Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/10/03

၂၀၁၀ ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုရေး ဂျပန်လွတ်တော် အမတ်ကို တင်ပြ။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာ့ရေးရာရုံး စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင်များသည် မြန်မာ့အရေးအား ကူညီထောက်ပံ့ပေးနေသော ဂျပန်အမတ်များ သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ) Mr.Azuma KONNO နှင့် မြန်မာ့အရေးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ စစ်အစိုးရက ဦးစီးကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ခြင်းမရှိခြင်းမှာ စစ်အစိုးရသည် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် တည်ထောင်ခြင်း မဟုတ်ကြောင်း စစ်အာဏာရှင်စနစ်အား တည်ထောင်ခြင်းကြောင့် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် တိုင်းရင်းသားအဖွဲ့များသည်လည်း စစ်အာဏာရှင်စနစ်အား ထောက်ခံကြသည့် အဖွဲ့အစည်းများဖြစ်သည်။ မထောက်ခံသည့် အဖွဲ့အစည်းများအား ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမရှိကြောင်း ထိုအပြင် ကချင် ကယား ကရင်နှင့် မွန်ပြည်နယ် ၀ ဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်ကြေညာခဲ့သည်။ ထိုကြောင့် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမ၀င်သဖြင့် ဂျပန်အစိုးရမှ အသိမှတ် မပြုရန် ဂျပန်အမတ် သမဂ္ဂများမှတဆင့် တင်ပြရန် ဆွေးနွေးခဲ့သည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိလာပြီး ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ခြင်းကို အားပေးရန် ဂျပန်အမတ်နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဆွေးနွေးသွာသော ဦးဟန်ညောင်ဝေ နှင့် Victor Biak Lian တို့၏ ပေါ်လစီသည် ပြည်တွင်းရှိ တိုင်းရင်းသားများနှင့် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း AUN-Japan ၏ ပေါ်လစီ မဟုတ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

စစ်အစိုးရ၏ စစ်အာဏာရှင် တည်ဆောက်မှုအား နယ်စပ်ဒေသရှိ မြန်မာနိုင်ငံ အမျိုးကောင်စီ (NCUB)၏ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတည်ဆောက်မှုလမ်းစဉ်ဖြင့် နိုင်ငံတကာမှ အသိအမှတ်ပြုလာရန် ယှဉ်ပြိုင်သွားမည့် ဖြစ်သည့် ပေါ်လစီအား ဆွေးနွေးတင်ပြခဲ့သည်။ စစ်အာဏာရှင်စနစ်ကို ပိုမိုသက်ဆိုးရှည်စေရန် ကူညီထောက်ပံ့နေသော တရုတ်အစိုးရ၏ ပေါ်လစီများအား ဒီမိုကရေစီ အင်အားစုများမှ ကန့်ကွက် နေကြောင်းကိုလည်း တင်ပြခဲ့သည်။

အမတ်သမဂ္ဂ အနေဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာကို ဂျပန်အစိုးရမှ ပိုမိုနားလည်ပြီး ဒီမိုကရေစီ အင်အားစုများကို ပိုမိုထောက်ခံလာရန် နိုင်ငံခြားရေးဌာန အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)

0 件のコメント:

コメントを投稿