Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/26

ဒီပဲယင်းအရေး ကုလသမဂ္ဂသို့ တင်မည်

ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာကင်တားနားတို့ ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)
25 August 2011 ,

ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည် အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက် ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သော ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာကို အင်္ဂါနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ် အိုဟေး ကင်တားနားကို တင်ပြလိုက်သည်ဟု သိရသည်။ 
 “အစီရင်ခံစာကို မစ္စတာကင်တားနားကို ပြတယ်။ ပါတီရပ်တည်ရေး အပါအ၀င် ကိစ္စတွေကိုပါ။ သူက ဥပဒေပညာရှင် မဟုတ်တော့ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တယောက်နဲ့ ကျနော်တို့နဲ့ ညှိနှိုင်း လုပ်ဆောင်နိုင်ဘို့ အမြန်ဆုံး မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တုတ်၊ ဓား၊ လက်နက်ကိုင် ဆောင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါတီဝင် တချို့ သေဆုံး ခဲ့ရသည့် အမှုကို အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ခြင်း မပြုသေးပေ။
 NLD ပါတီ ဥပဒေ အကြံပေး အဖွဲ့က ရေးသား ပြုစုထားသည့် ထိုအစီရင်ခံစာကို အကြမ်းဖက်မှုဖြစ်ပွားပြီး ၈ နှစ် အကြာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။
မြန်မာပြည်တွင် ရောက်နေသော ကုလ လူ့အခွင့်အရေး အထူးစုံးစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားသည် ယမန်နေ့က NLD ခေါင်းဆောင်များကို တွေ့ဆုံခဲ့သည်။ “မနေ့ကတော့ မစ္စတာ ကင်တားနားက နေပြည်တော်မှာလူ့အခွင့်အရေးသင်တန်းပေးခဲ့တာတို့၊ မြန်မာနိုင်ငံလူ့အခွင့် အရေး အခြေအနေ တိုးတက်လာဖို့ အစိုးရရဲ့ တာဝန်ရှိသူတွေကို ပြောခဲ့တာတို့ နေပြည်တော် အတွေ့အကြုံကို ရှင်းပြတယ်။
ကျနော်တို့ဘက်ကလည်း လူ့အခွင့်အရေး လုပ်ငန်းတွေနဲ့ ပတ်သက်တာတွေ လုပ်ဆောင်နေတာတွေကို ရှင်းပြတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိသည် မြန်မာပြည်တွင် ရှိနေစဉ် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်သာမက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းတွင် မစ္စတာ ကင်တားနားသည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြတ်သူအပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ဒေါက်တာနေ၀င်း၊ ကိုဇေယျာသော်၊ ကိုအောင်ကျော်ဆန်း စသည်တို့နှင့်လည်း နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။ “ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသား အမြန်ဆုံး လွှတ်ပေးရေးကိစ္စ အဓိက ဆွေးနွေး တင်ပြဖြစ်တယ်။
အနိမ့်ဆုံး အဆင့်အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုနဲ့ အနီးဆုံးထောင်တွေကို ပြန်ပြောင်းရွှေ့ပေးရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစု ၁ ခု ထဲက သူတွေကို တစုတစည်းတည်း ပြန်ထားရေးလည်း တင်ပြဆွေးနွေးတယ်” ဟု ကိုမြတ်သူက ဧရာဝတီကို ပြောသည်။
မစ္စတာကင်တားနားက ဂရုတစိုက် နားထောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တိုက်တွန်းပြောဆိုထားကြောင်း၊ မစ္စတာကင်တားနား ကိုယ်တိုင်လည်း အစွမ်းကုန် ကြိုးစားနေကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ဇိုမီးအမျိုးသားကွန်ကရက် ခေါင်းဆောင် တဦး ဖြစ်သည့် ဦးပူကျင့်ရှင်းထန်က ၁၉၉၀ ရွေးကောက်ပွဲ ၀င်ခဲ့သော နိုင်ငံရေးပါတီ ၈ ခု၏ မေတ္တာရပ်ခံစာကို ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် မစ္စတာ ကင်တားနားကို ပေးအပ်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“တိုင်းပြည်မှာလတ်တလော အရေးတကြီး လိုအပ်နေသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ဖြစ်နေတော့ အမြန်ဆုံး ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပို အားစိုက် ကူညီဆောင်ရွက်ပေးဖို့ပါ” ဟု ဦးပူကျင့်ရှင်းထန်က ပြောသည်။
ယမန်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်ပြီး စေတနာ ထက်သန်စွာ ဆောင်ရွက်နေသကဲ့သို့ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်သူ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ၅ ရက် ခရီးစဉ် ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မစ္စတာ ကင်တားနားက ခရီးစဉ် အတွင်း လူ့အခွင့်အရေးအခြေအနေ လေ့လာခဲ့မှုများနှင့် ပတ်သက်၍ ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
သတင်းရင်းမြစ် - ဧရာဝတီ

0 件のコメント:

コメントを投稿