ KIO အရာရှိများပြောသည်။
ဇွန် ၁၂-၁၃ ရက်တွင် ပြုလုပ်သည့် လိုင်ဇာ လူထု အစည်းအဝေးတွင် အပစ်အခတ် ရပ်ဆိုင်းရေးကို လက်မခံကြ သည့် ကချင်လူထု ကိုယ်စားလှယ်များအား KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်က နိုင်ငံရေးဆွေးနွေး အဖြေ ရှာရေးအတွက် ၆ လတာကာလအတွက်သာ အပစ်အခတ် ရပ်ဆိုင်းမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှု မရှိပါက အပစ်အခတ် ရပ်ဆိုင်းမှု ချက်ချင်း ပြတ်ပျယ်သွားမည်ဟု ပြောဆိုသွားသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 件のコメント:

コメントを投稿