Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/20

၂၀၁၀ ကြို တင်မဲပေးခွင့် ကန့် ကွက်ဆန္ဒပြ ပွဲ (တိုကျို) တွင်ကျင်ပ




၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၉)ရက်။


ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa အရပ်ရှိ နအဖ (မြန်မာသံရုံး) စစ်အခွန်ရုံး မှပြုလုပ်သော၂၀၁၀-အတုအယောင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ကောက်ခံနေခြင်းကို ယနေ့ နံနက် ၈း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ ပြုလုပ်ခဲ့ရာမှာ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများမှ စစ်ကျွန်အဖြစ် ရောက်စေမည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် သွားရောက် ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါသည်။

ဂျပန်မှာ မြန်မာနိုင်ငံသား တရားဝင် မဲ့ပေးနိုင်သူမှာ သောင်နှင်ချီ ရှိသော်လည်း စစ်အုပ်စု အသိုင်း အဝိုင်း နှင့် နီးစပ်သူ ၉၀ ၀န်းကျင်ခန့်သာ လာရောက်မဲ့ပေးခဲ့ကြကြောင်း တွေ့ရပါသည်။ ဆန္ဒပြခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုတွေဘက်မှ ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံအား စစ်ကျွန်အဖြစ် ရောက်စေမည့် လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့ခြင်းမရှိဟူသော မိမိတို့၏ သမိုင်းကို ခိုင်ခိုင်မာပြတ်ပြတ်သားသား ရေးရတော့မည့် ဖြစ်သည့်အတွက် “ ဒါဖတ်ပြီးရင် လွတ်လပ်စွာဆုံးဖြတ်ပါ ” လက်ကမ်းစာစောင်ကို မဲလာရောက်ထည့်ခဲ့ ကြသည့် မြန်မာနိုင်ငံသားများအား သံရုံး အ၀င်ဝမှာ ဖြန့်ဝေခဲ့ကြပါသည်။


0 件のコメント:

コメントを投稿