Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/01

လက်ရှိ မြန်မာအစိုးရ အပေါ်ထောက်လှမ်းရေး မှန်းခြေ (ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်) - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်


စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီး အနေဖြင့် စစ်တပ်အာဏာ အဆက်ဆက် မြန်မာနိုင်ငံတွင် အဓွန့်ရှည် တည်တံ့စေရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ၏ ဦးတည်ချက်တွင် အနာဂါတ် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ဦးဆောင်မှု အခန်းကဏ္ဍရှိရမည် ဟူသော အချက်ကို အလေးအနက်ထား၍ အဓိပ္ပါယ်ရှိရှိ ထည့်သွင်းခဲ့ပါသည်။ ၁၉၉၆ ခုနှစ် အမျိုးသားညီလာခံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နုတ်ထွက်ခဲ့ပြီး ညီလာခံအကန့်အသတ်မရှိ ရပ်ဆိုင်း၍ ကျောင်းသား အရေးခင်းများ ပေါ်လာချိန်တွင် စစ်ခေါင်းဆောင်ကြီးအနေဖြင့် စစ်ဝတ်စုံဝတ် ဆက်လက် အုပ်ချုပ်ရန် ညွှန်ကြားခဲ့သလို အရပ်ဘက် နယ်ဘက်ဝန်ကြီးဌာနများ မယက ၊ ခယက၊ ပယက နယ်ဘက် အုပ်ချုပ်ရေးများတွင် တာဝန်ထမ်းဆောင်နေသော အငြိမ်းစား စစ်တပ် အရာရှိများကိုပင် စစ်တပ်ရာထူးအဆင့်အတိုင်း စစ်ဝတ်စုံဝတ်ရန်ခွင့်ပြုခဲ့ပါသည်။ ၂၀၀၃ ခုနှစ် ဒီပဲရင်း အရေးခင်း ပေါ်ပေါက်လာပြီး နောက်ပိုင်း မဖြစ်မနေ နိုင်ငံရေး အခင်းအကျင်း ပြောင်းရမည့် အခြေအနေရောက်မှ ၂၀၀၄ ခုနှစ်တွင် အမျိုးသားညီလာခံ ပြန်လည်ကျင်းပခဲ့ပါသည်။ ဒီပဲရင်း အရေးအခင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားရန် ရည်ရွယ်၍ အမျိုးသားညီလာခံ ပြန်လည် ကျင်းပခဲ့သည် ဆိုလျှင် မှားမည်မဟုတ်ပါ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ပေါ်ပေါက်လာပြီးနောက်မှသာ အမျိုးသားညီလာခံ အမြန်ပြီးအောင် ပြုလုပ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်အပြီး ရက်ပိုင်းအတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ဆိုကာ ဇွတ်အတင်း အတည်ပြုခဲ့ပါ၏ ။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ၂၀၀၉ ခုနှစ် အစောပိုင်းမှစ၍ မြန်မာ့နိုင်ငံရေးတွင် အဓိကကျသော တိုင်းရင်းသားလက်နက်ကိုင်အရေးကိစ္စကို နယ်ခြားစောင့်တပ်ဖြင့် ဖြေရှင်းရန် ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရသည်ကို တွေ့ရပါမည်။ ၂၀၀၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးမည့် မူလအစီစဉ်ကို ပြင်ဆင်ပြီး နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိရေး ဖန်တီးဆောင်ရွက်ခဲ့ကြပါသည်။ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဖွဲ့စည်းပုံတွင် နိုင်ငံတကာ စစ်အာဏာရှင်များ ဇာတ်သိမ်းမကောင်းသည်ကို စိုးရွံ့၍ နောက်ကြောင်းပြန် အရေးမယူရေးဥပဒေကို ထည့်သွင်းပြီး အဆိုပါ ဥပဒေကို ပြည်တွင်းပြည်ပ၏ တရားဝင် အသိအမှတ်ခံရရေး အထူးလိုလားခဲ့ပါသည်။ သို့သော် အောင်မြင်မှု မရခဲ့ပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မစည်းရုံးနိုင်ခဲ့သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် မစည်းရုံးနိုင်ခဲ့ပါ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကိုအကြွင်းမဲ့ အနိုင်ရရန် ဆောင်ရွက်ခဲ့သည်။ စစ်ဝတ်ချွတ် အယောင်ဆောင် အရပ်သားအစိုးရကို အနာဂါတ် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ဦးဆောင်မှု အခန်းကဏ္ဍရှိရမည် ဟူသော အချက်အား အလေးအနက်ထား၍ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။


