Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/02

၂၃ နှစ်ပြည့် NLD တည်ထောင်ခြင်းအခမ်းအနား တိုကျိုတွင် ကျင်းပပြုလုပ်

၂ဝ၁ဝခုနှစ် နိုဝင်ဘာလ (၂) ရက်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်ခြင်း (၂၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့တော် အီကဲဘူခုရို ရှိ Kenko Plaza 7 F ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ ဦးစီး၍ နံနက် ၁၀း၃၀ မှ စတင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယနေ့ ကျင်းပ ပြုလုပ်သည့် အခမ်းအနားတွင် ပထမပိုင်း အစီအစဉ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့၏ အလုပ်ကော်မတီ ပုံမှန် အစည်းဝေးကို ကျင်းပ ပြုလုပ် ပြီးသည့်နောက် ၂၃ နှစ်ပြည့်မြောက် NLD တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ဒုတိယပိုင်းတွင် ဆက်လက် ကျင်းပ ပြုလုပ် ခဲ့ကြပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးတို့မှ ၂၃ နှစ်မြောက် NLD တည်ထောင်ခြင်းအပေါ် အခက်ခဲ အကြပ်အတည်းများစွာ တို့ကို ကြံ့ကြံ့ခံပြီး ယနေ့ချိန်ထိ ဆက်လက် ရပ်တည် လုပ်ကိုင်ဆောင်ရွက်သည့်အပေါ် အမှာစကား ပြောကြားခဲ့ကြသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို အကြွင်းမဲ ယုံကြည်ထောက်ခံကြောင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်များပြီးဆုံး အောင်မြင်သည်ထိ လက်ရှိ သမတ ဦးသိန်းစိန် အစိုးရအဖွဲ့အား အမြန်ဆုံး အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုသည့် ကြေငြာချက်ကို တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်း အသီးသီးတို့မှ စုပေါင်း၍ မကြာမှီ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

0 件のコメント:

コメントを投稿