Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/13

သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့​ အသက်ကို အ​ပေါင်ထား​ပါမယ်

October 12, 2011,

နိုင်ငံ​ကျော် ဟာသအနုပညာရှင်၊​ လူမှုကူညီ​ရေး​လုပ်ငန်း​လုပ်​ဆောင်သူ သရုပ်​ဆောင် ဒါရိုက်တာ ​မောင်သူရ (​ခေါ်) ဇာဂနာ ဒီက​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ကချင်ပြည်နယ်မြစ်ကြီး​နား​ထောင်က ပြန်လွတ်ပါတယ်။
မြစ်ကြီး​နား​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၈ ဦး​ရှိတဲ့​အနက် သူအပါအဝင် သုံး​ဦး​သာ လွတ်​မြောက်တယ်လို့​ သူက ​ပြောပါတယ်။ ပြန်လည် လွတ်​မြောက်လာတဲ့​ ကိုဇာဂနာကို ​မေး​မြန်း​ ထား​ပါတယ်။
မြစ်ကြီး​နား​ထောင်က ထွက်တယ်ဆို​တော့​ လက်ရှိ ကျန်း​မာ​ရေး​ အ​ခြေအ​နေကို ​ပြောပြ​ပေး​ပါလား​။ “
ကောင်း​ပါတယ်။ ဒီ​နေ့​က ​လေယာဉ်​ပေါ်စမ​ရောက်ခင်ကတည်း​က အခုချိန်ထိ မြန်မာပြည်က ပြုပြင်​ပြောင်း​လဲလာ​တော့​ စတုတ္ထမဏ္ဍိုင်များ​နဲ့​ တိုး​နေ​တော့​ ​ခေါင်း​တွေလည်း​ကိုက်၊​ လည်ပင်း​တွေလည်း​နာ ဖြစ်ကုန်တာပဲ။”
အခု ဒီတကြိမ် ​ထောင်က​နေထွက်တဲ့​အချိန်က အရင်ကလို စစ်အစိုး​ရ​ခေတ်မဟုတ်​တော့​ဘူး။ သမ္မတဦး​သိန်း​စိန် အုပ်ချုပ်တဲ့​ခေတ် ​ရောက်ပြီဆို​တော့​ ပိုပြီး​လွတ်လပ်ပွင့်​လင်း​လာမှာ​ပေါ့​။
“အဲဒီလိုကြီး​တော့​ ဟုတ်တယ်လို့​ မ​ပြောချင်ဘူး​။ ဘာလို့​လဲဆို​တော့​ ​ထောင်ကလွတ်တာ​လေး​တခုကိုပဲ ကြည့်​ပြီး​ ပိုပြီး​လွတ်လပ် ပိုပြီး​တော့​ ပွင့်​လင်း​လာတယ်လို့​ ​ကောက်ချက်မဆွဲနိုင်ဘူး​။ ကျ​နော်က​တော့​ သိပ်ပြီး​ထူး​ခြား​တဲ့​ ​ပြောင်း​လဲမှုကို မ​တွေ့​ရ​သေး​ဘူး​လို့​ ​ပြောချင်တယ်။”
ကိုဇာဂနာတို့​ အကျဉ်း​ထောင်ထဲမှာ အရင်တုန်း​ကလိုမဟုတ်ဘဲနဲ့​ စာအုပ်စာ​ပေ​တွေ ဖတ်ခွင့်​ရတယ်၊​ ရုပ်မြင်သံကြား​တွေ ကြည့်​ခွင့်​ရ​တော့​ အပြင်​လောကမှာ ဖြစ်ထွန်း​တိုး​တက်မှု​တွေ အကုန်သိတယ်လို့​ ယူဆနိုင်လား​။
