Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/26

ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြည်တော်ပြန်ခြင်း – Saya Gyi Han visits native place

ရန်ကုန်မြို့မှ ပေးစာ
အောက်တိုဘာ ၂၅၊ ၂၀၁၁
photo: Moe Kyaw Lwin/The VOICE
၂၀၁၁ ရွေးကောက်ပွဲမျက်နှာပန်းလှရေး ပြည်ပတွင် အထူး ၀ါယမစိုက်ခဲ့သူ ဦးဟန်ယောင်ဝေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု Messenger ဂျာနယ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်

ဒီကနေ့ ဖေါ်ဝပ်မေးလ်နဲ့ ရောက်လာတဲ့ စာတစောင် က စိတ်ဝင်စားစရာမို့ မျှဝေချင်တဲ့စိတ် အခြေခံနဲ့ ဒီစာစုကို ရေးပါတယ်။
NCUB – ဥရောပ ကိုယ်စားလှယ် ဦးနွယ်အောင် က သူတက်ခွင့်ရခဲ့တဲ့ Towards Peace and Democracy in Burma, European Parliament, Brussels, 05 October 2010 ကွန်ဖရင့်မှာ အခု ရန်ကုန် ရောက်နေတဲ့ Euro-Burma-Office (EBO)က ဦးဟန်ယောင်ဝေ ပြောခဲ့တာတွေ ကဟောသလို ပါဆိုပြီး ဥရောပ ပါလီမန်အဖွဲ့ဆီ လှမ်းရေးထားတဲ့ စာခင်ဗျ။ အကျဉ်းချုပ်ပြောရရင် ဦးဟန်ယောင်ဝေက
1) EU sanctions on Burma do not bring any solution to Burma in last 20 years, so that EU Policy on Burma should be reviewed
အီးယူ ပိတ်ဆို့အရေးယူမှုတွေ နှစ် ၂၀ သာကြာရော ဘာမှဖြစ်မလာတာမို့ ပြန်သုံးသပ်သင့်ကြောင်း။
2) The European Parliament should engage with the new government in Burma in light of the 2010 elections
အီးယူ ပါလီမန် အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်တွေနဲ့တက်လာတဲ့ မြန်မာအစိုးရသစ်နဲ့ လက်တွဲ သင့်ကြောင်း
3) The election laws of the 2010 elections are exactly the same of that of the 1990 elections, so why the 2010 elections should be boycotted since the 1990 elections had not been boycotted
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ တွေဟာ ၁၉၉၀ ရွေးကောက်ပွဲ ဥပဒေနဲ့ တသွေမတိမ်း တူပါလျက် ၊ ၁၉၉၀ ရွေးကောက်ပွဲ ကိုတော့ လက်ခံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုတော့ ဘာကြောင့် သပိတ်မှောက် ရမှာပါလဲ။
4) Boycotting 2010 elections by the NLD is a ‘ strategic mistake ‘ of the NLD
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာ ကတော့ NLD ရဲ့ တလွဲဗျူဟာ သာဖြစ်ကြောင်း။
