Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/15

အလောင်းဖျောက်သည်ဟု စွပ်စွဲပြီး စစ်တွေ နာရေးကူညီမှု အသင်းကို စည်ပင်မှ ခြိမ်းခြောက်ငွေတောင်း 

                                                                       

---------
စံလင်း
---------

ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာရေးကူညီမှု အသင်းကို စည်ပင်သာယာရေး အဖွဲ့မှ အလောင်း ဖျောက်ဖျက် သည်ဟု စွပ်စွဲကာ ခြိမ်းခြောက် ငွေတောင်းခံသည်ဟု သတင်းရရှိသည်။ အသင်း တာဝန်ရှိသူ တစ်ဦးက “ သူတို့က အလောင်းတစ်လောင်းကို စည်ပင်ကို အကြောင်း မကြားဘဲ မြုပ်နှံ တယ်။
ဒါကြောင့် ဒဏ်ငွေဆောင်ရမယ်။ ဒဏ်ငွေ မဆောင်ရင် အလောင်းဖျက်မူနဲ့ တရားစွဲမယ် စသဖြင့် ခြိမ်းခြောက်တဲ့ သဘော ပါတဲ့ စာတစ်စောင်ကို ကျွန်တော်တို့ ဆီကို များမကြာမှီက စည်ပင်မှ ရေးသား ပေးပို့ ခဲ့ပါတယ်” ဟု ပြောသည်။ အဆိုပါ စာကို စစ်တွေ စည်ပင်သာယာရေးမှ အမှုဆောင် အရာရှိ ဦးဝင်းနိုင်က ရေးသား ပေးပို့ခဲ့သည်ဟု သူက ပြောသည်။ ယခုကဲ့သို့ ဦးဝင်းနိုင်မှ စာရေးသား ပေးပို့ပြီး ဒဏ်ငွေ တောင်းခံခြင်းမှာ ဆင်းရဲချို့တဲ့သူ လူကြီး တစ်ဦး အလောင်းကို စစ်တွေ နာရေး ကူညီမူ အသင်းမှ သင်္ချိုင်းသို့ အခမဲ့ပေးပို့ခြင်းနှင့် သက်ဆိုင်ကြောင်း သူက ယခုကဲ့သို့ ရှင်းပြသည်။
“ စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက် ဓူဝံ ဆန်စက်ဝင်း အတွင်းမှာ နေထိုင်တဲ့ ဦးကြာစိန်အောင် အသက် ၇၂ နှစ်ဟာ ဒီလ ၃ ရက်နေ့မှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဆင်းရဲ ချို့တဲ့သူ ဖြစ်တဲ့ အပြင် ဆွေမျိုး တွေလည်း မရှိတဲ့ အတွက် ရပ်ကွက်သူ ရပ်ကွက်သားတွေက ရ.ယ.က ဥက္ကဌရဲ့ ထောက်ခံစာနဲ့ နာရေး ကူညီမှုအသင်းကို အကူ အညီ တောင်းတယ်။ ဒါကြောင့် နာရေး အသင်းက သူ့အလောင်းကို မန်ဇီ သချိင်္ုင်းကို ကားနဲ့ ပေးပို့ခဲ့တယ်။ သချိင်္ုင်းကို ရောက်တဲ့ အခါ လူငယ်တွေက စည်ပင်ကို အကြောင်းကြားရင် ပိုက်ဆံပေးရမှာကို စိုးရိမ်ပီး စည်ပင်ကို အကြောင်း မကြားဘဲ သူတို့ဖါသာ သူတို့ တွင်းတူးပီး သဂြိင်္ုလ်လိုက်တယ်။ ခုလို သဂြိုင်္လ်ပီးတဲ့ နောက်ပိုင်းမှာ စည်ပင်က ကျွန်တော်တို့ကို ဒဏ်ငွေ ဆောင်ရမယ်။ ဒဏ်ငွေ မဆောင်ရင် အလောင်း ဖျောက်မူနဲ့ တရား စွဲမယ် ဆိုပီး ဖြစ်လာတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