“အဲဒီလို​တော့​ ယူဆနိုင်ပါတယ်။ အထဲမှာ သတင်း​စာဖတ်ရတယ်။ ဂျာနယ်လည်း​ ဖတ်ရတယ်။ တပတ်ကို ဂျာနယ် ၁၂ ​စောင်၊​ ၁၃ ​စောင် ဖတ်ရတဲ့​အတွက် ဂျာနယ်ထဲက ဖြစ်​ပေါ်​ပြောင်း​လဲတာ​တွေ၊​ ဓာတ်ပုံ​တွေ သတင်း​တွေ ဖတ်ရတယ်။ အဲဒီအတွက်​ကြောင့်​ အို​ကေပါတယ်။ တီဗွီက​တော့​ လွတ်သာလာတယ် မကြည့်​ရပါဘူး​။”
ထောင်ထဲက မထွက်လာခင်အချိန်ထိ မြန်မာပြည်နိုင်ငံ​ရေး​ တိုး​တက်မှု​တွေ အ​ပေါ်မှာ ဘယ်လိုများ​ ​ကောက်ချက်ဆွဲချင်ပါသလဲခင်ဗျ။
“မ​နေ့​က ထိ​တော့​ ​ပြောင်း​လဲမှုကို ဦး​တည်​ နေတယ်လို့​ အန်တီက​ ပြောတယ်​လေ။ ပြုပြင်​ ပြောင်း​လဲ​နေပါပြီလို့​ သူမ​ပြောဘူး​တဲ့​။ ပြုပြင်​ ပြောင်း​လဲ​နေတယ်လို့​ သူထင်တယ်လို့​ ပြုပြင်​ ပြောင်း​လဲတဲ့​ လမ်း​ကြောင်း​ဘက်ကို သွား​နေတယ်လို့​ ထင်တယ်လို့​ သူက​ပြောတယ်။ မ​နေ့​ကထိ​တော့​ အဲလိုပဲ ယုံတယ်။ ဒီ​နေ့​မနက်​တော့​ မယုံချင်​တော့​ဘူး​။ ပြုပြင်​ ပြောင်း​လဲ​နေတာ ဟုတ်မှ ဟုတ်ရဲ့​လား​လို့​ သံသယ ဝင်သွား​တယ်။ ဘာ​ကြောင့်​လဲ ဆို​တော့​ ​ထောင်ထဲမှာရှိတဲ့​ လူ​တွေကို ဘာ​ကြောင့်​ မလွှတ်တာလဲ အဲဒါကို နား​မလည်ဘူး​။ အခု လွှတ်လိုက်တယ်ဆိုတာ မဖြစ်စ​လောက်​လေး​ လူနည်း​နည်း​လေး​ပဲ။ ဗမာပြည် ​ထောင်ထဲမှာရှိတဲ့​ လူ​တွေ အကုန်လုံး​ကို လွတ်​စေချင်တယ်။ ယုတ်စွအဆုံး​ ဗိုလ်ချုပ်ခင်ညွန့်​ကိုပါ လွှတ်​ပေး​ စေချင်တယ်။ ဘာလို့​လည်း​ဆို​တော့​ ဦး​သိန်း​စိန် လက်ထက်မှာ ဖမ်း​ထား​တဲ့​ လူ​တွေမဟုတ်ဘူး​။ ဦး​သိန်း​စိန် လက်ထက်မှာ ပြစ်ဒဏ် ချမှတ်ခံထား​ရတဲ့​ သူ​တွေလည်း​ မဟုတ်ဘူး​။ တပ်မ​တော်​ ထောက်လှမ်း​ရေး​က လူ​တွေ​ရော အ​ကောက်ခွန်က လူ​တွေ​ရော အကုန်လုံး​ လွှတ်​ပေး​လိုက်ပါ။ တိုင်း​ပြည်ကို ပြန်ပြီး​တော့​ အမျိုး​သား​ ရင်ကြား​စေ့​ရေး​ကို လိုချင်တယ်ဆိုရင် ဒီလူ​တွေကို ဘာလို့​ ဒီ​လောက်ထိ ထား​မှာလဲ။ ဘာလို့​ တို့​တိတို့​တိ လုပ်​နေမှာလည်း​။ ဒီ​ပေါ်မှာ မူတည်ပြီး​တော့​ ​ပြောင်း​လဲမှု ဖြစ်တယ်ဆိုတာကို ယုံကြည်ဖို့​ အလွန်ခက်သွား​ပါတယ်။ ကျ​နော့်​ကို လွှတ်​ပေး​တဲ့​အတွက် ​ပြောင်း​လဲသွား​ပါပြီလို့​ မ​ပြောပြနိုင်ဘူး​။”
