Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/31

၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုင်ရာနိုင်ငံရေး ဆွေးနွေးပွဲ - (တိုကျို၊ ဂျပန်)

မှတ်တမ်းဓါတ်ပုံသို့  Click
၂၀၁၀ ခုနှစ် အောက်တိုဘာလ(၃၁)ရက်။


ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ဦးစီး ကျင်းပပြုလုပ်သည့် တရားမျှတမူမရှိသည့် အတုအယောင် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲကို တိုကျို Takadanobaba, Recycle Center 4 F, မှာ နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

နအဖ စစ်အုပ်စုမှ ကျင်းပမည်ဆိုသော၂ဝ၁ဝ ရွေးကောက်ပွဲအား ဘာကြောင့် လက်မခံ ဆန့်ကျင် ကန့်ကွက်ရသည့်အကြောင်းကို၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၀င် ကိုယ်စားလှယ် များနှင့်အတူ ဂျပန်နိုင်ငံရောက် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် ဆရာတော် အရှင်ထာဝရ မှလည်းပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

ယနေ့ ဆွေးနွေးပွဲမှာ တိုင်းပြည်နဲ့ လူမျိုးကို ထာဝရစစ်ကျွန်ပြုမည့် စစ်အာဏာရှင် စနစ်ကို တရားဝင် အုပ်ချုပ်ပိုင်ခွင့် ပေးရတော့မည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် လူတိုင်းမှာ တာဝန်ရှိပါတယ် မဲရုံသို့ မသွားဖို့ မဲမပေးဖို့ စည်းရုံးလုပ်ဆောင်သွားမှာ ဖြစ်ပြီး မဲမပေးခြင်းဟာလည်း မိမိတို့ရဲ့ အခွင့်အရေးကို အသုံးချပြီး ဒီမိုကရေစီရေးနှင့် အမျိုးသားရေး တာဝန်ကို ထမ်းဆောင်ကြဖို့ အချိန်ကျရောက်ပြီ ဖြစ်တယ် ၊အကြောင်း အမျိုးမျိုးကြောင့် အနေအထားအရ မဲမပေးပဲ နေလို့မရတဲ့ လူတွေအတွက်တော့ ပယ်မဲဖြစ်အောင် ပြုလုပ်ကြဖို့ကို ဆွေးနွေးသွားခဲ့ကြပါသည်။ ရွေးကောက်ပွဲ အလွန်မှာ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်တဲ့ ကလေးမြို့ ကြေငြာစာတမ်း ဒုတိယ ပင်လုံခေါ်ယူဖို့ ကြိုးပမ်းချက်တွေမှာ ပြည်ပမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေ ၀ိုင်းဝန်း ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းသွား မည်ဖြစ်ပါသည်။ ဆွေးနွေးပုံ အသေးစိတ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ကာ YouTube, Internet TV အစရှိသည့် ဆက်သွယ်ရေး နည်းလမ်းများဖြင့် မြန်မာနိုင်ငံ ပြည်တွင်းသို့၎င်း၊ အခြားနိုင်ငံ အရပ်ရပ်သို့၎င်း ဖြန့်ချိပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

0 件のコメント:

コメントを投稿