Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/12

ဒီနေ့ ကရင် အာဇာနည်နေ့ဖြစ်တယ်




Friday, 12 August 2011 01:02

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioVXYInGX3UWbm-S_oyJCH6YWF_J9cwDLEaDnnS-AAHkl84fMQm-nPS7jFaqrHKAqvMZYUqzNEUuPGiDSLB2e3d9N4zKPfukK0-RPrAoQwSiajt9QjqbrEt-gDTY8VvLfcQHXTEScIvhdo/s1600/untitled.JPG

ဒီနေ့ ကရင်အမျိုးသားတို့ရဲ့ ကရင်အာဇာနည်နေ့ ကရင်အာဇာနည်နေ့ဆိုတာ ကရင်တွေကို တန်းတူ အခွင့်အရေးရဖို့အတွက် စတင်တော်လှန်ခဲ့တဲ့ ကရင် ခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးခဲ့တဲ့နေ့လည်းဖြစ်တယ်။ မိမိလူမျိုးတရပ်လုံး တန်းတု အခွင့်အရေးရဖို့အတွက် ချမ်းသာမှု့ကို စွန့်လွတ်ပြီး လူမျိုးအတွက် အသက်ပေးခဲ့တဲ့သူဖြစ်သည်။  
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ဖြစ်ပါတယ်...သူဟာကရင့်သမိုင်းမှာသာမကဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးရဘို့ကြိုးပမ်းခဲ့ရာမှာ လည်းမြန်မာ့သမိုင်းဝင်ထင်ရှားတဲ့ ခေါင်းဆောင် တစ်ဦးလဲဖြစ်ပါတယ်... ၁၉၄၆ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးစံနစ်ပြန်လည်ဖော်ဆောင်ရာမှာ အင်္ဂလိပ်တို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုဖွဲ့စည်းပေးခဲ့ရာ ဝတ်လုံတော်ရ စောဘဦးကြီးဟာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်... ဒီ့အပြင် ထိုခေတ်က ကမ္ဘာတဝန်းမှာရှိတဲ့ အင်္ဂလိပ်တွေဖွင့်ထားတဲ့ မည်သည့်တရားရုံးမဆို ရှေ့နေလိုက်ခွင့် လိုင်စင်ရထားသူပါ။ သို့သော်လည်း မဟာဗမာတို့ရဲ့လိုရာရေးသမိုင်းမှာတော့ ကရင်လူမျိုးတွေ ရဲ့ နယ်ချဲတော်လှန်ရေး သမိုင်းကတော့ တစ်လုံးတစ်စိ မှ မှတ်တမ်းတင်ထားခြင်း မရှိတော့ဘူးဆိုတာတွေ့ရပါတယ်။ 
ဖဆပလအဖွဲ့ကြီးရဲ့ဗဟိုကော်မတီမှာလည်း ဝတ်လုံတော်ရစောဘဦးကြီးဟာ ဗဟိုကော်မတီဝင် အဖြစ်ထည့်သွင်းဖွဲ့စည်းတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်... ငယ်စဉ်က သမိုင်းမှာ ဖဆပလ ဆိုတဲ့အဖွဲ့ကြီးအကြောင်း သင်ခဲ့ရသော်ငြားလည်း စောဘဦးကြီးဆိုတဲ့အမည်ကို တစ်စွန်းတစ်စမှ မကြားဘူးလိုက်ပါ။ ၁၉၄၇ခုနှစ်အတွင်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦဆောင်တဲ့မြန်မာကိုယ်စားလှယ် အဖွဲ့မှာ စောဘဦးကြီးဟာ ကန္ဒီအစည်းအဝေးသို့ လိုက်ပါတက်ရောက်ခဲ့ပါတယ်... ဗိုလ်ချုပ်နဲ့အတူ လွတ်လပ်ရေးရဘို့ ကြိုးပမ်းတဲ့ကာလမှာ အတူတကွ လက်တွဲဆောင်ရွက်ခဲ့ပါတယ်.. သို့သော်လည်း ဗိုလ်ချူပ်အောင်ဆန်း နာမည်ကိုသာတွေ့ရပြီး စောဘဦးကြီးနာမည်ကို မကြားခဲ့ဘူးပါ။
၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့ လွတ်လပ်ရေးနေ့မတိုင်ခင် ဗိုလ်ချုပ်ကျဆုံးခဲ့ပြီး လွတ်လပ်ရေးရပြီး မကြာမီ စောဘဦးကြီးကျဆုံးခဲ့ပါတယ်... စောဘဦးကြီးဟာ အစိုးရ ရာထူးဂုဏ်ရှိန်ကို မမက်မောဘဲ ကရင်အမျိုးသားရေးအတွက် ရာထူးဂုဏ်ရှိန်ကိုစွန့်လွှတ်ခဲ့ပါတယ်... "ကရင်တကျပ်သား၊ဗမာတကျပ်သား" ဆိုပြီး တန်းတူညီတူ ရရှိမှု အတွက် ကြွေးကြော်သံကိုချမှတ်ခဲ့ပါတယ်... ၁၉၅၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ နဘူးမြို့နယ် ကော့ကိုးကျေးရွာအနီး လယ်တဲထဲမှာ တောလှန်ရေးတာဝန်ထမ်းဆောင်နေရင်း သစ္စာဖောက်ထီးစွမ်းရွာသား မောင်အဲ၏ သစ္စာဖောက်မှုကြောင့် ရန်သူ၏ပစ်ခတ်မှုများကို အင်အားမမျှသော်လည်း လက်မမြှောက်ဘဲ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရပါတယ်.... 

သြဂုတ်လ၁၂ရက်နေ့ (ကရင်အမျိုးသားအာဇာနည်နေ့)တွင် ကျဆုံးခဲ့သော ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး နှင့်တကွ ကရင့်တော်လှန်ရေး ရဲဘော်အပေါင်းတို့အား ဦးညွတ်ဂါရဝပြုလျှက်
 
http://www.karenunited.com  မှ တဆင့် ကူးယူဖော်ပြသည်။

0 件のコメント:

コメントを投稿