Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/16

လှိုင်းဘွဲမြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား

KNLA
ကေအဲန်အယ်အေ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ယခုရက်ပိုင်း အတွင်း အစိုးရ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မ တော်(ကေအဲန်အဲယ်လ်အေ) တပ်ဖွဲ့များ အကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ် ပွား လျှက်ရှိသည်ဟု ကေအဲန်အယ်လ်အေဘက် က ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် ဗိုလ်ကြီးစောသယူ့ထူး ဦးဆောင်သည့် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)က ကော့ကရိတ် အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၂)လက်အောက်ခံ ခလရ(၂၃၁)အား ခလဲ့ခို ကျေးရွာ အနီးတွင် ချုံခိုတိုက် ခိုက်ခဲ့ရာ အစိုးရ စစ်တပ်ဘက်မှ ၁ဦးဒဏ်ရာ ရရှိခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး စောအယ်စဲစဲက ကေ အိုင်စီကို ပြောသည်။

၎င်းက “မနေ့က ကျနော်တို့ ကေအဲန်ယူ တပ်မဟာ(၇)တပ်ဖွဲ့ ဝင်တွေနဲ့ စစ်တပ်တို့ ခလဲ့ခို့ ရွာဘက်မှာ ပစ်ခတ်မှုဖြစ် ပွားပြီး ရန်သူ့ဘက်က ၁ဦးဒဏ်ရာ ရရှိသွားတယ်။ တိုက်ပွဲက သိပ်တော့မကြာလိုက်ဘူး၊ ခဏလေးနဲ့ ပြီးသွားတယ်”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ် ခမရ (၂၃၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၅၀ဦး နီးပါးရှိပြီး KNLA အခြေချ သည့် နယ်မြေ အတွင်းသို့ ၀င်ရောက် ကျူးကျော်လာခဲ့သောကြောင့် ယခုလို ချုံခို တိုင်ခိုက်ရခြင်း ဖြစ်သည်ဟု ဗိုလ်မှူး စောအယ်စဲစဲက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့တွင်လည်း ကေအဲန်အယ်လ်အေ (၂၁)တပ်ရင်းက စကခ(၁၂လက်အောက် ခံ ခမရ ၅၄၈ တပ်ရင်းအား ၀ါးခို့လော်တယ် ကျေးရွာအနီးတွင် ချုံခိုတိုက်ခိုက် ခဲ့ရာ အစိုးရ စစ်တပ်ဘက် ၃ဦးဒဏ်ရာ ရရှိခဲ့ပြီး သြဂုတ်လ ၁၁ရက်နေ့တွင်လည်း ကမားထာ့တွင် ကေအဲန်အယ်လ်အေ ၂၁တပ်ရင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ခမရ ၃၃၉ တပ်ရင်းအကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ် ဘက်မှ ၂ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ကေ အဲန်အယ်လ်အေ တပ်မဟာ (၇) က ပြောသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကေအဲန်အယ်လ်အေဘက်က ထိခိုက် ကျဆုံးမှု မရှိကြောင်းထုတ် ဖော်ပြော ကြားသော်လည်း ကေအိုင်စီ အနေဖြင့် သီးခြားအတည်ပြုချက် မရရှိပေ။

လှိုင်းဘွဲမြို့နယ်တွင် အစိုးရ စစ်တပ်ဘက်မှ ရတခ လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် ခမရ ၃၁၀၊ ၃၃၈၊ ၃၃၉၊ ခ လရ ၂၈ တပ်ရင်းနှင့် စကခ (၁၂)လက်အောက်ခံ ခလရ ၂၃၁တပ်ရင်းတို့ လှုပ်ရှား လျှက်ရှိသလို ကေအဲန်ယူ (၇)တပ်မ ဟာ(၇) လက်အောက်ခံ ကေအဲန်အယ်လ်အေ ၂၁တပ်ရင်း လှုပ်ရှားလျှက်ရှိသည်။

0 件のコメント:

コメントを投稿