ဒီဟာနဲ့​ ပတ်သက်ပြီး​တော့​ လွှတ်​တော်​တွေမှာလည်း​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေလည်း​ လွှတ်​ပေး​ဖို့​ ဆိုတဲ့​နေရာမှာ ဝန်ကြီး​ တ​ယောက်က​နေ အား​လုံး​ လွှတ်လိုက်ရင် တည်ငြိမ်မှုအတွက်ကို ဘယ်သူက အာမခံမလဲ ဆိုပြီး​တော့​ ပြန်လည်​မေး​ခွန်း​ထုတ်ပါတယ်။ အဲဒီအစိုး​ရ ဝန်ကြီး​ရဲ့​ စိုး​ရိမ်ပူပန်မှုက တကယ်​ရော မဖြစ်နိုင်ဘူး​လား​။ ကိုဇာဂနာတို့​ရော ဘယ်လိုမြင်ပါလဲ။
“အဲလိုဆိုရင် ကျ​နော်ကလည်း​ ပြန်​ပြောစရာ စကား​ရှိပါတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ ​ပြောကြမယ်ဆိုရင် ကျ​နော် သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့​ အသက်ကို အ​ပေါင်ထား​ပါမယ်။ အဲဒီလူ​တွေလွှတ်လိုက်လို့​ တိုင်း​ပြည်မှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် ကျ​နော့်​ကို အရင်သတ်လိုက်ပါ။ ကျ​နော့်​ဘက်က ပြန်စိန်​ခေါ်တာပဲ။ ​ကြေး​ထပ်မယ်ဆိုရင် အပြတ်ထပ်၊​ အသက်ကို ထပ်တယ်။”
ဒီတ​ခေါက်ပြန်လည်လွတ်​မြောက်လာချိန်မှာ အရင်ကလို မဟုတ်ဘဲနဲ့​ သမ္မတ​ခေတ်၊​ ဒီမိုက​ရေစီအစိုး​ရဆိုတာကို သူတို့​အစိုး​ရက ​ကြေညာ​နေတယ်။ အဲဒီအခါမှာ ပြည်ပမှာရှိတဲ့​ အယူအဆ မတူသူ​တွေလည်း​ ပြန်လာမယ်ဆိုရင် လာခွင့်​ပြုတယ်ဆိုပြီး​ ကမ်း​လှမ်း​နေတဲ့​အချိန်နဲ့​ကြုံ​တော့​ ပြည်ပမှာရှိတဲ့​မြန်မာပြည်သား​တွေကို ကိုဇာဂနာအ​နေနဲ့​ ဘယ်လိုအမြင်ရှိလဲ။ ချက်ချင်း​ပြန်လာသင့်​လား​။ ဘယ်လိုသုံး​သပ်လဲ။
“တခွန်း​တည်း​ပဲ တိုတို​လေး​ ပြောရမယ်ဆိုရင် ​စောင့်​ကြည့်​ကြပါဦး​လို့​ ​ပြောချင်တယ်။”
အပြင်​လောကမှာ နိုင်ငံ​ရေး​ဖြစ်စဉ်​တွေမှာ ဘယ်လိုမျိုး​ ပါဝင်မယ်လို့​ ပြင်ဆင်ထား​ပါသလဲ။
“ကျ​နော့်​ရဲ့​ စိတ်ကူး​ပေါ့​။ အသက်အရွယ်ကလည်း​ ရလာ​တော့​ လူငယ်​တွေရဲ့​ လက်ထဲကို ဒီနိုင်ငံ​ရေး​နဲ့​ ပတ်သက်တဲ့​ နား​လည်တဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ ကျွမ်း​ကျင်တဲ့​ လူငယ်​တွေ အ​မြောက်အမြား​ ​ပေါ်ထွန်း​လာဖို့​အတွက် အဓိက ပညာ​ရေး​ပိုင်း​ကို အား​ပေး​ပြီး​တော့​ အဲဒီဘက်မှာ ကိုယ်စွမ်း​ ဉာဏ်စွမ်း​ရှိသမျှ ဝင်လုပ်​ပေး​ချင်တယ်။ လူငယ်​တွေကို အဓိက ပြုစုပျိုး​ထောင်​ပေး​ချင်တယ်။ ဒါပါပဲ။”
