Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/31

ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု လ(၁၀၁)ပြည့် ၀မ်းနည်းခြင်းနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲ(ဂျပန်)





၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ကြပ်တည်းနေသော အခြေအနေမှ အမြန်ဆုံးလွှတ်မြောက်ရန်
အတွက် တွေ့ဆုံဆွေးနွေးရေးသည် မဖြစ်မနေ အမြန်ဆုံး လိုအပ်နေပါသည်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီပဲယင်း အရေးအခင်း ဖြစ်ရပ်မှန် ဖေါ်ထုတ် ပေးရန်နှင့် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံဆွေးနွေး မှု အမြန်ဆုံး ပေါ်ပေါက် စေရေးအတွက် လက်ရှိစစ်အစိုးရကို အစဉ်တစိုက် တောင်းဆို နေခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲနှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု များမှလည်း လစဉ်(၃၀)ရက် နေ့တိုင်းကျင်းပနေကြ  မြန်မာသံရုံးရှေ့ တွင် ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှု  လ(၁၀၁)ပြည့် ၀မ်းနည်းခြင်းနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ နိုင်ရေးအတွက် တောင်းဆို ဆန္ဒပြ ခဲ့ကြပါသည်။
ဆန္ဒပြပွဲအခမ်းအနားကို နေ့လည် ၃နာရီမှ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။.
သတင်းရင်းမြစ် ။ NLB(LA)JB

0 件のコメント:

コメントを投稿