Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/04

2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ လပါတ် အစည်းအဝေး




၃ရက်၊ အောက်တိုဘာလ ၊၂၀၁၀ခုနှစ် တွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေ အင်အားစုများ စုပေါင်းဖွဲ့စည်းထားသော 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ လပါတ် အစည်းအဝေးကို ဂျပန်နိုင်ငံရှိ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(AUN)ရုံးခန်း၌ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ ရွေးကောက်ပွဲနှင့် ပါတ်သက်သည့်  သဘောထားများကို ထုတ်ပြန် ရေးသားထားသော စာတမ်း တစ်စောင်အား မြန်မာ-အင်္ဂလိပ်- ဂျပန်(၂) ဘာသာဖြင့် ရေးသား၍ ဂျပန်နိုင်ငံ အစိုးရ၏ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သွားရန်၊ ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီ အရေးကို ကူညီ အားပေးလျက်ရှိကြသော ဂျပန်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဂျပန်အစိုးရ လွှတ်တော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သို့ 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး လုပ်ငန်းများတွင် ကူညီ ထောက်ခံ အားပေးရန် စည်းရုံးရေး လုပ်ငန်းစဉ်များကို ပြုလုပ်ရန်အတွက် တာဝန်များခွဲဝေခြင်း၊ ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများသို့လည်း 2010 ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ထောက်ခံခြင်း မပြုလုပ်ကြရန်နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ကြောင်းကို သက်ဆိုင်ရာသံရုံးများသို့ သွားရောက် ရှင်းလင်း ပြောဆိုသွားမည့် တာဝန်များ ခွဲယူကြခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

ထို့အပြင် ယခုလ(အောက်တိုဘာလ- ၁၇)ရက်နှင့် (၃၁)ရက်နေ့များတွင် 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ ဦးစီး၍ 2010 ရွေးကောက်ပွဲအား အဘယ့်ကြောင့်ဆန့်ကျင်ရသနည်း၊ ရွေးကောက်ပွဲ ဝင်သော နိုင်ငံရေးပါတီအပေါ် သုံးသပ်ချက်၊ 2010 ရွေးကောက်ပွဲနှင့် ပါတ်သက်သည့် ရွေးကောက်ပွဲ ဗဟုသုတများ ပါဝင်သော 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး စကားဝိုင်းကို ပြုလုပ်သွားရန် အစီအစဉ်များလည်း ဆွဲခဲ့ကြပါသည်။ 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး စကားဝိုင်းအား အချိန်အားဖြင့် ၂နာရီခန့် ဆွေးနွေးမှုများ ပြုလုပ်ကြမည်ဖြစ်ပြီး မည်သူမဆို လာရောက် နားထောင်နိုင်ပါကြောင်းနှင့် ဆွေးနွေး စကားဝိုင်းအပြီး မိနစ်(၃၀)ခန့်ကို လာရောက်ကြသော ပရိသတ်များထဲမှ ဆွေးနွေး မေးမြန်းချက်များကို ပြန်လည် ဆွေးနွေး ဖြေကြားသွားရန် စီစဉ်ထားကြောင်း လည်းသိရပါသည်။ အဆိုပါ စကားဝိုင်းအား မှတ်တမ်းတင် ဗီဒီယိုရိုက်ကူး၍ အင်တာနက် စာမျက်နှာများတွင် ဖေါ်ပြခြင်းဖြင့် မြန်မာနိုင်ငံ ပြည်တွင်းရှိ ပြည်သူများကိုပါ 2010 ရွေးကောက်ပွဲအား ဆန့်ကျင်ကြစေရန် နှိုးဆော် တိုက်တွန်းသည့် ရည်ရွယ်ချက် လည်းဖြစ်ကြောင်း သိရပါသည်။

သတင်းမှတ်တမ်း ။ LAN PYA KYE ။ PNS-Japan
သတင်းဓါတ်ပုံ     ။ Moe Min Thu KNU (Japan)

0 件のコメント:

コメントを投稿