Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/15

ဗမာ့တပ်မတော်၏ ခေတ်သစ်ကျွန် ကျေးလက်ဒေသနေ ကရင်ပြည်သူများ




တောင်ငူခရိုင်တွင် ပေါ်တာသွားရာ ဆင့်ခေါ်ခံရသော ရွာသူ ရွာသားများပုံ နှင့် နအဖ စစ်တပ်အတွက် ၀ါးများ ခုတ်ပေးနေရပုံ - ဓါတ်ပုံ KHRG


၁၂၊ ၁၀၊ ၂၀၁၀ ရက်နေ့ တွင် ဗမာ့တပ်မတော် ခလရ (၁၀၂)မှ တောင်ငူခရိုင် ထန်းတပင်မြို့ နယ်ရှိ ရွာများဖြစ်သော ဖလေးဆာလို(ပြင်စလိုရွာ)သား ကျား ၉ ဦး မ ၃ ဦး၊ ယာလိုရွာ ကျား ၈ ဦး မ ၇ ဦး၊ ပလောဘောဒဲရွာ ကျား ၆ ဦး မ ၆ ဦး၊ လေးဧိုလိုဘောဖာရွာ ကျား ၆ ဦး မ ၃ ဦး တို့ အား ဆင့်ခေါ်ပြီး အတင်းအကျပ် ခိုင်းစေလျက် ဖလေးဆာလို(ပြင်စလိုရွာ)မှ သပြေညွန့် စစ်စခန်းသို့  ပေါ်တာအဖြစ် စစ်တပ်၏ ပစ္စည်းများကို သယ်ခိုင်းကြောင့် သတင်းရရှိပါသည်။


ထိုနေ့ တရက်တည်းမှာပင် ရှားစီးဘို အခြေစိုက် ဗမာ့တပ်မတော် ခလရ(၇၃) သည်ရှားစီးဘိုရွာသားများအား သူတို့ တပ်စခန်းအတွက် ၀ါးလုံးကြီး အလုံး(၆၀)၊ သုံးထွာပတ်လည် အရှည် ၁၀ တောင် သစ်လုံး ၁၀ ချောင်း အား ခုတ်ခိုင်းပြီး ပို့ ဆောင်စေပါသည်။

တဆက်တည်းမှာပင် ကလောမီဒဲး စခန်း အခြေစိုက် ဗမာ့တပ်မတော် ခလရ (၁၀၂)တပ်ဖွဲ့ များသည် ကလောမီဒဲး ရွာသား ကျား ၂၀ ဦး မ ၁၀ ဦးတို့ အား ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး ကလောမီဒဲးမှ ပုလဲဝ စစ်စခန်းသို့ ရိက္ခများကို သယ်ခိုင်းပါသည်။

ဗမာ့တပ်မတော် မှ တပ်များသည် ထိုဒေသတွင် နေထိုင်သော ကရင် လူမျိုးများ(အမျိုးသား၊ အမျိုးသမီး၊ ကလေးပါ မရှောင်)ကို ကျွန်သဖွယ် ခိုင်းစေ နေတာ ကြာမြင့်နေပြီဖြစ်ကြောင်း ထိုဒေသတွင် နေထိုင်သူများက ဆိုပါသည်။

0 件のコメント:

コメントを投稿