Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/08


(၆၄)နှစ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား (တိုကျို)




၂၀၁၁ ခုနှစ် သြဂုတ်လ (၇)ရက်။

(၆၄)နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို တိုကျို WARD KOMAGOME LIBRARY (4-F)တွင် ပုညကာရီ မွန်အမျိုးသားများ အဖွဲ့(ဂျပန်) PMNS(JP)မှ ယနေ့ နံနက် ၁၀း၀၀-နာရီ တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အမျိုးဘာသာ သာသနာအတွက် ခေတ်အဆက်ဆက် အသက်စွန့်လှူခဲ့ကြသည့် မျိုးချစ် အာဇာနည်ခေါင်ဆောင် သူရဲကေါင်းတို့ကို လေးစားသောအားဖြင့် ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်းနှင့် ဖိနှိပ်သည့် လူတန်းစား ရှိနေသည့်အတွက် အဖိနှိပ်ခံဘ၀ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လာရခြင်း ဖြစ်ကြောင်း မပြီးဆုံးသေးသည့် တော်လှန်ရေးကို မျိုးဆက်သစ် လူငယ်များ လက်ဆင့်ကမ်း သယ်ဆောင်သွားရန် ရည်ရွယ်၍ ယခုလို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းကို PMNS-Japan ဥက္ကဌ မင်းမျိုးချစ်မှ ရှင်းလင်း ပြောကြားသွားပါသည်.

ဆက်လက်ပြီး တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းအသီးသီး ကိုယ်စားလှယ်များ တို့မှလည်း မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်နှင့် ပတ်သက်သည့် ဂုဏ်ပြု အမှာစကား အသီးသီး ပြောဆို ခဲ့ကြပြီးသည့်နောက် အခမ်းအနားကို နေခင်း ၁၂း၀၀ နာရီတွင် ပြီးဆုံး ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

0 件のコメント:

コメントを投稿