Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/05

ဝန်ကြီးချုပ်ခွန်ယင်လပ်ဟာ မနက်ဖန်မှာ ဗမာပြည်ကို တရက်ကြာအလည်အပတ်ခရီး သွားရောက်မှာဖြစ်ပြီး ဒီခရီးစဉ် အ တွင်း ကိစ္စအတော်များများထဲက မူးယစ်ဆေးဝါး တရားမ၀င်ရောင်းဝယ်ဖောက်ကားတဲ့ကိစ္စတွေနဲ့ တရားမ၀င်လာရောက် လုပ်ကိုင်နေကြတဲ့ အလုပ်သမား ကိစ္စတွေ ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။ ဒီခရီးစဉ်မှာ ဗမာခေါင်းဆောင် တွေနဲ့ ၂ နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့၊ အထူးသဖြင့် ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ မနေ့ က သူမ က ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်ရေးဂိတ်တွေ အမြဲတန်းဖွင့်ရေးကိစ္စကိုလည်း ဆွေးနွေးမှာ ဖြစ်တယ်လို့ သူမက ပြော ပါတယ်။
အစိုးရအိမ်တော်မှာ ဗမာပြည်အလည်အပတ်သွားရောက်တာကို မော်ကွန်းတင်တဲ့ ရုပ်မြင်သံကြားအထူးအစီအစဉ် မှတ် တမ်းတင်ရာမှာ သူမ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။
မနှစ်က အထွေထွေရွေးကောက်ပွဲပြီးနောက်မှာ ဗမာပြည်ဟာ နိုင်ငံတကာရဲ့ဂရုစိုက်မှုကို အထူးတလည် အလေးထား နေချိန်မှာ ခွန်ယင်လပ်ရဲ့ပထမဆုံးခရီးစဉ်ဖြစ်တဲ့ ဗမာပြည်အလည်အပတ်သွားတဲ့ခရီးစဉ် ဖြစ်ပေါ်လာတာပါ။ မနက်ဖန် နေ့လည် ၁နာရီ ခွဲမှာ ခွန်ယင်လပ်ဟာ ဘန်ကောက် တပ်မတော်လေဆိပ်ကနေ လေ ယာဉ်နဲ့ ဗမာပြည်ရဲ့မြို့တော်သစ် နေပြည်တော်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီမှာတော့ ထိုင်း-ဗမာ ခေါင်း ဆောင်တွေနဲ့မတွေ့ဆုံခင်မှာ ဗမာ ပြည် ရဲ့သမတ ဦးသိန်းစိန်ဆီကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ညနေပိုင်းမှာ ဗမာပြည်သမတက ညစာနဲ့ တည်ခင်းမှာ ဖြစ်ပါတယ်။
အဲဒီနေ့ညသန်းကောင်မတိုင်ခင်မှာပဲ ယင်လပ်နဲ့သူ့အဖွဲ့ဟာ ဘန်ကောက်ကို ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားပါတယ်။ ဒီလ နှောင်းပိုင်းမှာ ၀န်ကြီးချုပ်စာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ အောက် တိုဘာ လ ၁၀ ရက်နေ့မှာ မလေးရှားနိုင်ငံကိုလည်းကောင်း၊ နောက်တရက်မှာ စင်္ကာပူနိုင်ငံကိုလည်းကောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံကိုလည်ကောင်း၊ အောက်တိုဘာလ ၁၉ ရက်နဲ့ ၂၁ ရက်နေ့အကြားမှာ တရုတ်နိုင်ငံကို လည်းကောင်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၄၊ ၂၀၁၁ (The Nation)
copy rights_http://www.naytthit.net/?p=20469

0 件のコメント:

コメントを投稿