Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/02

အေအေပီပီရဲ့ နိုင်ငံရေးအကျဉ်းသား သတ်မှတ်ချက်

.... သတင်းထုတ်ပြန်ချက်ရက်စွဲ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
(အေအေပီပီ) မှ ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြခြင်းဖြင့် လည်းကောင်း လက်နက်ကိုင် လမ်းစဉ်ဖြင့် လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေး ထောက်ပံ့ ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲ ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံ ထောင်အသီးသီး၊ ရဲဘက် စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသော မည်သူကိုမဆို နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ပါသည်။
အေအေပီပီမှ ပြုစုထားသော စာရင်းတွင် ထည့်သွင်း ဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည် နိုင်ငံရေးနှင့် သက်ဆိုင်ပြီး အကျဉ်းချ ခံထားရသူများ ဖြစ်ကြပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ တို့သည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားများ ရှိသည်ဆိုခြင်းကို ငြင်းဆန် ခဲ့ကြပါသည်။ ထိုသို့ပင် လက်ရှိ ဦးသိန်းစိန်၏ အစိုးရသစ်သည်လည်း ငြင်းဆန် နေဆဲဖြစ်ပါသည်။ ထို့အတွက် မတရားသည့် အုပ်ချုပ်မှုအား ဆန့်ကျင်သူများသည် ရာဇ၀တ်ပုဒ်မများနှင့် မတရားစွဲဆိုကာ ရာဇဝတ် အကျဉ်းသားများအဖြစ် သတ်မှတ် ခံနေရပါသည်။

ဥပမာအားဖြင့် အာဏာပိုင်များသည် ၄င်းတို့အား ဆန့်ကျင်သော နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းထောက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများနှင့် အလွှာအသီးသီးမှ ပြည်သူလူထုအား အခြေအမြစ် မရှိသော ရာဇဝတ်မှုများဖြင့် မတရား သက်သက် သိက္ခာချကာ တရားစွဲဆို ထောင်သွင်း အကျဉ်းချခဲ့ပါသည်။ ထို့အတွက် အေအေပီပီ မှ နိုင်ငံရေး အကျဉ်းသားများအဖြစ် သတ်မှတ်ရာတွင် ၄င်းတို့အားစွဲ ဆိုထားသော အမှုများထက် တစ်ဦးချင်းစီ၏ နိုင်ငံရေး လှုပ်ရှားများအပေါ် ခွဲခြားဆုံးဖြတ်ပါသည်။ ခြုံငုံ ပြောရမည်ဆိုလျှင် ၄င်းတို့ မည်သည့်အတွက်ကြောင့် အဖမ်းခံရသည် အကျဉ်းချ ခံရသည်ဆိုသည့် နိုင်ငံရေး လှုပ်ရှားမှု နောက်ခံအား ဦးစားပေး ဆုံးဖြတ်ပါသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် မကြာခင် သင့်တော်သည့် အချိန်တွင် အကျဉ်းသားများအား လွှတ်ပေးရန် ရှိပါသည်ဟု ပြောကြားပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ လွတ်လာမည်ဟူသော သတင်းများ ပြန့်နှံ့ လာပါသည်။ နိုင်ငံခြားရေး ၀န်ကြီး နိုင်ငံရေးအကျဉ်းသား စကားလုံးအား ထည့်သွင်းပြောဆို သွားခြင်းမရှိသော်လည်း လက်ရှိ ဦးသိန်းစိန်အစိုးရမှ အုပ်ချုပ်သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မည် ဆိုလျှင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေး ရမည်ဖြစ်ပြီး ၄င်းတို့အပေါ် မတရား ချမှတ်ထားသည့် ရာဇဝတ်မှု မှတ်တမ်းများကိုလည်း ပယ်ဖျက် ပေးရမည်ဖြစ်သည်။

အေအေပီပီ အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားကိုမဆို လွှတ်ပေးခြင်းအား ကြိုဆိုသော်လည်း လက်ရှိ အစိုးရသည်လည်း ပြည်သူလူထု၏ အခြေခံ လူ့အခွင့်အရေးများနှင့် နိုင်ငံသား အခွင့်အရေးများအား အသိအမှတ် မပြုရုံမျှမက ထိုအခွင့်အရေးများအတွက် လုပ်ဆောင်သူများ၊ တောင်းဆို သူများအား ဖမ်းဆီးကာ ရာဇဝတ်မှုများနှင့် စွဲဆို အကျဉ်းချ နေဆဲဖြစ်သောကြောင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် သာမန် ပြည်သူလူထုသည် ဖမ်းဆီး ခံရမည့်အရေး၊ အကျဉ်းချခံရမည့် အရေးများနှင့် ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။

ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည် လက်ခံမှုကို ရယူလိုလျှင် အမှန်တကယ် စစ်မှန်သော နိုင်ငံရေး ပြောင်းလဲမှုများအား ဖော်ဆောင်ကာ မကြာတော့မည့် အနာဂတ် ကာလတွင် စိတ်ရင်း စေတနာမှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အား ထုတ်ပြန်ရပါမည်။

