မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
မြန်မာဖောင့်
ဆက်သွယ်ရန်
စာဖတ်ခန်း
ကြေငြာချက်
နှိုးဆော်ချက်
ဆောင်းပါး
ဂျာနယ်ကဏ္ဏ
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
2011/10/22
တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်။
ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီး၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့သို့ ယနေ့ ညနေ ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သည် စစ်မှန်သည့် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများ
ခိုင်မာသော ခြေလှမ်းများ လှမ်းခြင်း
မရှိသေးသည့်အပေါ် ဂျပန်အစိုးရ အနေဖြစ် သတိပြုမိဖို့နှင့် ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီးခံ နေကြရသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ဆက်ဖြစ်ပွါး နေသည့်အတွက်
ဝန်ကြီးအနေဖြင့် မြန်မာအစိုးရအား အထက်ဖော်ပြပါ ကိ
ိစ
္စနှစ်ရပ်ကို ပြတ်ပြတ် သားသားတောင်းဆို မှုပြုပေးရန် ကျွန်ုပ်တို့အနေဖြင့် မေတ္တာရပ်ခံပါသည်။
နှစ်ပေါင်း ၂၀ ကျော်ကြာအတွေ့အကြုံများအရ မြန်မာအစိုးရ အဆက်ဆက်သည် အပြောင်းအလဲ အနည်းငယ်မျှ ပြုလုပ်ပြကာ နိုင်ငံတကာ၏ ထောက်ခံ ပံ့ပိုးမှု ရရှိရန်နှင့် ၄င်းတို့ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် လုပ်ဆောင် အကောင်အထည် ဖော်လေ့ရှိသည်ကို ၀န်ကြီး အနေဖြင့် အထူး သတိထားရန် အသိပေးပါသည်။
ဂျပန်အစိုးရ အနေဖြင့် လက်ရှိ မြန်မာ အစိုးရသစ်အား
ပေးအပ်မယ့် ODA ခေါ်ဖွံ့ဖြိုးမှု အကူအညီနဲ့ ပတ်သက်ပြီး.......
ယခုလို
ပြန်လည် ပေးအပ်ရန် ဆုံးဖြတ်ခြင်းမှာ စောလွန်း အားကြီးသည်ဟု ကျွန်ုပ်တို့ မှတ်ယူသည်။ ဂျပန်အစိုးရက ထိုသို့အကူအညီပေးခြင်းကို ကျွန်ုပ်တို့အနေဖြင့် ပြင်းပြင်း ထန်ထန် ကန့်ကွက်သည့်အပြင် ODA
အကူအညီများ ပြန်လည် ပေးအပ်ပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် မလိုလားအပ်သော အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်လာပါက
ထိုအကျိုးဆက်များအတွက် ဂျပန်အစိုးရ တွင် တာဝန်ရှိသည်ဟု ကျွန်ုပ်တို့အနေဖြင့် ရှင်းလင်းစွာ ပြောဆိုလိုပါသည်။
အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်းစစ် ရပ်ဆဲပြီး အားလုံး ပါဝင်နိုင်သည့် တွေဆုံဆွေးရေး ဖြစ်ပေါ်လာဖို့အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲ စေချင်တယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသံ ဆန္ဒကို လေးစား နားထောင်ပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသွား ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
ဓါတ်ပုံ။ ။Moe Min Thu
0 件のコメント:
コメントを投稿
登録:
コメントの投稿 (Atom)
0 件のコメント:
コメントを投稿