Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/21

မြန်မာရွေးကောက်ပွဲ ဆန့် ကျင်ကော်မတီ (ဂျပန်) မှ ကုလသမဂ္ဂအား မြန်မာ အရေးနှင့်ပတ်သက်ပြီးထိရောက်စွာ အရေးယူရန်တိုက်တွန်း







၂၀၁၀ ခုနှစ် အောက်တိုဘာလ(၂၀)ရက်။


ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားများတို့မှ နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ကုလသမဂ္ဂမှ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တိုက်တွန်းတောင်းဆိုသည့် အခမ်းအနားကို တိုကျို Shibuya အရပ်ရှိ ကုလသမဂ္ဂရုံး ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၃၀ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ယနေ့အခမ်းမှာ အဖွဲ့အစည်း ၃၀ တို့မှ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသော ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)တို့မှ တညီတညွတ်တည်း စစ်ကျွန်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံ ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး မလွှတ်သေးပဲ နအဖ စစ်တပ်မှ တဖက်သတ် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ကုလသမဂ္ဂအနေဖြင့် အသိအမှတ်မပြုရန်နှင့် ပိုမိုပြီး ထိရောက်သည့် ဖိအားပေးမှုများ ပြုလုပ်ပေးရန်နှင့် လူသားမျိုးနွယ် များအပေါ် ကျုးလွန်သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးမှာ ဦးဆောင်ပေးဖို့ စသည့်အချက်များပါ တိုက်တွန်း တောင်းဆိုခဲ့ကြပါသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့မည့် တိုက်တွန်းတောင်းဆိုသည့် စာကို ဂျပန်ရှိ ကုလသမဂ္ဂ ရုံးတာဝန်ခံမှ လက်ခံရယူခဲ့ပါသည်။ ယနေ့ တိုက်တွန်းတောင်းဆိုသည့် အခမ်းအနားတွင် ဂျပန်ရောက် အင်းအားစု ၁၀၀ ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
သတင်းကူးယူ ။ ။PNS(Japan)
မှတ်တမ်းဓါတ်ပုံ။ ။မိုးမင်းသူ KNU (Japan)

0 件のコメント:

コメントを投稿