ကိုဇာဂနာက​နေ မြစ်ဆုံ​ရေကာတာ စီမံကိန်း​နဲ့​ ပတ်သက်လို့​ ဘယ်လိုအမြင်ရှိပါသလဲ။
“အခုလည်း​ ပြီး​သွား​ပြီပဲ။ အခုချိန်မှာ​တော့​ မ​ဝေဖန်ချင်​တော့​ဘူး​။ လုပ်သင့်​လုပ်ထိုက်တဲ့​လူ​တွေလည်း​ လုပ်ပြီး​ပြီ။ ကျ​နော်တို့​လည်း​ နား​လည်မတတ်ကျွမ်း​ပါဘူး​။ သို့​သော် ဆန္ဒ​လေး​တခုအ​နေနဲ့​ပဲ လုပ်​ပေး​ခဲ့​တာ။ အဲ​တော့​ လုပ်ကြတဲ့​သူ​တွေအတွက်လည်း​ ဝမ်း​သာပါတယ်။”
ကိုဇာဂနာ​ရေ အခု ဒီသမ္မတကြီး​ရဲ့​ ကမ်း​လှမ်း​ချက်အရဆိုရင် ကိုဇာဂနာရဲ့​ တပည့်​တွေကိုလည်း​ ​ပြောလို့​ရပါတယ်။ သီး​လေး​သီး​ သီး​ညီ​နောင်​တွေက တချို့​က ဗမာပြည်ကို ပြန်သွား​တယ်။ တချို့​က​တော့​ ကျန်​နေခဲ့​တယ်။ အဲ​တော့​ ဘယ်လိုမျိုး​ တပည့်​လက်သား​တွေအ​ပေါ်မှာ ဇာတ်နဲ့​ပတ်သက်လို့​ ဘယ်လိုများ​ ဆက်လက်​ဆောင်ရွက်ပါမလဲ။
“အသီး​နှစ်သီး​ရော ​ဂေါ်ပြား​ရော ရှိတယ်။ ၂ သီး​လုံး​က ပုပ်​နေ​တော့​ ​ဂေါ်ပြား​ပေါ်တာ​ပေါ့​။ ဒီသ​ဘောပါပဲ။ ကျ​နော် သူတို့​နဲ့​လည်း​ မ​ဆွေး​နွေး​ရ​သေး​ဘူး​။ တခြား​လူ​တွေနဲ့​သာ စကား​ပြော​နေရတာ။ သူတို့​ကိုလည်း​ ပွင့်​ပွင့်​လင်း​လင်း​ ​မေး​စရာရှိတာ​မေး​ရဦး​မယ်။ ကျ​နော်မကြိုက်ဆုံး​စကား​က သူတို့​ရဲ့​ အင်တာဗျူး​ထဲမှာပါတဲ့​ ပြည်ပမှာရှိတဲ့​ နိုင်ငံ​ရေး​သမား​တွေနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​ပြောတဲ့​စကား​ကို ကျ​နော် မကြိုက်ဆုံး​ပဲ။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ သူတို့​ကို ပွင့်​ပွင့်​လင်း​လင်း​ ​မေး​ရမယ်။ ကျ​နော့်​စိတ်ထဲမှာ မ​ကျေနပ်ရင်လည်း​ သူတို့​ကို အ​မွေဖြတ်ဖို့​ ဝန်မ​လေး​ပါဘူး​။”
ထူး​ထူး​ခြား​ခြား​ ဘာများ​ပြောစရာရှိပါသလဲ။
“ဘာ​တွေလုပ်ကြမလဲ၊​ ဘာ​တွေကိုင်ကြမလဲဆိုတာ တချက်​လောက်​တော့​ ​စောင့်​ကြည့်​ပါဦး​လို့​ ဒီလိုပဲ​ပြောချင်ပါတယ်။”
ဒီဗွီဘီ မေးမြန်းခန်း

0 件のコメント:

コメントを投稿