Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/06

ကချင်ပြည်နယ်တွင် ယုဇန ကုမ္ပဏီအလုပ်သမားများအား နအဖ မှ လက်နက်ထုတ်ပေးနေ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ယုဇနကုမ္ပဏီ၏ စိုက်ပျိုးရေးခြံ အလုပ်သမားများအား နအဖစစ်တပ်က ပြည်သူ့စစ်သင်တန်းပေးကာ အောက်တိုဘာ (၂) ရက်နေ့၌ လက်နက်များထုတ်ပေးခဲ့သည်။

တနိုင်း-နမ္မတီး လီဒိုလမ်းမပေါ်ရှိ ယုဇနကုမ္ပဏီ၏ ပလောပီနံနှင့် ကြံစိုက်ပျိုးရေးခြံ အလုပ်သမားများအား တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၏ ကြီးကြပ်မှုဖြင့် ပြည်သူ့စစ်သင်တန်းများကို မကြာသေးခင် လပိုင်းကစ၍ ပို့ချနေပြီး ပြီးခဲ့သည့် စနေနေ့က အမ် (၂၂) မောင်းပြန်ရိုင်ဖယ်သေနတ် အလက် (၆ဝ) တပ်ဆင်ပေးခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။


၎င်းက “ယုဇနရဲ့ အလုပ်သမားတွေပဲ သင်တန်းတက်ရတယ်။ ဒေသခံရွာသားတွေ မပါဘူး။ အခုသင်တန်း အပတ်စဉ် (၃) ခုလောက် ဆင်းသွားပြီ။ သင်တန်းတပတ်ကို (၁ဝဝ) ကျော် (၂ဝဝ) နီးပါးဆိုတော့ လူအနည်းဆုံး (၅ဝဝ) လောက် ရှိမှာပေါ့။ အဲဒါကို လက်နက် တပ်ဆင်ပေးတာ။ တနိုင်း ဒကစမှူးက ဘန်ကောက်ကျေးရွာက ယုဇနရုံးမှာ ထိုင်ပြီး သင်တန်းကို ကွပ်ကဲနေတာ” ဟု ပြောသည်။

၂ဝဝ၆-၂ဝဝ၇ ခုနှစ်မှစ၍ ဖားကန့်မြို့နယ်အတွင်းရှိ ဝရာဇွပ်၊ ရှဒူးဇွပ်၊ ဘန်ကောက်၊ အောင်ရာ၊ နမ်ဆိုင်နှင့် နာဂျာပါကျေးရွာမှ လယ်မြေများ၊ ဥယျာဉ်ခြံမြေများကို စစ်တပ်နှင့်နယ်မြေခံအာဏာပိုင်များက အဓမ္မသိမ်းခဲ့ပြီး အချို့ လူနေအိမ်များကို ရွှေ့ပြောင်းခိုင်းခဲ့သည်။ ယုဇနကုမ္ပဏီက စိုက်မြေဧက သိန်းနှင့်ချီ ဖော်ထုတ်ကာ ပလောပီနံနှင့် ကြံစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေပြီး မြန်မာပြည် အောက်ပိုင်းမှ အလုပ်သမား ထောင်နှင့်ချီခေါ်ယူကာ အလုပ်ခိုင်းစေနေခြင်းဖြစ်သည်။

စိုက်ပျိုးရေးခြံအလုပ်သမားများကို ကုမ္ပဏီက လစာပုံမှန်မရှင်းနိုင်၍ အလုပ်ခြံကနေ ထွက်ပြေးမှုများ၊ ဒေသအတွင်း ကျေးရွာများမှ ကြက်၊ ဝက်၊ နွား စသည့် ပျောက်ဆုံးမှုများ အစောပိုင်းကာလများက ရှိခဲ့ကြောင်း အဆိုပါဒေသခံက ပြောသည်။

၎င်းက “အဲဒီက အလုပ်သမားတွေက ရွာထဲ အရက်လာသောက်၊ မူးရူးပြီးဆဲဆို၊ ပြီးတော့ ခိုးတာဝှက်တာ လုပ်သေးတယ်၊ စရိုက် ကြမ်းတယ်။ ဒေသခံ လူငယ်တွေနဲ့လည်း ခဏခဏ စကားများ ရန်ဖြစ်တယ်။ တခါကဆို လူငယ်ချင်း စကားများတာ လယ်ထွန်စက်တွေနဲ့ အလုပ်သမားတွေ ခေါ်လာပြီး ရွာထဲမှာ အိမ်ခြံတွေ၊ ဓာတ်တိုင်တွေ ဖျက်ဆီးသောင်းကျန်းတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ အခုဆို သေနတ်တွေ ကိုင်လာပြီဆိုတော့ ဒီထက် ပိုဆိုးလာမလား မပြောတတ်ဘူး” ဟု ပြောသည်။

ယုဇနကုမ္ပဏီက စိုက်ပျိုးရေးလုပ်နေသည့် ယခုဒေသများသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) က နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်သည့် ၁၉၉၄ ခုနှစ် မတိုင်မီက နှစ်ဖက်တပ်များအကြား မကြာခဏ တိုက်ပွဲများဖြစ်သည့် နေရာဖြစ်သကဲ့သို့ ကေအိုင်အို တပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလာ လှုပ်ရှားသည့် ဒေသလည်း ဖြစ်ခဲ့သည်။

ယခုအခါ ကေအိုင်အိုနှင့် နအဖအကြား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ သဘောတူညီမှု မရရှိဘဲ စစ်ရေးတင်းမာမှုများ ရှိနေချိန်တွင် စိုက်ပျိုးရေးခြံအလုပ်သမားများအား နအဖစစ်တပ်က စစ်သင်တန်းပေးကာ လက်နက် တပ်ဆင်ပေးခြင်းဖြစ်သည်။

0 件のコメント:

コメントを投稿