Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/28

ဂျပန်အစိုးရ မှ ထိရောက်သော အားပေးကူညီမှုများ ပေးရန်တောင်ဆို ဆန္ဒပြပွဲ


ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လိုလားသူများ နှင့် မြန်မာ့ ဒီမိုကရေစီအရေး ကူညီဆောက်ရွက် ပေးနေသော ဂျပန်အဖွဲ့အစည်းများ ပူပေါင်းကာ ဂျပန်အစိုးရမှ မြန်မာ့ ဒီမိုကရေစီအရေး အတွက် ထိရောက်သော အားပေး ကူညီမှုများပေးရန် ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြ ကြောင်း သတင်းရရှိပါသည်။ ချီတက်ဆန္ဒပြ တောင်းဆိုပွဲအား တိုကျိုမြို့၊ ခစုမိဂဆဲခိ ရပ်ကွက်ရှိ ဂျပန်အစိုးရ အခြေစိုက်ရုံးများရှေ့မှ လူအင်အား ၃၀၀ ခန့်ဖြင့် စီတန်းဖြတ်လျှောက်ကာ ဆန္ဒပြတောင်းဆို ခဲ့ခြင်းဖြစ်သည်။





ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးအများစုက လက်မခံဖူး လုံးဝဆန့်ကျင် ကန့်ကွက်တယ်ဆိုတာ နအဖ အစိုးရသိစေဖို့၊ စစ်အုပ်စုမှ ဇွတ်အတင်းပြုလုပ်မည့် ၂၀၁၀ ရွေးကောက်အား ဂျပန်အစိုးရအနေနဲ့ အသိအမှတ် မပြုဖို့နှင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံပေးဖို့ ချီတက်ဆန္ဒပြတောင်းဆိုရခြင်း ဖြစ်ကြောင်းသိရသည်။


“အခုပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ လုံးဝ မတရားဖူး လုံးဝ ဒီမိုကရေစီမဆန်ဖူး လို့ ကျနော်ကလည်း ရှုမြင်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ ဗမာပြည်တိုးတက် ထွန်းကားဖို့ အတွက် အင်အား မဖြစ်ဖူးဆိုတာ သေချာပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ (Human Rights Now)က ဆန့်ကျင်ပါတယ်။ UN အနေနဲ့ စစ်အုပ်စုက ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေကို လေ့လာစောင့်ကြည့် စိစစ်ရေး အဖွဲ့အား မြန်ကာနိုင်ငံကို အမြန်ဆုံးလွတ်ပေးဖို့ ဆက်ပြီးကြိုးစားသွားဖို့ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိတဲ့ အထိ ဗမာ့ပြည်သူ အတူ ပူးပေါင်းကြိုးစားသွားကြပါစို့ ”ဟု Human Rights Now အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျပန်လူမျိုး ရှေ့နေတစ်ဦးမှ ပြောကြားသွားခဲ့သည်။

အဆိုပါ ချီတက်ဆန္ဒပြပွဲကို Human Rights Watch, Human Rights Now, ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဂျပန်နိုင်ငံ) နှင့် မြန်မာ့ ဒီမိုကရေစီအရေး ကူညီဆောက်ရွက် ပေးနေသော ဂျပန်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။ ချီတက်ပွဲ မှ တောင်းဆိုချက်များနှင့် အခြားဂျပန်အစိုးရမှ မြန်မာ့ ဒီမိုကရေစီအရေး အတွက် ထိရောက်သော အားပေးကူညီမှုများပေးရန် တိုက်တွန်းတောင်းဆိုချက်များပါ စာတမ်းကို မစ္စတာ AZUMA KONNO (ဂျပန်လွတ်တော် အမတ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူး) မှ ဂျပန်အစိုးရထံ သွားရောက် ပေးပို့ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 件のコメント:

コメントを投稿