Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/13

ပူး​ပေါင်း​ဆောင်ရွက်မှုက​နေ တိုး​တက်မှု ရရှိလိမ့်​မည်ဟု ​ဒေါ်​အောင်ဆန်း​စုကြည်​ ပြောကြား



August 12, 2011,
နှစ်ဦး​နှစ်ဖက် ပူး​ပေါင်း​ဆောင်ရွက်​ရေး​က​နေ တိုင်း​ပြည်အတွက် အကျိုး​ရှိတဲ့​ တိုး​တက်မှု​တွေ ရရှိလာလိမ့်​မယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။
ဒီက​နေ့​ ဦး​အောင်ကြည်နဲ့​ အစိုး​ရသစ် လက်ထက် ဒုတိယအကြိမ်​ တွေ့​ဆုံမှုအပြီး​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က သတင်း​မီဒီယာ​တွေကို ​ပြောကြား​ လိုက်တာလဲ ဖြစ်ပါတယ်။
ဒီက​နေ့​ ​နေ့​လယ် ၁ နာရီက ရန်ကုန်မြို့​၊​ စိမ်း​လဲ့​ကန်သာအစိုး​ရဧည့်​ဂေဟာမှာ ပြည်​ထောင်စု အလုပ်သမား​ဝန်ကြီး​ ဦး​အောင်ကြည်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုအပြီး​ သတင်း​ထောက်​တွေရဲ့​ ​မေး​မြန်း​ချက်​တွေကို ​ဖြေကြား​စဉ် ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာပါ။
အစိုး​ရသစ် တက်လာပြီး​နောက်ပိုင်း​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုက​နေ ဘယ်လိုကဏ္ဍ​တွေမှာ ထူး​ထူး​ခြား​ခြား​ တိုး​တက်​ ပြောင်း​လဲလာဖို့​ ​မျှော်လင့်​ထား​ပါသလဲဆိုတဲ့​ ​မေး​ခွန်း​ကို ​ဒေါ်​အောင်ဆန်း​စုကြည်က ပြန်လည်​ဖြေကြား​လိုက်တာ ဖြစ်ပါတယ်။
“ဒီထဲမှာပါတဲ့​အတိုင်း​ပါပဲ။ ကဏ္ဍအသီး​သီး​မှာ တိုး​တက်လာမယ်လို့​ ​မျှော်လင့်​ထား​ပါတယ်။ ကျမတို့​ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ဆိုတာ တိုင်း​ရင်း​သား​ ကိစ္စ​တွေမှာလည်း​ တိုး​တက်မှုယူရမှာပဲ။ ဘယ်ဘက်မှာမဆို တိုး​တက်မှု ရမှာပဲ။ တကယ်​တော့​ ကျမတို့​ နိုင်ငံရဲ့​အကျိုး​ကို ပူး​ပေါင်း​ ဆောင်ရွက်မယ်ဆိုရင် မီဒီယာ အပါအဝင်​ပေါ့​။ တိုး​တက်မှုရှိရမှာပဲ။”
ပြည်​ထောင်စု အလုပ်သမား​ဝန်ကြီး​ ဦး​အောင်ကြည်ကလည်း​ ​နေရာတိုင်း​မှာ စိတ်ဝမ်း​ ကွဲပြား​မှု​တွေ ရှိ​နေနိုင်ပြီး​ အဲ့​ဒါ​တွေကို ​ပြေလည်​စေဖို့​ ပူး​ပေါင်း​ဆောင် ရွက်​ရေး​ကိစ္စ​တွေကို ​ဆောင်ရွက်မယ်လို့​ ​ပြောပါတယ်။
“ကျ​နော်တို့​ စိတ်ဝမ်း​ကွဲပြား​မှု ​လျော့​ပါး​ရေး​ဆိုတဲ့​ကိစ္စက ​နေရာတိုင်း​မှာ ရှိနိုင်ပါတယ်။ သဘာဝအား​ဖြင့်​ ကျ​နော်တို့​ အခု​ပြောသွား​တဲ့​အတိုင်း​ပဲ ပူး​ပေါင်း​ဆောင်ရွက်မှုကို ဦး​စား​ပေး​ပြီး​တော့​ ​ဆောင်ရွက်သွား​မယ်ဆိုတဲ့​ အ​နေအထား​ ဖြစ်ပါတယ်။”
ဒါ့​အပြင် ပူး​ပေါင်း​ဆောင်ရွက်​ရေး​ကိစ္စဟာ မြန်မာနိုင်ငံအတွက် အဓိကအ​ရေး​ကြီး​တဲ့​ ပြဿနာတရပ်ဖြစ်​နေတာ​ကြောင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုနဲ့​ ​ဖြေရှင်း​နေကြတာ ဖြစ်တယ်လို့​လည်း​ ဝန်ကြီး​ဦး​အောင်ကြည်ကပဲ သတင်း​ထောက်​တွေရဲ့​ ​မေး​မြန်း​ချက်​တွေကို ပြန်လည်​ဖြေကြား​စဉ် ထည့်​သွင်း​ပြောကြား​ခဲ့​ပါတယ်။