သို့သော်လည်း အစိုးရအသစ် ဖွဲ့စည်းပြီးကာမှ မြန်မာနိုင်ငံ၏ အခြေအနေသည် အာဏာပိုင် အဖွဲ့အစည်းအတွင်း သဘောထား မတူညီမှုများ ၀ိရောဓိများ ရှိလာခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စစ်ပွဲများဖြစ်လာမှု၊ အစိုးရအသစ်အပေါ် နိုင်ငံတကာ၏ ယုံကြည်မှု ယခင် န၀တ ၊ နအဖ အစိုးရခေတ်ထက်ပင် ကျဆင်းလာခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အင်အား ပြန်ကောင်းလာခြင်း တို့သည် လက်ရှိအစိုးရအတွက် ကြုံတွေ့နေရသော အကြပ်အတည်းများပင် ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန် အနေဖြင့် ၄င်း၏ စိတ်ရင်းစေတနာအမှန်ဖြင့် ကိုယ်တိုင် Guide Line ပေး၍ သမ္မတ အကြံပေးအဖွဲ့မှ ရေးသားပေးခဲ့သော မိန့်ခွန်းဖြင့် အစိုးရသစ်ကို စခဲ့ပါသည်။ အဆိုပါမိန့်ခွန်းသည် ပြည်တွင်းပြည်ပမှ အားလုံး လှိုက်လဲစွာ ကြိုဆိုခြင်းခံ ခဲ့ရပါသည်။ သို့သော် ထိုမိန့်ခွန်းအပေါ် ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရမလား ဆိုပြီး သတင်းစာမျက်နှာဖုံးမှ ကွယ်ပျောက်ပြီး ကန့်လန့်ကာ နောက်ကွယ်တွင် ရှိနေသော စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ခေါ်ယူပြောဆိုခြင်း ခံခဲ့ရသည်ဟု သိရှိခဲ့ရပါသည်။


လက်ရှိအစိုးရ အာဏာပိုင်အဖွဲ့တွင်း သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ ၊ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနှင့်အဖွဲ့ ၊ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်အဖွဲ့ ၊ ဦးခင်အောင်မြင့်နှင့် အမျိုးသားလွှတ်တော်အဖွဲ့ ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အဖွဲ့ ၊ ဦးအောင်သောင်းနှင့် ကြံ့ဖွံ့ပါတီအဖွဲ့ ဟူ၍ ကွဲပြဲသွားကြသည်ဟု အတည်ပြုဆဲ သတင်းများအရ သိရှိခဲ့ရပါသည်။ သို့သော် ထိုအဖွဲ့များသည် မိမိတာဝန်အလိုက် ဆောင်ရွက်ခွင့် ရှိခဲ့ကြသော်လည်း မူဝါဒပိုင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍မူ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ သဘောတူညီချက်မရဘဲ ဘာမှလုပ်ပိုင်ခွင့် မရှိကြောင်း သိရပါသည်။ ပုံမှန်မဟုတ်သော်လည်း အပတ်စဉ်လစဉ် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး နေထိုင်ရာ ဧက ရာချီ ကျယ်ဝန်းသော စိုက်ခင်းများအကြား စံနေအိမ်သို့ အထက်ပါ အဖွဲ့များဆိုင်ရာ လုပ်ငန်းများကို ကိုယ်စီကိုယ်စီ သွားရောက် သတင်းပို့နေရဆဲ ဖြစ်ပါသည်။ ပုဂ္ဂိလ်ရေးအရ ဦးအောင်သောင်းသည် နေ့စဉ်နီးပါး စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးထံ သွားလေ့ရှိပါသည်။


၂၀၁၀ ရွေးကောက်ပွဲအပြီး DKBA နှင့် တိုက်ပွဲ စတင်ဖြစ်ခဲ့မှုသည် နဂိုကမှ ယုံကြည်စိတ်ချမှု လျော့နည်းနေသော ဗိုလ်ချုပ်ကြီး သူရရွှေမန်း အထိနာခဲ့သည်။ DKBA စဖွဲ့စည်းစဉ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် တပ်မ (၁၁) တပ်မမှူးအနေဖြင့် အနီးကပ် တာဝန်ယူခဲ့ရသူ ဖြစ်သည့်အပြင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ပြောလျင် DKBA အဖွဲ့မှ နားထောင်ပြီး လိုက်လုပ်ခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို DKBA တို့မှ စတင်ဖျက်ဆီးခဲ့၍ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ဆူပူမှုကို ခံခဲ့ရပါသည်။ အကျိုးဆက်အနေဖြင့် DKBA ကို ချေမှုန်းရန် တာဝန်ပေးခံရသော ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားသည့် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် DKBA နှင့် တပ်မတော် ဖြစ်ပွားသော တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အကျအဆုံး များမှုကြောင့် ပြစ်တင်အကြိမ်းမောင်း ခံခဲ့ရပြီး အစိုးရသစ်အဖွဲ့အတွင်း အပို့ခံခဲ့ရပြီးနောက်ပိုင်း အခြားမကျေနပ်မှုများနှင့် စုပေါင်း၍ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်အထိ အရေးယူခံခဲ့ရပါသည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့သော ဦးပန်ဖ ဦးစီးသော SSA တပ်မဟာ(၁) နှင့် KIA အဖွဲ့ကို ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးသည် ယခင် လာရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး တာဝန်ယူစဉ်ကတည်းက မကျေလည်မှုများကို ရန်ညှိုးထား၍ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ အကြိုက် စစ်ရေး နိုင်ငံရေး အမြတ်ထုတ်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု တာဆန်းရေကာတာ လျှပ်စစ် ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းရှိ KIA တပ်စခန်းကို ၀င်ရောက် တိုက်ခိုက်ခွင့်ရရေး ဦးဆောင်လှုံ့ဆော်ခဲ့သူ ဖြစ်ပါသည်။

အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...
မူရင်း - http://photayokeking.org/truewords/open-letters/612-let-shi-myanmar-asu-ya-ei-htawk-lan-ye

0 件のコメント:

コメントを投稿