5) Re establishment of UN Commission of Inquiry to investigate crimes in Burma, Harn Yawnghwe suggested that General Tin Oo (former Chief-of-Defense at Ne Win’s era, at present Vice-Chairman U Tin Oo of the NLD in Burma) should be the first person to be investigated due to his ‘ 4-cut strategy’ towards ethnic minorities in the 1960s
ပြန်လည် ဖွဲ့စည်းထားတဲ့ ကုလစုံစမ်းစစ်ဆေးမှု ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်တော့မယ် ဆိုရင်.. ဦးနေ၀င်းခေတ်မှာ ကာကွယ်ရေး ဦးစီးချုပ် လုပ်ခဲ့တဲ့ ဗိုလ်ချုပ် ကြီးတင်ဦး၊ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး အနေနဲ့ သူ့လက်ထက်၊ ၁၉၆၀ ခုနှစ် များဆီက တိုင်းရင်းသားတွေကို ဖြတ်လေးဖြတ်နဲ့ နှိပ်ကွပ်ခဲ့တာကို အရင်ဆုံး စစ်ဆေးသင့်ကြောင်း ဦးဟန်ယောင်ဝေက တင်ပြခဲ့ပါကြောင်း။
ကိုင်း အချုပ်ကတော့ အဲဒါပါဘဲခင်ဗျား။ အတော်တော့ ဟုတ်နေပါပြီ။ ဦးတင်ဦးကို ဖြတ်လေးဖြတ် ဆိုရင်.. ဦးသန်းရွှေတို့ ..သီဟသူရတင်အောင်မြင့်ဦးတို့ အပါအ၀င် လက်ရှိ အစိုးရအဖွဲ့ဝင်တွေ ဘာတွေ ကျူးလွန် ခဲ့ကြသလဲ ဆိုတာတွေ စုံစမ်း စစ်ဆေးရာမှာ ချန်ခဲ့လို့ဖြစ်ပါ့မလား..။ ဦးဟန်ယောင်ဝေ ခမြာ..ဒါကိုတော့ ထည့် မပြောဝံ့ရှာဘူးလေ.. ။
ဘယ်ဖြစ်မတုန်း.. ရွေးကောက်ပွဲကို ထောက်ခံခဲ့သူကြီး တယောက်အဖို့ ဦးသန်းရွှေနဲ့ အပေါင်းပါများကို သွား ရန်လုပ်လို့ဘယ်ဖြစ်မလဲလေ ။ တလှေထဲစီး သူများပေဘဲ။
NDF ပါတီကို ရွေးကောက်ပွဲရန်ပုံငွေထုတ်ပေးခဲ့သူ ကလဲ ဦးဟန်ယောင်ဝေ ဖြစ်ပါကြောင်း တဲ့ခင်ဗျ ဟိုက သည်က ကြားလာတာလေးကလေ။
အံ့သြော သွားသလားခင်ဗျ.. ကျန်နေပါသေး.. သူလာမယ်ဆိုတာ ကို The Voice ဂျာနယ်က အရင် သိသဗျား။ မဆန်းပါဘူး အဲဒီ ဂျာနယ် ပိုင်ရှင် က ရွေးကောက်ပွဲ ဂုရုကြီး အလုပ်ကောင်းလို့ တပြည်လုံး နီးပါး ချဉ်ဖတ်အဖြစ် ကြီးဖြစ်သွားခဲ့ရတဲ့ ဒေါက်တာ နေ၀င်းမောင် ဖြစ်သကိုး။
ခုလောက်ဆိုရင် ဘယ်ယုန်မြင်လို့ ဘယ်ချုံထွင်ဖို့ ဆြာကြီး ဟန်ယောင်ဝေ ရောက်လာတယ်ဆိုတာ ရိပ်စား မိနိုင်လောက်ရဲ့..။
သူကဘဲ ဒေါ်စုနဲ့ တွေ့ခွင့် တောင်းသတဲ့။ ဟိုက သဘောကောင်း၊ သူ့အဖေအတိုင်း ရန်သူကိုတောင် တိုင်းပြည် ကောင်းဖို့ဆို အပစ်အနာ ဖယ်ထားပြီး လက်ဆွဲ နှုတ်ဆက်ရဲတဲ့ အာဂ နိုင်ငံ့သမီးကောင်း
ပွဲကြီးပွဲကောင်း တော့ ကြည့်ကြသေးတာပေါ့ဗျား……။
ဦးကေတီအေ
သတင်းရင်းမြစ် - မိုးမခ
စာကို ကလစ်ပြီး ဖတ်နိုင်သလို တချို့ အရေးပါတဲ့ အချက်တွေကိုတော့ တတ်သလောက် ဘာသာပြန်ပြီး ရေးလိုက်တယ်။

0 件のコメント:

コメントを投稿