Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/15

၄၄ နှစ်မြောက် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ဆန်ပြဿနာနေ့ နှင့် ရခိုင်အမျိုးသားခေါင်ဆောင် ဦးဦးသာထွန်း၏ ကျဆုံးသည့် နှစ် ၂၁ နှစ် ပြည့် အောက်မေ့ဖွယ် အခမ်းအနား(တိုကျို)


၂၀၁၁ သြဂုတ်လ (၁၄) ရက်။
ဂျပန်နိုင်ငံရောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)ဂျပန်မှ ဦးစီး၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော (၄၄) နှစ်မြောက် ဆန်ပြဿနာနေ့ နှင့် ရခိုင်မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးသည့် နှစ် (၂၁) နှစ် ပြည့် ၀မ်းနည်း အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းနားကို တိုကျိုမြို့ Toshima-ku Kumin Center 4F တွင် နေ့လည် ၂း၀၀ နာရီ မှ ၅း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
တော်လှန်ရေး ကောင်စီ အစိုးလက်ထက်မှာ အငတ်ဘေး ဆိုက်ကပ်မှုကို ပြည်သူများက ဖြေရှင်းပေးရန် အတွက် ငြိမ်းချမ်းစွာ တောင်ဆိုတာကို အာဏာပိုင်များက အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် လူပေါင်းရာကျော် သေဆုံးခဲ့ကြရတယ် ။ စစ်တွေဆန်ပြဿနာနေ့ ဟာဆိုရင် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပြဿနာ တခုဖြစ်တယ် ငြိမ်းချမ်းစွာ ဖြေရှင်းမည့်အစား လက်နက်အားကိုးပြီး အကြမ်းဖက်သည့်နည်းနှင့် ဖြေရှင်းခဲ့သည့်အတွက် ယခုလို အဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရကြောင်း စစ်အာဏာရှင်စနစ် စနစ်ဆိုးတွေ ဖယ်ရှားနိုင်မှသာလျင် ကျနော်တို့ နိုင်ငံ၏ အထွေထွေ ပြဿနာများကို ဖြေရှင်းသွာနိုင်မည်ဖြစ်ကြေင်းကို ALD(Exile-Japan) နာယက ဦးဇော်မင်းခိုင်မှ ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက နှင့် ရခိုင်အမျိုးသား ခေါင်းဆောင်ကြီး ဦးဦးသာထွန်း၏ သမိုင်းကြောင်း အချက်လက်များနှင့် ဆရာကြီး၏ ရခိုင်တမျိုးသားလုံး အတွက်စွန့်လွတ် အနစ်နာခံ ကြိုးစားဆောင်ရွက်ခဲ့သည့် အကြောင်းကို ယနေ့အခမ်းအနားတွင် ရှင်းလင်းပြောကြား ခဲ့ကြကြောင်းနှင့် တက်ရောက်လာသည့် အဖွဲ့အစည်း အသီးသီး တာဝန်ရှိသူများမှ အမှာစကားပြောကြားပြီး ALD(Exile-Japan)အဖွဲ့ဝင်များမှလည်း မိမိတို့၏ သဘောထားအမြင်နှင့် အတွေ့အကြုံများတို့ကို ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

0 件のコメント:

コメントを投稿