Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/03

လူရွယ် ပေါ်တာ ၄၀ မပေးလျှင် ရွာ မီးရှို့ပစ်မည်ဟု မြန်မာစစ်တပ် ခြိမ်းခြောက်

01 August 2011 ,


သြဂုတ် ၁ ရက် ကချင်ပြည်နယ် အနောက်ဘက် ကားမိုင်းမြို့၊ ကထန်ယန်ကျေးရွာ ဆက်သွယ်ရေး မျှော်စင်အောက်တွင် မြန်မာစစ်တပ်က ပေါ်တာအတွက် ၎င်းရွာမှ လူရွယ် ၄၀ ရွေးထုတ်ပေးရန် ကျေးရွာ လူကြီးများအား အတင်းအဓ္ဓမ အမိန့်ပေးနေသည်။
ထုတ်မပေးပါက ရွာကို ဖျက်ဆီး မီးရှို့ပစ်မည်။ ရွာသားများကို နှိပ်စက်မည်ဟု မြန်မာစစ်တပ်က ခြိမ်းခြောက် နေသည်ဟု ဒေသခံများမှ တဆင့်သိရသည်။
အင်အား ၄၀ ရှိ အမိန့်ပေးသည့် မြန်မာစစ်သားများမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) လက်အောက် ဆားမှော် နယ်မြေခံ ခလရ (၁၀၅)၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ)လက်အောက် နောင်ချိုနယ်မြေခံ ခမရ (၁၁၅)နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် (တသခ)လက်အောက် မိုင်းယန်း(Mong Yang)နယ်မြေခံ ခလရ (၂၈၁) မှ ဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီခန့် ပေါ်တာလိုက်စုသဖြင့် ကြောက်လန့် ထွက်ပြေးကြသည့် ရွာသားများကို ၎င်းမြန်မာ စစ်တပ်က ပစ်ခတ်သောကြောင့် အဘ မရစ်ယော်၏ သား အသက် (၁၅) နှစ်အရွယ် မရစ်တန် (Marip Tang) သေဆုံးသွားသည်ဟု ဒေသခံများပြောသည်။

Copy from - kachinnews.com

0 件のコメント:

コメントを投稿