Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/18

မောင်သိန်းစိန် ပြောသွားတဲ့ စကား ယုံရခက်သား ..။

August 18, 2011

မြန်မာပြည်ကို ပြန်လာနေ ပြန်လာကြဖို့  ခြေတစ်ဘက် လှမ်းနေသူတွေ အာဏာရူး သိန်းစိန်တို့  ခေါ်တော့ တမော့မော့နဲ့  ပြန်လာကြတော့မယ် ..

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက်ပိုင်း အာဏာရူး စောမောင်တို့  သန်းရွှေတို့ နိုင်ငံရေးအမြတ်ထုတ်ဖို့ အတွက် မြန်မာပြည်တွင်းကနေ ထွက်ခွာသွားသူတွေ အထူးသဖြင့် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲဖို့ ဆိုပြီး ထိုင်း-မြန်မာနယ်စပ်ဒေသ ကိုရောက်ရှိနေကြ တဲ့ ကျောင်းသား လူငယ်တွေကို မြန်မာပြည်ကို ပြန်လာဖို့ ဆိုပြီး မြန်မာနိုင်ငံ နယ်စပ်ဒေသ တစ်လျှောက်မှာ ကြိုဆိုရေး စခန်းတွေ ဖွင့်ပြီး ပြန်လာဖို့  ကြေညာခဲ့သလို အဆွယ်တရားတွေ မက်လုံးတွေ ပေးပြီး ခေါ်ခဲ့ပါတယ်။ အနည်းစု အရေအတွက် ရှိသောသူတွေဟာ ကိုယ့်ရဲ့  ယုံကြည်ချက် ခံယူချက် မခိုင်မာ ပျက်ပြားမှုတွေအပေါ် အခြေခံပြီး အာဏာရူးတွေရဲ့  လှည့်ဖြားသော လက်ကမ်းမှုအပေါ် အားရ၀မ်းသာ နဲ့  မြန်မာပြည်တွင်း ကို ပြန်လာခဲ့ကြပါတယ်။

အာဏာရူး နေ၀င်း လက်ထက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး အတွက်ဆိုပြီး တော်လှန်ရေး အင်အားစုတွေကို ဖိတ်ခေါ်ပြီး နောက်ဆုံးမှာ ရိုးသား ဖြူစင်မှု မရှိတဲ့ အာဏာရူးတို့  လုပ်ရပ်ကြောင့် တော်လှန်ရေး အင်အားစုတွေ မိမိတို့ နေရာ မိမိတို့  ပြန်သွားခဲ့ကြတယ်။ အာဏာရူးတွေကတော့ အများအမြင်မှာ နိုင်ငံရေး အမြတ်ထုတ် ၀ါဒဖြန့် ချီခဲ့ကြတယ်။

ထို့ အတူ အာဏာရူး စောမောင် သန်းရွှေတို့ ကလည်း ၁၉၈၈ ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာဖို့ ဆိုပြီး ဖိတ်ခေါ်ကာ ကြိုဆိုရေးစခန်းတွေဖွင့်၊ အထောက်အပံ့တွေ ပေး၊ သယ်ယူပို့ ဆောင်ရေးတွေ စီစဉ်ပေးနဲ့  နောက်ဆုံးတော့ သတင်းမီဒီယာမှာ နိုင်ငံရေးအမြတ်ထုတ် ၀ါဒဖြန့် ခဲ့ပါတော့တယ်။

အာဏာရူးတို့  ဖိတ်ခေါ်ချက်ကို ယုံကြည်လို့  မြန်မာ ပြည်တွင်းကို ပြန်ရောက်လာခဲ့သူ အဆိုပါ လူငယ် ကျောင်းသားတွေ ကတော့ ယုံကြည်လို့  ဘ၀ပုံအပ်လိုက်ရတာ နောက်ဆုံး နောက်ဆုံး တန်ဖိုးမဲ့သွား ရခဲ့ပါတယ်။

အောက်ဖေါ်ပြပါပုံတွေ ကတော့ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ န၀တ စောမောင်တို့  သန်းရွှေတို့ ရဲ့  လှည့်ဖြား ဖိတ်ခေါ်မှုကို ယုံလိုက်မိသူတွေကို အာဏာရူးတွေက နိုင်ငံရေး အမြတ်ထုတ်ခဲ့တဲ့ သတင်းဝါဒဖြန့် ချီခဲ့တဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံး အာဏာရူးတွေအတွက်သာ အမြတ်ရခဲ့ပါတယ်။



အာဏာရူးတို့  အပြောချို သကာရည် လောင်းတဲ့ လှည့်ဖြားမှု မုသားကို မမြင်ကြတဲ့ (သို့ ) မြင်လျက် နဲ့ ပြန်လာ ခဲ့ကြသူတွေမှာ အာဏာရူးတွေ အလိုကျ ခိုင်းတာ လုပ်ပေးခဲ့ရတယ်၊ ၀ါဒဖဖြန့် ချီရေးအတွက် အသုံးချခံပေးရတယ်၊ မတရားတာ မမှန်တာမှန်သမျှ မြင်နေ တွေ့ နေ ကြားနေရလျက်နဲ့  မပြောရဲအောင် နှုတ်ပိတ် ခံနေရတယ်၊ ပြန်လာစဉ် တဒင်္ဂလေးဘဲ လွတ်လပ်ခွင့် ရပြီ အောင်းမေ့ ခဲ့ပေမယ့် တစ်ဘ၀လုံး အာဏာရူးတွေရဲ့  လက်ခုပ်ထဲက ရေလို ဖြစ်ခဲ့ရတယ်၊ ကိုယ်ရဲ့  သိက္ခာတရား အမှန်တရား ယုံကြည်မှုတွေကို ယုံမှားမိလို့  နောင်တနဲ့ လဲလိုက်ရတယ်။ အများပြည်သူက အာဏာရှင်တွေဘက် ပြောင်းလဲ သူတွေအဖြစ် လူ့ ပတ်ဝန်းကျင်မှာ လေးစားစွာ ဆက်ဆံခြင်းကို မခံရတော့တဲ့ အနေအထား ရောက်ခဲ့ရတယ်။

