Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/24

(၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော် ဂျပန်တွင် ကျင်းပ

 
(၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှူး၍ ဒီကနေ့ စက်တင်ဘာ ၂၃ရက်၊၂၀၁၀ တနင်္ဂနွေ နေ့တွင် KIBA ပန်းခြံတွင် မနက် ၁၁း၀၀မှစတင်၍ ကျင်းပခဲ့ရာ မြန်မာရိုးရာ စားစရာရောင်းချသော ဆိုင်ခန်းများ၊ ခေတ်ပေါ် စင်တင်တေးဂီတ တီးဝိုင်းများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ပထမဦးစွာ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ သီတင်းကျွတ်ပွဲတော် ကျင်းပတဲ့ ရည်ရွယ်ချက် ရှင်းလင်း၍ သီတင်းကျွတ် ပွဲတော်အား ဖွင့်လှစ် ပေးခဲ့ပါတယ်။ ထို့နောက် တေးဂီတ ဖျော်ဖြေမှု အစီစဉ်အရ Power 88 Music Band၊ ရွှေသရ၀ဏ် အငြိမ့်၊ တေးချစ်သူများအဖွဲ့၊ မင်္ဂလာဒိုး အနုပညာအင်အားစု၊ I.Y.F တေးဂီတအဖွဲ့၊ Leack Of Freedom တေးဂီတ အဖွဲ့တို့ဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

ဆက်လက်၍ ၀၀၃၃ NTT(over seaPhoneCompany)မှ ကံစမ်းမဲ ဖောက်ပေးပြီးနောက် ပွဲတော်ကျင်းပ
ရေးကော်မတီ တာဝန်ခံ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး သီတင်း ကျွတ် ပွဲတော်အား ညနေ ၅း၀၀ရီတွင် အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ပါတယ်။ ယနေ့မြန်မာ၊ ဂျပန် ပရိတ်သတ် ၆၀၀ ကျော်ခန့် သီတင်းကျွတ် အလွမ်းပြေ လာရောက် အားပေးခဲ့ကြပါသည်။

သတင်းမှတ်တမ်း။    ။NLD(LA)JB 
သတင်းဓါတ်ပုံ ။    ။ Moe Min Thu

0 件のコメント:

コメントを投稿