Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/24

(RHQ)Refgees Head Quarter အကြိမ်(၃၂)မြောက် ချစ်ကြည်ရေးပွဲတော်


၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂၃)ရက်။


(RHQ)Refgees Head Quarter မှ ဦးစီးကျင်းပပြုလုပ်သည့် အကြိမ်(၃၂)မြောက် ဂျပန်တွင် အခြေချ နေထိုင်ကြသည့် ဒုက္ခသည်များ၏ ယဉ်ကျေးမှု ပဒေသာ ကပွဲအခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့  Shinjuku မြို့ နယ် Bunka Center Hall ၌ နေလည် ၁ နာရီမှ ညနေ ၅ နာရီအထိ အပိုင်း ၂ပိုင်းခွဲကာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ပွဲဖြစ်မြောက်ရေး စီစဉ်သူ အာရှလူမှုရေးနှင့် ပညာရေး ဖေါင်ဒေးရှင်း ဥက္ကဌ Mr.TAMISUKE Watanuki နှင့် Shinjuku မြို့နယ် အုပ်ချုပ်ရေးမှူး Ms. HIROKO Nakayama တို့မှ နှုတ်ခွန်းဆက် အဖွင့် အမှာစကား ပြောကြားပြီးနောက် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ နိုင်ငံခြားဆက်ဆံရေးဌာန လက်ထောက် ညွန်မှူး Mr. YOSHIYA Muto ၊ တရားရေး ၀န်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူး Mr. SHIGERU Takaya ၊ UNHCR ဂျပန်ကိုယ်စားလှယ် Mr. JAHAN Cels တို့မှ ဧည့်သည်တော်အဖြစ် နှုတ်ခွန်ဆက် အမှာစကား ပြောကြားခဲ့ကြပါသည်။
ဆက်လက်ပြီး သ၀ဏ်လွှာ ဖတ်ကြားခြင်း ဂျပန်နိုင်ငံတွင် အခြေချနေထိုင်ကြသည့် ဒုက္ခသည် များအတွက် အလုပ်အကိုင် ဖန်တီးအကူအညီ ပေးသည့် ဌာနများနှင့် ဒုက္ခသည် ကူညီ ထောက်ပံ့ သူများတို့ ကိုလည်း ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ် ချီးမြင့်ခဲ့ပါသည်။ ဂျပန်တွင် အခြေချ နေထိုင်သူများထဲမှ စံပြ အခြေချ နေထိုင်သူ ဒုက္ခသည် (၃)ဦးကိုလည်း ဂုဏ်ပြု လက်မှတ် ချီးမြင့်ခဲ့ပါသည်။

ဒုတိယပိုင်း အခမ်းအနားကို Musashino အလယ်တန်းနှင့် အထက်တန်း ကျောင်းသူများမှ ဘင်ခရာ တီးဝိုင်းဖြင့် တင်ဆက်ပြီး ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း AUN-Japan မှ မြန်မာနိုင်ငံတွင် ပြည်ထောင်စုသားများ စုပေါင်းညီညွတ်စွာ နေထိုင်ကြမည့် သရုပ်ဖော်အကကို တိုင်းရင်းသား လူမျိုးစုအသီးသီးတို့မှ ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ထိုနောက် ကမ္ဘောဒီယား ၊ လာအို ၊ဗီယက်နမ် နိုင်ငံအသီးသီးတို့ မှ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြစ် တင်ဆက် ဖျော်ဖြေသွားသည့်အပြင် " ကိုဘူရီနာ "ဆပ်ကပ်အဖွဲ့မှလည်း ကပြတင်ဆက် သွားပါသည်။
အာရှလူမှုရေးနှင့် ပညာရေးဖေါင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr.Shigeo Ishisaki မှ ကျေးဇူးတင် စကားပြောကြားပြီး “မွေးရပ်မြေကို သတိရတယ် ” FURUSATO ဂျပန်ရိုးရာ သီချင်းဖြင့် စုပေါင်းသီဆိုကြပြီး အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

0 件のコメント:

コメントを投稿