မှတ်ချက် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတို့အား အထောက်အကူ ဖြစ်စေရေးအတွက် အေအေပီပီ အနေဖြင့် လက်နက်ကိုင် တော်လှန် ရေးတွင်ပါဝင်သူများနှင့် ရာဇ၀တ် ပုဒ်မများနှင့် တမင်သိက္ခာချ စွဲချက်တင်ခံရသူ နိုင်ငံရေး လှုပ်ရှားသူများ အားပေး ကူညီများအား နိုင်ငံရေး အကျဉ်းသားများမဟုတ်ဟု ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။ အေအေပီပီ အနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုကြောင့် ထောင်သွင်း အကျဉ်းချခံရသူများ အားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများအား သိက္ခာချရာတွင် (သို့) နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီး ထိန်းသိမ်းရာတွင် အသုံးများသည့် ဥပဒေများ – မှတ်ချက်။ ။ လက်လှမ်း မီသလောက် ပြုစုထားခြင်း ဖြစ်ပါသည်။
ယခုဇယားထဲတွင် မပါသည့် ပုဒ်မျများနှင့် အကျဉ်းချခံထားရသည့် နိုင်ငံရေး အကျဉ်းသားများလည်း ရှိနိုင်ပါသည်။

ဥပဒေ ပုဒ်မ စွဲဆိုချက်များ အမြင့်ဆုံး ထောင်ဒဏ်ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၁၂၁၊ ၁၂၂(၁)၊ ၁၂၂(၂)
နိုင်ငံတော် သစ္စာ ဖောက်ဖျက် ပုန်ကန်ခြင်း၊ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ နိုင်ငံတော် သစ္စာ ဖောက်ဖျက် ပုန်ကန်မှု
ပြစ်ဒဏ်။
သေဒဏ် (သို့) တစ်သက် တစ်ကျွန်း ထောင်ဒဏ် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၁၂၄၊ ၁၂၄(က)၊ ၁၂၄(ခ)
နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးနှင့် ပတ်သက်၍ ထိန်ချန်ထားခြင်း၊ အကြည်ညို ပျက်အောင် ပြုခြင်း၊ ပြည်ထောင်စု နိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်း အဖွဲ့ကိုဖြစ်စေ အနိုင်အထက် ဖြိုဖျက်စေရန် နှိုးဆော်ခြင်း။
ထောင်ဒဏ် နှစ်၊ တစ်သက်တစ်ကျွန်း နှစ်

ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၁၄၃-၁၄၆
ဥပဒေနှင့် ဆန့်ကျင်သော စုဝေးခြင်းဆိုင်ရာ ပုဒ်မများ
ထောင်ဒဏ် နှစ်

ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၂၉၅၊ ၂၉၅(က)
လူတစု ကိုးကွယ်သည့် ဘာသာ၊ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ် ဝတ်ပြုသည့်နေရာကို ဖျက်ဆီးခြင်း သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း။
ထောင်ဒဏ် နှစ်

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၅၀၅(ခ)
အများပြည်သူ၏ အကျိုးပျက်စီး စေမှုကို ဖြစ်ပေါ်သော ဖေါ်ပြချက်။
ထောင်ဒဏ် နှစ်

၁၉၀၈ မတရား အသင်းအက် ဥပဒေ ၁၇(၁)၊ ၁၇(၂)
မည်သည်မဆို မတရား အသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်း မဟုတ် ယင်းအသင်း၏ အစည်းအဝေး၌ ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်၊ ရယူ၊ တောင်းခံလျှင် သို့တည်းမဟုတ် တနည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင် ဆောင်ရွက်ရာတွင် ကူညီလျှင်။
ထောင်ဒဏ် နှစ်၊ နှစ်

၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်သည့်  ဥပဒေ ၁၀(က)၊ ၁၀(ခ)
နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ထိပါးစေသူ မည်သူမဆိုကို တရားရုံး အမိန့်ချမှတ်ခြင်းမရှိပဲ နေအိမ် အကျယ်ချုပ် အဖြစ် ထိန်းသိမ်းထားခြင်း။
နှစ်၊ နောက်ပိုင်း ထပ်တိုးနိုင်
၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေ ၅(ဃ)၊ ၅(ခ)၊ ၅(ည)
အများပြည်သူတို့အား (သို့) ပြည်သူတစ်စုအား အထိတ်တလန့် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခု လုပ်လျှင်
(သို့) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသော အမှုကိုပြုလျှင်- မမှန်ဟု သိလျှက်နှင့် (သို့) မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိလျှက်နှင့် မမှန် သတင်း လွှင့်ရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင်
(သို့) ယင်းသို့ဖြစ်ရန် အကြောင်းရှိသော အမှုကိုပြုလျှင် ပြည်ထောင်စု၏ လုံခြုံရေးကို သော်လည်းကောင်း ငြိမ်ဝပ်ပိပြားမှု ပြည်လည်ထူထောင်ရေးကို သော်လည်းကောင်း ထိခိုက်စေရန် အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ (သို့) ပြည်သူတစ်စု၏ ကိုယ်ကျင့် တရားကိုဖြစ်စေ၊ အပြုအမူကို ဖြစ်စေ ဖေါက်လဲ ဖေါက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခု လုပ်လျှင်
(သို့) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျှင်-
ထောင်ဒဏ် နှစ်