စစ်တွေတွင် အသုဘ ချတိုင်း စည်ပင်အဖွဲ့သို့ သဂြိင်္ုလ်ခ ငွေ ၁၀၀၀ နှင့် တွင်းတူးခ ကျပ်ငွေ ၆၀၀၀ ပေးသွင်း ရသည်။ “ ဒီလို ငွေတွေ သွင်းရတဲ့ အပြင် စည်ပင်က အသုဘ ချတဲ့ကားကို ဌားရင် ကျပ် ၃၀၀၀၀ ပေးရတယ်။ အဲဒီ အဖိုးကြီးက ဆွေမျိုးလည်း မရှိဆိုတော့ စည်ပင်ကားကို မဌားနိုင်ဘူး။ ကျွန်တော် နာရေး အသင်းကို အကူ အညီ တောင်းတယ်။ ကျွန်တော်တို့က နာရေးအသင်းပိုင် ကားနဲ့ အသဘုကို လိုက်ပို့တယ်။ ဒါကို ဒဏ်ငွေ ဆောင်ရမယ်ဆိုပီး လုပ်လာတယ်။ နာရေး အသင်းက ကားနဲ့ လိုက်ပို့တာသာ ဖြစ်ပြီး သဂြိင်္ုလ်တာ မဟုတ်တဲ့အတွက် ဒဏ်ငွေကို မပေးနိုင်ဘူးလို့ အကြောင်း ပြန်ကြားထားပါတယ်” ဟု သူက ဆက်ပြောသည်။  ယခင်က စစ်တွေတွင် စည်ပင်မှ အသုဘ ကားခမှာ ကျပ်တစ်သောင်း ပတ်ဝန်းကျင်တွင်သာ ရှိသော်လည်း စစ်တွေ သချိင်္ုင်းကို ဆယ်မိုင်ခန့်ဝေးသည့် မန်ဇီ နေရာသို့ ယခုနှစ် ဇန္န၀ါရီလက ပြောင်းရွှေ့ပစ်သဖြင့် စည်ပင်မှ အသုဘကားခမှာ ကျပ် ၃၀၀၀၀ ထိ ဈေးမြင့်တက်သွားခဲ့သည်။
သို့အတွက် ဆင်းရဲသော မိသားစုများအနေဖြင့် အသုဘ ချရာတွင် ငွေကြေး မတတ်နိုင်သဖြင့် စစ်တွေ နာရေး အသင်းမှ အသုဘ ကားကိုသာ အသုံးပြုနေကြသည်ဟု သိရသည်။  ငွေကြေး မတတ်နိုင်သူများ အနေဖြင့် စစ်တွေနာရေး အသင်း အသုဘ ကားကိုသာ အသုံးပြုသူများနေပြီး စည်ပင်ကားကို အသုံးပြုသူ နည်းလာသဖြင့် ၀င်ငွေမရသော စည်ပင် အဖွဲ့က စစ်တွေ နာရေး အသင်းအပေါ် မကျေနပ်မူများ ရှိနေကြောင်း သိရသည်။  သို့အတွက် ယခုကဲ့သို့ အချက်ရသည်နှင့် အပြစ်ရှာ စွပ်စွဲကာ ဒဏ်ငွေဆောင်ရန် အကြောင်းကြား စာရေးသား ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း နာရေး အသင်းမှ တခြား တာဝန်ရှိသူ တစ်ဦးကလည်း ထောက်ပြ ပြောဆိုသည်။  ရွာကြီးမြောက်ရပ်ကွက်မှ လူကြီးတဦးကလည်း “ စစ်တွေ စည်ပင်က သဂြိင်္ုလ်ခ ငွေ ၁၀၀၀ နဲ့ တွင်းတူးခ ငွေ ၆၀၀၀ မသွင်းတဲ့ အတွက် စစ်တွေ နာရေး အသင်းကိုသာမက ရပ်ကွက်က ဦးဆောင်ပီး သဂြိုင်္လ်ခဲ့တဲ့ သူတွေကိုလည်း အရေးယူမယ်ဆိုပီး ရယက ဥက္ကဌကို အကြောင်းကြားထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

0 件のコメント:

コメントを投稿