ယခုလည်း သိန်းစိန်ရဲ့ အရပ်သား အစိုးရလို့  တစ်ဖွဖွ ပြောဆိုနေကြပြန်တယ်။ သိန်းစိန်ဟာ အာဏာရူး သန်းရွှေရဲ့  နအဖ ၀န်ကြီးချူပ်၊ အာဏာရူးတွေထဲက ထိပ်ဆုံးထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချူပ်ကြီး သိန်းစိန်ဆိုတာ အတိတ်မမေံသေးဘဲနဲ့  မေ့ချင်ယောင်ဆောင်ပြီး ပြောနေကြပါတယ်။ လက်ရှိ သိန်းစိန်တို့ ဟာ အရပ်သား အစိုးရလည်း မဟုတ်သလို အစိုးရအသစ်လည်း မဟုတ်ပါ၊ အာဏာရူးတွေ ယူနီဖောင်းချွတ် အရပ်သား အမည်ခံထားတဲ့ ရဟန်းရှင်လူပြည်သူကို သတ်ခဲ့ကြတဲ့ လူသတ်သမားတွေပါ။အာဏာရူး သိန်းစိန်တို့ ဟာ ခြေလှမ်းတွေကို ညင်သာစွာနဲ့  လှမ်းပြပြီး သူတို့  လှမ်းမယ့် ခြေလှမ်းတွေမှာ သူတို့ လိုချင်တဲ့ ရည်မှန်းချက်မရောက်ခင်၊ ကြားခရီးလမ်းမှာ အားလုံးကို လှည့်ဖြား အသုံးချနေတယ်ဆိုတာ ယုံလွယ်သူတွေ၊ ကိုယ့်ရဲ့  ယုံကြည်ချက် ခံယူချက် မခိုင်မာသူတွေ၊ ဖြစ်ခဲ့သမျှ ဖြစ်စဉ်တွေကို သုံးသပ်မှု မပြုလုပ်ဘဲ လတ်တလော မျက်တောင်တစ်မျွေးလောက်သာ ကြည့်ပြီး မျက်စိတစ်ဆုံး မမြင်တတ်ရင်တော့ ယခင် ပြန်ခဲ့ကြသူတွေရဲ့  အဖြစ်အပျက်အတိုင်း ကြုံရမှာ မလွဲမသွေပါဘဲ။

အာဏာရူး သန်းရွှေတို့  စောမောင်တို့ ဟာ ပြည်ပရောက်နေကြတဲ့ မြန်မာ မိသားစုတွေ ကျောင်းသား ကျောင်းသူတွေ လူငယ်တွေ ကို မြန်မာပြည်ကြီးကတော့ ဘယ်လောက် တိုးတက်သာ ယာနေပါပြီ၊ နိုင်ငံရေး ပြောင်း လဲမှုတွေ ဖြစ်နေပါပြီ၊ ခေတ်မှီမှုတွေ ရှိနေပါပြီ၊ လွတ်လပ်မှုတွေ ရနေပါပြီ၊ စီးပွားရေး လုပ်ဆောင်မှုတွေ လုပ်လို့ ရနေပါပြီ ဆိုတာတွေကို ၄င်းတို့ နဲ့  နီးစပ်သူတွေက တစ်ဆင့် သွေးဆောင် မှုတွေကို လုပ်နေတာ ကြာပါပြီ။ နိုင်ငံတကာရောက် ပြည်ပရောက် မြန်မာ အသိုင်းအ၀န်းကြားထဲ အာဏာရူးတွေရဲ့  အမာခံ နီးစပ်သူတွေက တဖြေးဖြေးနဲ့  ဖြားယေင်း စည်းရုံးရေးတွေ အချိန်နဲ့ အမျှ လုပ်နေတာလည်း ကြာပါပြီ။

အာဏာရူးတို့ ရဲ့  လှည့်ဖြားဖိတ်ခေါ်မှုတွေကို မမြင်တာထက် ကိုယ်ကျိုး တရားအတွက် အမျိုးမျိုး အကြောင်းပြ ဖောက်ပြန် လိုသူတွေအတွက်တော့ မြန်မာပြည်ကို သိန်းစိန်တို့  မခေါ်ခင်က တည်းက ခြေလှမ်း ထားပြီးကြမို့  အာဏာရူးတွေကို ကျေကျေနပ်နပ်နဲ့  ဘ၀ ပုံအပ်တယ်လို့ သာ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း၊ အာဏာရူးယုံ တစ်ဘ၀လုံးကန်းလို့ သာ ပြောချင်ပါတယ်။

မျှဝေပေးပို့ သော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။
 
Copy from - myatlayngon.blogspot.com

0 件のコメント:

コメントを投稿