Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/14

ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစု တွေ့ဆုံဆွေးနွေး (သတင်း မှတ်တမ်း)။

၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၃)ရက်။


သတင်းမှတ်တမ်းဓါတ်ပုံ ၀င်ကြည့်ရန် Click
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစု တာဝန်ရှိသူများမှ တိုကျိုမြို့ Kasumikaseki ရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့ သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး YAMAHANA Ikuo နှင့် ယနေ့ နံနက် ၁၀း၃၀ နာရီ မှ ၁၁း၀၀ နာရီ အထိ တွေဆုံပြီး မြန်မာ့ရေးရာ ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ယခု လက်ခံတွေ့ဆုံမှုသည် ဂျပန်ရောက် အတိုက်အခံ ဒီမိုကရေစီ အင်အားစုအပေါ် ပထမဆုံးအကြိမ် လိုက်လျော တွေ့ဆုံမှုဖြစ်ပြီး ယခင်အခါများက ညွန်ချုပ် အဆင့်ဖြင့်သာ တွေ့ဆုံခွင့် ရခဲ့ပါသည်။ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဂျပန်အစိုးရမှလည်း ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန်နှင့် မြန်မာစစ်အုပ်စု၏ လူသားမျိုးနွယ် အပေါ် ကျုးလွန်သည့် ရာဇ၀တ်မှု စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့နိုင်ရေးအတွက် ဂျပန်အစိုးရမှ ထောက်ခံ သဘောတူရန် တိုက်တွန်းသည့် စာရွက်စာတမ်းများကို NCUB ကိုယ်စားလှယ် လည်းဖြစ် မြန်မာ့ရေးရာရုံး၏ တာဝန်ခံလည်းဖြစ်သော Dr. မင်းညှိမှ ပေးအပ်ခဲ့ပါသည်။

ဂျပန်ရောက် တိုင်းရင်းသားများကိုယ်စား ဦးဇော်မင်းခိုင်မှ ၁၉၉၀ ပြည့်အနိုင်ရ တိုင်းရင်းသား ပါတီများကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည့်အတွက်ဂျပန်အစိုးရမှလည်း ရွေးကောက်ပွဲ ရလဒ်ကို အသိအအမှတ်မပြုရန် တင်ပြသွားခဲ့သလို၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု(မဒတ)၏ သဘောထားကိုလည်း NDF ဂျပန် ကိုယ်စားလှယ် မိုင်ကျော်ဦးမှ ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆို သွားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၏ သဘောထားများကိုလည်း NLD-LA(JB) အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ကိုယ်စားပြု၍ တင်ပြသွားခဲ့ပြီး ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများ၏ ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ ကိုယ်စား ကိုမြတ်သူမှ တင်ပြဆွေးနွေး သွားခဲ့ပါသည်။ LDB အတွင်းရေးမှူး ဦးမြင့်မောင် ၊ FTUB ဂျပန် ကိုယ်စားလှယ် ဒေါ်ခင်ဆွေအေး၊ ဂျပန် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ (RENGO) ရဲ့ နိုင်ငံခြားရေးဌာန ညွန်ကြားရေးမှူး Masayuki SHIOTA ၊ PFB အတွင်းရေးမှူး Ms.Miyazawa တို့မှလည်း ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းစေဖို့အတွက် ထိရောက်သည့် အကူအညီတွေကို ကူညီပေးဖို့ တိုက်တွန်း တောင်းဆို သွားခဲ့ကြပါသည်။

ယနေ့ တွေ့ဆုံနိုင်ရန် စီစဉ်သူမှာ မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးထောက်ခံသည့် အမတ်သမဂ္ဂ အတွင်းရေးမှူး လွတ်တော်အမတ် AZUMA KONO ဖြစ်ပြီး လည်းကောင်းမှလည်း လိုအပ်သည်များကို ဖြည့်စွပ်ဆွေးနွေး သွားပါသည်။ ဒုဝန်ကြီးမှ ပြန်လည်ဖြေကြားရာမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရသည့်အပေါ် ရွေးကောက်ပွဲ တရားသည် မတရားသည်ကို ဆုံးဖြတ်သည်နေရာအတွက် အချက်အလက် တခုဖြစ်လာမည့် အကြောင်းနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးမှ သာလျင် တုန့်ပြန်သွားမည်ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စု၏ လူသားမျိုးနွယ် အပေါ် ကျုးလွန်တဲ ရာဇ၀တ်မှု စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့နိုင်ရေးအတွက် ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ ။ Mai Kyaw Oo(PNS-Japan)

0 件のコメント:

コメントを投稿