Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/25

ဂျပန်နိုင်ငံရှိ ရွေးကောက်ပွဲ ဆန့် ကျင်ရေးအဖွဲ့  ညှိနှိင်းအစည်းအဝေး



၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ ရှေ့ လုပ်ငန်းစဉ်များ အတွက် ညှိနှိုင်းဆွေးနွေသည့် အခမ်းအနားကို အောက်တိုဘာလ(၂၄)ရက် (တနင်္ဂနွေနေ့) Takadanobaba, Recycle Center,4F ၌ ယနေ့ နံနက် ၁၀း၀၀ မှ ၁၂း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ညှိနှိုင်းစည်းဝေးတွင် ပြည်တွင်း လှုပ်ရှားမှုတွေကို ထိရောက်သည့် ကူညီပံ့ပိုးမှုကိစ္စရပ်များတို့ကို ပြုလုပ် အကောင်ထည်ဖေါ် ဆောင်ရွက်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ ဆက်လက်ပြီး ရှေ့ဆက် လှုပ်ရှားဆောင်ရွက် သွားကြမည့် လှုပ်ရှားမှု လုပ်ငန်းစဉ်များမှာလာမည့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဂျပန် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဂျပန်လွှတ်တော်ကိုပတ်ပြီး ဂျပန် လွှတ်တော် အမတ်များအားလုံးသိအောင် ၂၀၁၀ ရွေးကောက်ပွဲ လက်မခံသည့် ချီတက် လှမ်းလျောက်ဆန္ဒပြပွဲ အစီအစဉ်နှင့် အောက်တိုဘာလ ( ၆ ရက်. ၇ ရက်)နေ့ နအဖ အခွန်ရုံးရှေ့ ကျင်းပသွားမည့် ဆန္ဒပြ အစီအစဉ်များတို့ကို ညှိနှိုင်း ဆုံးဖြတ် ခဲ့ကြပါသည်။ အဆိုပါ ရက်ကြီးများသည် ရွေးကောက်ပွဲ ဆန့် ကျင်ရေး အတွက် သီးခြားအစီအစဉ်ဖြစ်သည့် အတွက်ကြောင့် ဒီမိုကရေးစီအရေး လှုပ်ရှားသူ များ အားလုံးပူပေါင်းပါဝင်ကြရန်လည်အထူတိုက်တွန်းပြောကြားသွားပါသည်။


သတင်းမှတ်တမ်း။ ။ မိုးမင်းသူ KNU (Japan)
မှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU (Japan)

0 件のコメント:

コメントを投稿