၂၀၀၄ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)၊ ၃၃(ခ)၊ ၃၈
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာများကို အသုံးပြု၍ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေသော အမှုပြုခြင်း၊ နိုင်ငံတော် လုံခြုံရေးနှင့်ပတ်သက်သော သတင်း အချက်အလက် များ ပေးပို့ခြင်း၊ လက္ခံရယူခြင်း (သို့) ကြိုးပမ်းခြင်း၊
ထောင်ဒဏ် ၁၅ နှစ်

၁၉၈၈ အသင်းအပင်း ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ၆/၈၈ ၅၊ ၆၊ ၇ ၁၉၈၈
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တရားဝင် မှတ်ပုံတင်ခြင်း မရှိသော အဖွဲ့အစည်း ဖွဲ့စည်းခြင်း၊ မတည်မငြိမ် ဖြစ်စေခြင်း၊ အဖွဲ့အစည်းဝင် ဖြစ်ခြင်းတို့မှ တားမြစ်သော ဥပဒေ။
ထောင်ဒဏ် ၅ နှစ်

၁၉၉၆ ခုနှစ် အမျိုးသားညီလာခံ အား နှောက်ယှက် ဖျက်ဆီးခြင်းမှ ကာကွယ် ဟန့်တားသည့် ဥပဒေ ၅/၉၆ ၃၊ ၄၊ ၅၊ ၆
အမျိုးသား ညီလာခံကို နှောက်ယှက် ဖျက်ဆီးခြင်းမှ ကာကွယ် ဟန့်တားသည့် ဥပဒေ။
ထောင်ဒဏ် ၂၀ နှစ်

၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ၁၇/၂၀
ပုံနှိပ် စာအုပ် စာတမ်းအားလုံး မဖြန့်ဝေခင် စာပေ စီစစ်ရေးအဖွဲ့ကို တင်ပြရမည်။
ထောင်ဒဏ် နှစ်

၁၉၂၃ လျှို့ဝှက် လုပ်ငန်း ဥပဒေ ၃
ရန်သူကို အကျိုးဖြစ်စေသော သတင်းအချက် အလက်များကို ဖြန့်ဝေသူ မည်သူမဆို
ထောင်ဒဏ် ၁၄ နှစ်

၁၉၉၆ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ၃၂(ခ)
စီစစ်ရေးမှ ခွင့်ပြုချက်မရဘဲ မိတ္တူကူးပွါးခြင်း၊ ဖြန့်ဖြူးခြင်း၊ ငှားရမ်းခြင်း နှင့် ပြသခြင်း စသည်တို့ကို ပြုလုပ်ခြင်း။
ထောင်ဒဏ် နှစ်

၁၉၄၇ခုနှစ် ပြည်သူလူထု ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်း သည့်အက်ဥပဒေ
ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းခြင်းဆိုင်ရာများ
ထောင်ဒဏ် နှစ်

၁၈၇၈ လက်နက် အက်ဥပဒေ
လိုင်စင်မဲ့ လက်နက်များ ထုတ်လုပ်ခြင်း၊ လက်ဝယ် ကိုင်ဆောင်၊ ရောင်းဝယ်၊ အသုံးပြုခြင်း ဆိုင်ရာ ဥပဒေ
ထောင်ဒဏ် နှစ်

၁၉၄၇ ခုနှစ် ပြည်သူပိုင် ပစ္စည်း ကာကွယ်မှု အက်ဥပဒေ
မြန်မာနိုင်ငံ ပြင်ပအပါအ၀င် ပြည်သူပိုင် ပစ္စည်းများအား ခွင့်ပြုချက် မရှိပဲ ရယူ အသုံးပြုခြင်းနှင့် ဆိုင်ရာများ
ထောင်ဒဏ် နှစ်

၁၉၃၁ ခုနှစ် ပုံနှိပ်လုပ်ငန်း၊ စာနယ်ဇင်းနှင့် ရေဒီယို ရုပ်မြင် သံကြား၊ သတင်းဌာန အက် ဥပဒေ(အရေးပေါ် အာဏာများ) ပုဒ်မ-၁၇
တရားဝင် ခွင့်ပြုထားခြင်း မရှိသည့် သတင်းစာ၊ သတင်းလွှာများ တရားမ၀င် ပုံနှိပ်စက် အသုံးပြုကာ ထုတ်လုပ် ဖြန့်ဖြူးခြင်း ဆိုင်ရာများ
ထောင်ဒဏ်

သွင်းကုန် ထုတ်ကုန် လုပ်ငန်း အက်ဥပဒေ ပုဒ်မ-၅(၁)
ထုတ်ကုန် သွင်းကုန် အက်ဥပဒေမှ ကန့်သတ် ထားသည်များအား ရယူ၊ ကိုင်ဆောင် အသုံးပြုခြင်း ဆိုင်ရာများ
ထောင်ဒဏ် နှစ်

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

0 件のコメント:

コメントを投稿