“ဒါ​တွေအား​လုံး​ဟာ ပူး​ပေါင်း​ဆောင်ရွက်မှု​ခေါင်း​စဉ်​အောက်မှာ ပါပါတယ်။ ကျ​နော်တို့​ ပူး​ပေါင်း​ဆောင်ရွက်မှုဆိုတာ ကျွန်​တော်တို့​နိုင်ငံအတွက် လိုအပ်တဲ့​ အဓိကပြဿနာကြီး​တခုပါ။ ဒါကြီး​ကို ကျွန်​တော်တို့​က ​ဖြေရှင်း​နေကြတာဖြစ်ပါတယ်။ ဒီကိစ္စ​ပြေလည်သွား​ပြီဆိုတဲ့​ အချိန်ကျလို့​ရှိရင် ကျန်တဲ့​ကိစ္စ​တွေအား​လုံး​ဟာ ဒီအဓိက ပြဿနာကြီး​ရဲ့​အကျိုး​ဆက်တရား​များ​ တနည်း​အား​ဖြင့်​ အဲဒါ​တွေ ဖြစ်လာမှာ ဖြစ်တဲ့​အတွက် အလွယ်တကူ ​ဖြေရှင်း​သွား​နိုင်မယ့်​ အ​နေအထား​ပဲ ဖြစ်ပါတယ်။”
ဒီက​နေ့​ ဒုတိယအကြိမ်​တွေ့​ဆွေး​နွေး​မှုမှာ​တော့​ သ​ဘောတူညီချက် ​လေး​ခုကို ချမှတ်နိုင်ပြီး​ အဲ့​ဒီသ​ဘောတူညီချက်​တွေကိုလည်း​ ဝန်ကြီး​ကပဲ အခုလို ဖတ်ပြပါတယ်။
“(၁) ပြည်သူလူထုတစ်ရပ်လုံး​၏ လိုအပ်ချက်ဆန္ဒအတိုင်း​ ဖြည့်​ဆည်း​ပေး​သည့်​ အ​နေနှင့်​ တိုင်း​ပြည် တည်ငြိမ်​အေး​ချမ်း​ရေး​နှင့်​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် နိုင်ငံ​တော်အစိုး​ရနှင့်​ နှစ်ဖက်လက်တွဲ ​ဆောင်ရွက်သွား​မည်။
(၂) မြန်မာနိုင်ငံတွင် ဒီမိုက​ရေစီစနစ် ဆက်လက်တိုး​တက် ထွန်း​ကား​လာ​စေ​ရေး​ အတွက်လည်း​ကောင်း​၊​ စီး​ပွား​ရေး​နှင့်​လူမှု​ရေး​လုပ်ငန်း​များ​ ပိုမိုဖွံ့​ဖြိုး​တိုး​တက် လာ​စေ​ရေး​အတွက်လည်း​ကောင်း​ အပြုသ​ဘော ပူး​ပေါင်း​ဆောင်ရွက်သွား​မည်။
(၃) ပဋိပက္ခအသွင်​ဆောင်​သော အမြင်သ​ဘောထား​များ​ကို ​ရှောင်ရှား​ကြပြီး​ အပြန်အလှန်ကူညီ​သော ပူး​ပေါင်း​ဆောင်ရွက်​ရေး​လုပ်ငန်း​စဉ် ( ) ဦး​တည်သွား​မည်။
(၄) ​တွေ့​ဆုံ​ဆွေး​နွေး​မှုများ​ကို ဆက်လက်လုပ်​ဆောင်သွား​မည်။”
မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဝန်ကြီး​ ဦး​အောင်ကြည်တို့​ဟာ ပြီး​ခဲ့​တဲ့​ ဇူလိုင်လ ၂၅ ရက်​နေ့​ကလည်း​ အစိုး​ရသစ် လက်ထက် ပထမဆုံး​အ​နေနဲ့​ ​တွေ့​ဆုံမှု ပြန်လည်ပြုလုပ်ခဲ့​ပါတယ်။
ဒီ​တွေ့​ဆုံမှုမှာ​တော့​ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး​ ချမ်း​သာ​စေ​ရေး​အတွက် နှစ်ဖက် ပူး​ပေါင်း​ဆောင်ရွက်နိုင်မယ့်​ အခွင့်​အလမ်း​များ​ကို ​ဆွေး​နွေး​ခဲ့​ကြပါတယ်။
အဲ့​ဒီလို ​ဆွေး​နွေး​တဲ့​နေရာမှာလည်း​ တရား​ဥပ​ဒေစိုး​မိုး​ရေး​ကိစ္စ၊​ စိတ်ဝမ်း​ကွဲပြား​မှု ပ​ပျောက်​ရေး​ ကိစ္စနှင့်​ အများ​ပြည်သူ အကျိုး​ဖြစ်ထွန်း​စေမည့်​ ကိစ္စပါဝင်ခဲ့​ပါတယ်။
ဒီတကြိမ် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဝန်ကြီး​ ဦး​အောင်ကြည်တို့​တွေ့​ဆုံမှုဟာ အရင် စစ်​ကောင်စီလက်ထက်​တွေက ​တွေ့​ဆုံမှု​တွေအပါအဝင် ၁၁ ကြိမ်​မြောက် ​တွေ့​ဆုံမှုလည်း​ ဖြစ်ပါတယ်။
သတင်းရင်းမြစ် - ဒီဗီဘီ

0 件のコメント:

コメントを投稿