Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/05

မြစ်ဆုံအကြောင်း တရုတ်ထုတ်လွှင့်ချက် ဘာသာပြန်




(ဘလော့ဂ်တွေ၊ ဆိုရှယ်ကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ တရုတ်ဘာသာနဲ့ ပြောထားတဲ့Link ဒီရုပ်သံဖိုင်အကြောင်းကို မနိုင်နိုင်းစနေက ဘာသာပြန်ပေးထားတာကို တင်ပေးလိုက်ပါတယ်။)

ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် Phoenix Satellite Television Holdings Limited (ifeng)ရဲ Phoenix Tv(凤凰卫视) သတင်းဌာနကဖြစ်ပါတယ်။ ဒေါသတကြီး ထုတ်ပြန်ကြေညာနေတာ မဟုတ်ပါ။ သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်။

သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ်အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြားပါတယ်။

ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာစဉ်းစားသင့်တဲ့အကြောင်း၊ အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်လမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊ အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေက ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ထောက်ခံမှုကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလားချက်ကို ရယူချင်တယ် ... ဒါဟာ သူ့ကိစ္စပါ။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်။

မြန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန် အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်။
copy rights_http://www.irrawaddyblog.com/2011/10/blog-post_1830.html

0 件のコメント:

コメントを投稿