Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/06

ကချင်ပြည်နယ် အလယ်ပိုင်း စစ်ပွဲတွင် မြန်မာစစ်သား ၄၀ ကျ

soilder
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)ကြား ကချင်ပြည်နယ် အလယ်ပိုင်း၌  အောက်တိုဘာ ၄၊ အဂါင်္နေ့ တစ်ရက်တည်း ဖြစ်ပွားသော တိုက်ပွဲများတွင် အစိုးရစစ်သား (၄၀) ကျဆုံး ကြောင်း ဒေသခံများ ပြောသည်။
ဂျာအိန်ယန် ရွာအနီး KIA အရပ်သားတပ်ဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် ယင်းစစ်သားများ  သေဆုံးခဲ့ပြီး ၎င်းတို့၏ မိခင်တပ်ရင်းများ မသိရဟု ရွာသားများပြောသည်။

KIA အရပ်သား တပ်ဖွဲ့ဘက်မှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း အထက် KIA စစ်အရာရှိများ ပြောသည်။

KIA ထိန်းချုပ်သည့် ဂျာအိန်ယန်ရွာ ပတ်ဝန်းကျင်နှင့် ၎င်းနှင့် ဆက်စပ်နေသော ရှဒန်ပါ ဒေသတွင်  အစိုးရတပ်နှင့် KIA တပ်ကြား နေ့စဉ်လိုလို စစ်ပွဲများ ဖြစ်နေသည်မှာ ရက် တစ်ပတ် ကျော်လာသည်ဟု  ဒေသခံများ ပြောသည်။


လိုင်ဇာ ဗဟိုဌာနချုပ်မှ KIA အရာရှိများ ပြောဆိုချက်အရ ယခုတိုက်ပွဲဖြစ်ရာ ဒေသများသို့ ဧရာဝတီမြစ် (ကချင်လို မလိခနူ) ရေလမ်းကြောင်း အတိုင်း အမြန် စက်လှေများဖြင့် စစ်အင်အား ရာပေါင်းများစွာ ထိုးဖောက် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
jaingyang-myan
စစ်ဖြစ်ရာ ဒေသမှ အရှေ့ဘက် မိုင် ၂၀ကျော် တရုတ်နယ်စပ် အနီးတွင် KIA ဗဟိုဌာနချုပ်နှင့်  အမာခံစခန်း များဖြစ်ကြသည့် လိုင်ဇာ၊ အလဲန်ဘွမ်၊ ဖလပ်ဘွမ်၊ လိုင်စင်ဘွမ်နှင့် မိုင်ဂျာယန် များကို အခြေစိုက် ထားသည်။

ထို့ကြောင့် ယင်း KIA အမာခံစခန်းများကို တိုက်ခိုက် သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ စစ်အင်အား  ရာပေါင်းများစွာ အား ထိုဒေသသို့ ပို့ထားသည်ဟု လိုင်ဇာမှ KIA စစ်အရာရှိများ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ပြည်တွင်းစစ်ဖြစ်လာပြီးနောက် ကချင်ပြည်နယ်ရှိ အဓိက လမ်းမကြီး (၆) ခုကို KIA က ထိန်းချုပ် ထားဆဲဖြစ်သည်။  ယင်းလမ်းမများမှာ မြစ်ကြီးနား-ကန်ပိုင်တီလမ်း၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဗန်းမော်-လွယ်ဂျေလမ်း၊ ဗန်းမော်-ကိုင်ထိပ်-နမ့်ခမ်းလမ်း၊ မြစ်ကြီးနား-တနိုင်းလမ်းနှင့် မြစ်ကြီးနား-ဖားကန့် လမ်းများ ဖြစ်ကြသည်။

ယခုလို အဓိက လမ်းမများကို KIA တပ်များ ထိန်းချုပ် လိုက်ခြင်းကြောင့် အစိုးရ စစ်အင်အား အလုံးအရင်းဖြင့် KIA ဗဟိုဌာနချုပ်နှင့် အမာခံ စခန်းများအား တိုက်ခိုက် သိမ်းပိုက်ရန် ခက်ခဲစေသည်။

0 件のコメント:

コメントを投稿