

"မဲမပေးဘဲ နေနိုင်တယ်" ................................. I vote (မဲပေးမယ်)
“I vote (မဲပေးမယ်)” အုပ်စု ပေါ်ထွက်လာတာဟာ မိမိတို့အတွက် ပိုပြီး အားကောင်းသွားစေတယ်လို့ "မဲမပေးဘဲ နေနိုင်တယ်" အုပ်စုဝင် တဦးက ဆိုပါတယ်။
“ကျနော်တို့ မဲမပေးဘဲနေနိုင်တယ် တီရှပ် '' တွေ ၀တ်ပြီး မြို့ထဲသွားရင်လာရင် လူတွေက ၀ိုင်းကြည့်ကြတယ်။ သူငယ် ချင်းတချို့ကို ပေးဝတ်တာ သူတို့ ၀တ်ဖို့ စိုးရွံ့နေကြသေးတယ်။ ကျနော်တို့က ရှင်းပြရတယ်။ ဒါဟာ ဥပဒေကိုချိုးဖောက်တာ မဟုတ်ဘူး။ အစိုးရကိုယ်တိုင်ပြဌာန်းထားတဲ့ ဥပဒေပါစာသားကိုပဲ တံဆိပ်ရိုက်ထားတာ။ ဖမ်းဆီးပိုင်ခွင့်မရှိဘူးဆိုပြီး ရှင်းပြရတယ်။ I vote အဖွဲ့က အခုလို ၀တ်ပြီးထွက်လာတော့ မဲမပေးဘဲနေနိုင်တယ် တီရှပ်ကို ၀တ်ဖို့ လူတွေမှာ စိုးရိမ်စိတ်တွေ မရှိကြတော့ဘူး"လို့ သူက ပြောပါတယ်။ လူတွေရဲ့ စိုးရိမ်စိတ်ကို ဖယ်ရှားပေးလိုက်တာဟာ I vote အဖွဲ့ရဲ့ တန်ပြန် လှုပ်ရှားမှုပဲ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပြပါတယ်။
“ကျနော်တို့ကို ဖမ်းဆီးလို့မရဘူး။ မရတဲ့အတွက် သူတို့ တန်ပြန်လှုပ်ရှားမှုပဲ လုပ်နိုင်တယ်ဆိုတာကို လူတွေ သိသွားကြပြီ။ သိသွားတဲ့ အတွက် ကျနော်တို့ သူငယ်ချင်းတွေဆိုရင် သူတို့လည်း ၀တ်မယ်ပေးပါဆိုပြီး လာတောင်းလာကြပြီ"လို့ သူက ဆိုပါတယ်။
မဲမပေးဘဲနေနိုင်တယ် တီရှပ်တွေကို လူငယ်တစုက သူတို့ကိုယ်ပိုင် ငွေကြေးနဲ့ စာသား ရိုက်နှိပ်ဝတ်ဆင် နေကြတာဖြစ်ပြီး လိုလားသူတွေကို ပေးဝေဖို့ဆိုရင်တော့ အလှူရှင်တွေ ရှိမှ ဖြစ်ပါလိမ့်မယ်လို့ သိရပါတယ်။
0 件のコメント:
コメントを投稿