Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/19

လက်ရှိ အစိုးရ လိမ်နေတယ်ဟု စစ်တွေ ရွှေဝါရောင်ကို ဦးဆောင်သူ အရှင် ဣဿရိယ ပြောကြား

images


လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသည် နိုင်ငံရေး အကျဉ်းသား အနည်းငယ်ကို လွှတ်ပေးပြီး တိုင်းပြည်ကို လိမ်လည်ရန် ကြိုးပမ်းနေသည်ဟု သူထင်မြင်ကြောင်း ဘူးသီးတောင်ထောင်ထဲမှ များမကြာမှီက လွှတ်မြောက် လာသူ အရှင် ဣဿရိယက ပြောကြားသည်။

ထောင်မှ လွှတ်လာပြီး များမကြာမှီ စစ်တွေ ရွေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ အရှင်ဣိသရိယအား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာတွင် အရှင် ဣဿရိယမှ သူ့အမြင်ကို ထိုသို့ ပွင့်ပွင့်လင်းလင်း ပြောကြား ခဲ့သည်။

" အရေးကြီးတဲ့ နိုင်ငံရေး သမားတွေ တစ်ဦး တစ်လေမှ အပ ကျန်တဲ့ ခေါင်းဆောင်တွေ လွှတ်မလာဘူး။ အသက်အရွယ်ကြီးရင့်နေတဲ့ ဗိုလ်ချုပ် ဆေထင်ကို လွှတ်ပေးတယ်။ ဒါပေမယ့် ဦးခွန်ထွန်းဦးကျတော့ လွှတ်မပေးဘူး။ ဆက်ဖမ်းထားတယ်။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တခြား ကျောင်းသား ခေါင်းဆောင်တွေကို ကျတော့ ဆက်ဖမ်းထားတယ်။ ဒါတွေကိုကြည့်ရင် တိုင်းပြည်ကို လိမ်ညာဖို့ ကြိုးစား နေတယ်လို့ဘဲ ဦးဇင်းမြင်ပါတယ်။"

၎င်းပြင် အရှင်ဣဿရိယက လွတ်မြောက်လာသူ အများစု နိုင်ငံရေး သမားများမှာ လွတ်ရက်စေ့ခါနီးသူများ ဖြစ်နေသဖြင့် ထိုနိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပြပြီး အစိုးရသည် တိုင်းပြည်ကို သာမက ကမ္ဘာ ပြည်သူများကိုပါ လိမ်လည်သည်ဟု သူက ဆက်ပြောကြားသည်။

" ဦးဇင်းက ၆ နှစ်နဲ့ ၈ လ ထောင်ထဲမှာ နေရမယ်။ အခု ၄ နှစ်နေပီးပီ။ ကျန်တာက ၂ နှစ်ကျော်ဘဲ ကျန်တယ်။ ဘာထူးလဲ။ ကျန်တဲ့ ၂ နှစ်ကျော်ကို ထောင်ထဲမှာ နေလိုက်ရင်ကော ဘာဖြစ်မလဲ။ အခုတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုပြီး ကျေညာတယ်။ အများစု လွှတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တွေက လွှတ်ရက် နီးနေတဲ့ သူတွေ များတယ်။ ဒါက တမင်ကို လိမ်ညာဖို့ ရည်ရွယ်ချက်နဲ့ ဟန်ပြ လုပ်နေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

လက်ရှိ အစိုးရမှ တကယ် စစ်မှန်သော စေတနာဖြင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း မဟုတ်သဖြင့် ယုံကြည်မူ တည်ဆောက်၍ မရနိုင်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား အများစုမှာ ထောင်ထဲတွင် ကျန်နေ သေးကြောင်း၊ ဆက်လက်ပြီး သူတို့ လွှတ်မြောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဟုလည်း သူက ဆက်ပြောသည်။

၎င်းပြင် ဘူးသီးတောင်ထောင်ထဲရှိ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ အခြေအနေကို မေးမြန်းကြည့်ရာ အရှင် ဣဿရိယက ယခုလို ဆိုသည်။

" ထောင်ထဲမှာ ကျန်းမာရေး အခြေအနေကို ပြောရရင် ကိုဌေးကြွယ်နဲ့ ဦးခွန်ထွန်းဦးနဲ့ အမူတွဲ ဦးထွန်းညိုရဲ့ အခြေအနေက တော်တော် ဆိုးရွားနေပါတယ်။ ဦးဌေးကြွယ်ရဲ့ ကျန်းမာရေး အခြေအနေ သိပ်မကောင်း ဖြစ်နေပါတယ်။ သူတို့ကို ဆေးတော့ ကုနေပါတယ်။ သူတို့ကို ထောင်အာဏာပိုင်တွေက လိုလေသေး မရှိ အောင်တော့ ဆေးကုသ ပေးနေပါတယ်။ ဒါပေမယ့် ထောင်တွင်း အခြေအနေက ကျန်းမာရေးနဲ့ မညီညွှတ်တော့ နေမကောင်း ဖြစ်နေပါတယ်" ဟု ပြောသည်။

ယခင် ထောင်မှူးကြီး ဦးစိန်ထွန်း လက်ထက်က ဘူးသီးတောင်ထောင် အခြေအနေမှာ အထူး ဆိုးရွားခဲ့ပြီး လက်ရှိ ထောင်မှူး လက်ထက်တွင် အခြေအနေ သိပ်မဆိုးကြောင်းနှင့် တိုးတက်မူများ ရှိကြောင်း ဦးဣဿရိယက ဆိုသည်။

အရှင် ဣဿရိယမှာ ယခုအခါ ရဟန်းပြန်တက်၍ သင်္ကန်းစည်းထားပြီး မိသား စုများ နေထိုင်ရာ မောင်းတောမြို့တွင် ခေတ္တ ရောက်ရှိနေသည်။ မပြီးဆုံးသေးသော ဒီမိုကရေစီတော်လှန်ရေးတွင် ဆက်လက် လူပ်ရှား ပါဝင်သွားမည် ဖြစ်ကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီ မရမချင်း နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ကျင်လည် လူပ်ရှား သွားမည်ဟု နိရဉ္စရာသို့ ဦးဇင်းက ပြောကြားသွားသည်။
copy rights_http://www.narinjara.com/detailsbur.asp?id=3545

0 件のコメント:

コメントを投稿