Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/08

ပဲခူးတွင် အရပ်သား လူငယ် (၂)ဦးအား ပစ်သက်ခဲ့သော ဗိုလ်ကြီးသိဒ္ဓိ အား ရာထူးတိုး ဗိုလ်မှုးကိုလေး နာမည်ပြောင်ပြီး နေပြည်တော် တွင်ဆက်လက်ထမ်းဆောင်နေ


Written by FNG
Wednesday, 06 October 2010 09:03
စက်တင်ဘာလ ၄ ရက်နေ့ ညက ပဲခူးမြို့  ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင်နေထိုင်သူ မောင်အောင်သူဟိန်း အသက် (၂၃) နှစ် ဦးအား ကျဉ်ဘောက်မှာ ကျဉ်ကုန်သည် ထိ ရက်စက်စွာ ပစ်ခတ်ရန် အမိန့် ပေးခဲ့သည့် အခြေစိုက် ခလရ ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး သည် ပြည်သူကို တရားလက်လွတ် သတ်ဖြတ်သည့် ထို အမှု အတွက် မည်သည့်အရေးယူမှု ကိုမျှ ခံရခြင်း မရှိဘဲ နေပြည်တော် သို့ ပြောင်း ရွှေုတာဝန်ချထား ခံခြင်း ရသည် ဟု Freedom News Group မှစုံစမ်း သိရှိရသည်။ စက်တင်ဘာလ နှောင်းပိုင်း က ပစ်သတ်မှု တွင် ပါဝင်သည့် စစ်သားများနှင့် ဗိုလ်ကြီး သိဒ္ဓိစိုး အား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဆေးမေးမြန်းမှု စတင်ပြီးနောက် ဘုန်းကြီး ၀တ်ခိုင်းထားသည် ဟု သတင်းရရှိပြီး နောက်ပိုင်း တွင် အများ ပြည်သူများ က တွေ့ မြင်သွား မည် စိုး၍ တပ်ရင်းမှု ဒုတိယ ဗိုလ်မှုးကြီး မြင့်စိုး က တပ်ပြင် ထွက်ခွင့် မပေးဘဲ တပ်တွင်းမှာပင် လွတ်လပ်စွာ ထားရှိ သည် ဟု သိရသည်။ အောက်တိုဘာလဆန်း တွင် မူ ပစ်သတ်မှု တွင် အမိန့် ပေးသည့် ဗိုလ်ကြီး သိဒ္ဓိစိုး အား နေပြည်တော် မှ ဆင့်ခေါ်ကာ လက်ရှိရာ ထူးအတိုင်း ပင် ဥမင်လှိုဏ်ခေါင်း ဖောက်သည့် ဒေသ တွင် နာမည် ပြောင်း `၍ ရာထူးတိုးကာ ဗိုလ်မှုး ကိုလေး ဆိုသည့် နာမည်ဖြင့်တာဝန် ထမ်းဆောသ်နေသည် ဟု သိရသည်။ ခလရ ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး သည် စစ်ဗိုလ်ချုပ် တစ်ဦး ၏ သားသမီး တစ်ဦး ပင်ဖြစ်သည်။ လူငယ်နှစ်ဦးအား ရက်စက်စွာသတ်သည့် တရားခံ များ အား သေဆုံးသူ ၏ ဆွေမျိုး အသိုင်းအ၀ိုင်း သာမက ၊ ပဲခူမြို့ သူမြို့ သား များ နှင့် မြန်မာ တစ်နိုင်ငံလုံးမှ တရား နည်းလမ်းကျစွာ ဆုံးဖြတ်ပေးရန် လိုလားကြသည်။

0 件のコメント:

コメントを投稿