အလံပိုင်ရှင်အစစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရဖြစ်ပါကြောင်း

အော် .. ဇွတ်ဆိုမှ တကယ့် ဇွတ်အတင်းလုပ်တတ်တဲ့ တဇွတ်ထိုးအုပ်စုပဲဗျာ၊ အခုတော့ ပြည်သူ့ကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျာ
အလံ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ
မြန်မာနိုင်ငံလွတ်လပ်ရေး၊ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းအသုံးပြုခဲ့သော ၀ါ စိမ်း နီ အလံအား ဂုဏ်ပြုလျှက် “စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးတိုက်ပွဲ” တွင် ၀ါ စိမ်း နီ အရောင်များအား အခြေခံ အဖြစ် အသုံးပြုခြင်းဖြစ်သည်။
အ၀ါရောင်မှာ ကြီးမြတ်ခြင်း၊ ဂုဏ်ရောင်ပြောင်ခြင်းနှင့် ဘာသာ သာသနာကို ရည်ညွန်းသည်။
အစိမ်းရောင်မှာ ဆန်ရေစပါးပေါများခြင်း၊ သာယာဝပြောခြင်းကို ရည်ညွန်းသည်။
အနီရောင်မှာ၊ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိပြောင်မြောက်ခြင်းကို ရည်ညွန်းသည်။
အစိမ်းရောင်မှာ ဆန်ရေစပါးပေါများခြင်း၊ သာယာဝပြောခြင်းကို ရည်ညွန်းသည်။
အနီရောင်မှာ၊ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိပြောင်မြောက်ခြင်းကို ရည်ညွန်းသည်။
အဖြူရောင်ကြယ်ဖြူကြီးမှာ ဖြူစင်ခြင်း၊ နယ်ချဲ့တော်လှန်ရေးနှင့် စစ်အာဏာရှင်စနစ် တော်လှန်ရေး၏ အထိမ်းအမှတ်ဖြစ်သည်။
အထက်ပါအချက်များကို ကြည့်ရင် မူရင်း အလံပိုင်ရှင်အစစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖြစ်သည်။ ၁၉၉၀ ခုနှစ် စတင် တည်ထောင်ကတည်းက စတင်အသုံးပြုခဲ့သော အလံ မူရင်းပိုင်ရှင် အစစ် ပေါ်လာသော အခါ .........
လက်ရှိ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ ထောက်ခံမှုများရပါမှ အတည်ဖြစ်နိုင်သော နိုင်ငံတော် အခြေခံ ဥပဒေ (မူကြမ်း) ကို ၀ိုင်းရေးဆွဲခဲ့ကြတဲ့ ညီလာခံ ကိုယ်စားလှယ်ကြီးတွေ၊ တဇွတ်ထိုးသမားတွေ အုပ်စုဖွဲ့ အချိန်ဆွဲပြီး တစုအစည်းတည်း ၀ိုင်း၍ အလံခိုး ခဲ့ပါကြောင်း လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ဘွင်းဘွင်းကြီးပေါ်နေပါတော့တယ်။
(ပြည်သူ့ အာဏာ ပြည်သူ့ ၌ တည်ပါစေသောဝ်)
ရေးသားသူ...မောင်ရေခဲ
ပေးပို့ ပေးသော ကိုထင်ကျော် အားကျေးဇူးတင်ရှိပါသည်။
0 件のコメント:
コメントを投稿