Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/01

ယခုနှစ်အတွင်း နေပြည်တော်၏ တပ်ရင်း ၂၉ ရာခိုင်နှုန်း သျှမ်းပြည်၌ တိုးချဲ့ တပ်စိုက်

NDD မှ ယခုနှစ် ထုတ်ဝေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စစ်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေးအင်္ဂါစဉ် စာအုပ်
၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်။

စစ်အာဏာရှင်စနစ် မဟုတ်တော့ဘဲ လူထုမှ ရွေးကောက်သော အစိုးရ တက်လာခဲ့ပြီ ဖြစ်သော်လည်း မြန်မာ စစ်တပ်အင်အား လျော့မသွား သည့်အပြင် နေပြည်တော်၏ တပ်ရင်း ၂၉ ရာခိုင်နှုန်း သျှမ်းပြည်၌ ထပ်မံ တိုးချဲ လာသည်ကို NDD ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု သုသေသနနှင့် မှတ်တမ်းတင်ဌာနမှ ယခုနှစ် ထုတ်ဝေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စစ်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေး အင်္ဂါစဉ် စာအုပ်မှ လေ့လာချက်အရ သိရသည်။
အဆိုပါ စာအုပ်တွင် အစိုးရသစ်၏ ၀န်ကြီးဌာနများနှင့် စစ်ဘက်ဆိုင်ရာ တိုင်းစစ်ဌာန အသီးသီးတို့ အစုံအလင် ဖော်ပြ ပါရှိပါသည်။
သျှမ်းပြည်အတွင်း၌ စစ်တိုင်း ၄ တိုင်း လက်အောက် တပ်ရင်းများအပြင် တခြားသော ကွပ်ကဲမှု ဌာနချုပ် တပ်ရင်းများ စုစုပေါင်း ၂၃၃ ရင်းရှိသည်ကို တွေ့ရသည်။ (ကိုးကန့်နှင့် ဟိုပန် တို့တွင် ထပ်မံ အခြေချ လာသော တပ်မ ၃၃ နှင့် ၉၉ တို့အပြင် ကျောက်မဲမြို့နယ် မိုင်းလုံအခြေစိုက် လပခ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ထောက်ပို့ တပ်ရင်းနှင့် တခြားတပ်ရင်းငယ်များ ထည့်သွင်း ရေတွက်ထားခြင်း မရှိသေးပါ)

ယခု ဂျူလိုင်လထုတ် အဆိုပါစာအုပ်၌ ပါရှိသော သျှမ်းပြည်ရှိ မြန်မာစစ်တပ်များမှာ

၁.ရပခ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် စိုးထွတ်
လက်အောက်ခံ တပ်ရင်း ၃၆ ရင်း။
( ကယား/ ကရင်နီပြည်နယ် အခြေစိုက် တပ်ရင်းများနှုတ်ပြီး)

၂. ရမခ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် အောင်ကျော်ဇော
လက်အောက်ခံ တပ်ရင်း ၅၀ ရင်း။

၃. တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် သန်းထွန်းဦး
လက်အောက်ခံ ၄၀ ရင်း။

၎. ရလခ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် မြထွန်းဦး
လက်အောက်ခံ တပ်ရင်း ၂၆ ရင်း။

၅. နယ်ခြားစောင်တပ် - ရင်း။
၆. ဆက်သွယ်ရေးတပ်ရင်း- ရင်း။
၇. အမြောက်တပ်ရင်း- ၃၉ ရင်း။
၈. ဒုံးလက်နက်တပ်ရင်း- ရင်း။
၉. တင့်ကားတပ်ရင်း- ရင်း။
၁၀. သံချပ်ကာတပ်ရင်း- ရင်း။
၁၁. လေကြောင်းကာကွယ်ရေးတပ်ရင်း- ရင်း။
၁၂. အင်္ဂျင်နီယာတပ်ရင်း- ရင်း။

စုစုပေါင်းတပ်ရင်း- ၂၂၃ ရင်း။

မြန်မာစစ်တပ်တွင် စင်စစ် ဖွဲ့စည်းပုံအရ တပ်ရင်းတရင်းလျင် အင်အား ၇၇၇ ရှိရမည်ဟု ဆိုသော်လည်း ယခုအခါ တပ်ရင်းတရင်း ပျှမ်းမျှအင်အား ၁၅၀ ခန့်သာရှိကြောင်း လားရှိုးအခြေစိုက် ရမခ တိုင်းရုံးနှင့် ရင်နှီးသည့် စစ်ရေးလေ့လာသည့် ပုဂ္ဂိုလ်က ပြောသည်။
အဆိုပါ စစ်ဘက်နှင့်အရပ်ဘက် အုပ်ချုပ်ရေးအင်္ဂါစဉ် စာအုပ်နှင့် ပတ်သက်၍ အသေးစိတ် လေ့လာ ကြည့်ရှုလိုပါက "mailto:ndddrd07@gmail.com" & ndddrd07@gmail.com သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်သည်ဟု အဆိုပါစာအုပ်၌ ဖော်ပြထားပါသည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

0 件のコメント:

コメントを投稿