Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/19

သမ္မတပြောသည့် ဌာနေပြန်ရေး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ မယုံကြည်

August 18, 2011,

ပြည်ပ ​ရောက် နိုင်ငံသား​တွေ ပြန်လာပြီး​ ဖွံ့ဖြိုးတိုး​တက်​ရေး​ လုပ်ငန်း​တွေမှာ ပါဝင်​ဆောင် ရွက်ကြဖို့ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က ဖိတ်​ခေါ်မှုဟာ တိုင်းပြည် ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့  တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဝေဖန် ရှုတ်ချလိုက်ပါတယ်။
မနေ့က နေပြည်​တော်မှာ ပြုလုပ်တဲ့ စက်မှုလုပ်ငန်း​ ဖွံ့ဖြိုး​တိုး​တက်​ရေး​ ​ကော်မတီ ​တွေ့​ဆုံပွဲအတွင်း သမ္မတ မိန့်ခွန်း​မှာ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​တွေ ပြန်လာဖို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။
သမ္မတရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီကမ်းလှမ်းချက်ဟာ စစ်မှန်တဲ့ ကမ်းလှမ်းချက် မဟုတ်သလို နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမှ နိုင်ငံတခုလုံးရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့  ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောပါတယ်။
နော်စီဖိုးရာစိန်
“နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြဿနာတွေ ပြေလည်မယ်။ ဒါပေမယ့် ဒီလိုပဲ ပြန်လာပြီးတော့ အာမခံချက် မရှိဘူးဆိုရင်၊ ဘာမှပြောင်းလဲမှု ရှိမှာမဟုတ်ဘူး။ တကယ်လို့ သူတို့က စေတနာမှန်မှန်နဲ့​ လုပ်မယ်ဆိုရင် တကယ်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြေလည်မယ်။”
မွန်ပြည်သစ်ပါတီရဲ့ အထွေအတွင်းရေးမှူးလည်းဖြစ် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူးလည်း​ ဖြစ်တဲ့ နိုင်ဟံသာက ဒီကမ်းလှမ်း ဖိတ်ခေါ်ချက်ဟာ တံခါးဝမှာ ဓားထမ်းပြီး ခေါ်သလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။
“အခု သမ္မတ ဦးသိန်းစိန် ပြောသွားတာက  တဖက်ကလည်း အရေးယူချင်ရင် အရေးယူနိုင်လို့ ရအောင်လုပ်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ ခွင့်လွှတ်နိုင်တဲ့ ဥပဒေဆိုတာ သူတို့လက်ထက်မှာ ကြိုက်သလိုဖန်တီးလို့ရတယ်။ အဲတော့ သဘောကတော့ တံခါးဝမှာ ဓားထမ်းပြီးတော့ လာပါလို့ ပြောထားတဲ့ပုံစံမျိုး။ ဦးလေးတို့အမြင်ကတော့ နိုင်ငံရေးပြဿနာ မပြတ်သေးဘဲ ကျန်တဲ့လုပ်ငန်းတွေ လုပ်လို့မရဘူး။ အမြင်မတူတဲ့ နိုင်ငံရေးပြဿနာကို တဖက်က ရှင်းစေချင်တယ်။ ပြောတဲ့ပုံဆိုရင် လာပါ၊ လက်နက်ချပါ၊ လက်နက်အပ်ပါ။ အဲဒီလိုပုံစံမျိုးဖြစ်နေတယ်။ လက်နက်ချတဲ့ပုံစံမျိုးက တော်လှန်ရေးသမားတွေ  ဘယ်အဖွဲ့ကမှ လုပ်ချင်တာ မဟုတ်ဘူး။ ဒါကြောင့် ဦးလေးတို့ ဆိုချင်တာက အလုပ်ဖြစ်မယ့် ကိစ္စမျိုး မဟုတ်ဘူး။”
နိုင်ဟံသာ

အန်ကယ်တို့ အနေနဲ့ ဘယ်လိုမျိုး ဖြစ်စေချင်သလဲ။ တိုင်းရင်းသား​ လက်နက်ကိုင် အဖွဲ့တွေ​ အနေနဲ့။
“နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းစေချင်တယ်။ သိပ်မကြာခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာအရ နိုင်ငံရေး​ ပြဿနာကို အခုလက်ရှိ​ ဖြစ်နေတဲ့ စစ်ရေးပြဿနာကို အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အဲဒါကို အပြည့်အ၀ ထောက်ခံတယ်။ အဲဒီလိုမျိုး ဖြေရှင်းချင်တယ်။ အဲဒီလိုမျိုး ရှင်းမှအပြေလည်ဆုံး ဖြစ်မယ်လို့ ပြောချင်တယ်။”
အစိုးရအနေနဲ့ ပြည်ပရောက်နေတဲ့ သာမန်ပြည်သူတွေ ပြန်လာစေချင်ရင်  မြန်မာပြည်တွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀ ဖွင့်ပေးရင် အားလုံးက ပြန်လာကြမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရှမ်းပြည်တပ်မတော်ကလည်း သမ္မတရဲ့ ပြောဆိုကမ်းလှမ်းချက်ဟာ လက်နက်ချခိုင်းတဲ့ ကမ်းလှမ်းချက် ဖြစ်နေတယ်လို့လည်း ရှမ်းပြည်တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလော​၀်ဆိုင်က ပြောပါတယ်။
စိုင်း လောဝ်ဆိုင်
“ပြည်တော်ပြန်ဆိုတာတော့ အမျိုးမျိုး ရှိရမှာပေါ့။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး လုပ်နေတယ် ဆိုတာ မပြေလည်သေးတဲ့ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်နက် ကိုင်ဆောင်ပြီး တိုက်နေတာ။ အခု သမ္မတ ဦးသိန်းစိန်ကနေ ပြည်ပရောက် အဖွဲ့အစည်းများ၊ အတိုက်အခံအဖွဲ့ အစည်းများ၊ ပြည်တော် ပြန်ချင်ရင် ပြန်လို့ရပါတယ် ဆိုတာကတော့ ကျနော်ထင်တယ်။ လက်ရှိ အာဏာရတဲ့ အစိုးရကနေ ဒီဥပဒေ ဘောင် အတွင်းဝင်ခဲ့ပါ ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖြစ်ပေါ်ရမယ်ဆိုရင်တော့ ကျနော်တို့ လက်နက် ချရုံပဲရှိတယ်။ နောက်ပြီးတော့ ထောင်ထဲဝင် သွားဖို့ပဲ ရှိတယ်။ အဲဒီလိုမျိုးလမ်းပဲ ရှိရမှာကို၊ အဲဒီဥပဒေ ဘောင်နဲ့အညီ ဆိုတဲ့ စကားလုံးကြီးကတော့ ကျနော်တို့ အတွက် မသင့်တော်သေးဘူး။ နှစ်ဖက်စလုံး တွေ့ဆုံ ဆွေးနွေးဖို့ အဲလိုမျိုး ဘောင် ခတ်လိုက်ခြင်း အားဖြင့် ဘယ်တော့မှ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်မလာဘူးလို့ ကျနော်ထင်ပါတယ်။”
သတင်းရင်းမြစ် - ဒီဗွီဘီ

0 件のコメント:

コメントを投稿