Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/02/02

ဗိုလ်ကြီးဟောင်း နေမျိုးဇင် အမှုက ကွင်းလုံးကျွတ် လွတ်မြောက်

2012-02-01
အကျဉ်းထောင်ထဲကို ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အင်္ကျီနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ သော့ချိတ် တရားမ၀င် သွင်းယူဖို့ ကြိုးစားတယ် ဆိုပြီး စွပ်စွဲခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပြစ်မရှိကြောင်း အင်းစိန်မြို့နယ် တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
RFA
ဗိုလ်ကြီးဟောင်း နေမျိုးဇင်
တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်က အခုလို ပြောပါတယ်။ “တရားသူကြီးက ဖြစ်ခဲ့ပြီးတဲ့ စီရင်ထုံးနဲ့ လျှောက်လဲချက်တွေကို ဖတ်မပြတော့ပါဘူး။ ဘာလို့တုံး ဆိုတော့ အားလုံးက အတူတူပါပဲ။ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီနှစ်ထည်ရယ်၊ သော့ချိတ်ခြောက်ခုရယ်၊ ဓာတ်ပုံသုံးပုံရယ်၊ အကူအညီပေးရေး လိပ်စာကဒ်ရယ်၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ နှုတ်ဆက်တဲ့ မျက်နှာဖုံး အပြည့်ပါတဲ့ ဂျာနယ်ရယ်၊ ဒါပဲ သက်သေခံအဖြစ် တင်သွင်း ထားတာပါ။ အဲဒီ ပစ္စည်းတွေကို ထောင်ထဲကို တရားမဝင် တင်သွင်းဖို့ ကြိုးပမ်းမှုဆိုပြီး သူတို့က ကျွန်တော့်ကို အကျဉ်းထောင် ဆိုင်ရာ ပုဒ်မ ၄၂ နဲ့ တရားစွဲ ထားတာပါ။ တရားလိုက ဦးဖိုးထောင်ဆိုတဲ့ ထောင်မှူးပါ။ သူတို့ စွပ်စွဲထားချက် အားလုံးဟာ မခိုင်လုံဘူးလို့ တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော့်ကို အပြစ်မရှိဘူးဆိုပြီး လွှတ်ပေးလိုက်တာဖြစ်ပါတယ်” ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်းပါ။ နိုင်ငံရေး လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နိုင်ဖို့ ဒီကနေ့ တရားရုံးဆုံးဖြတ်ချက် ပြီးပြီးချင်းမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ အဖွဲ့ဝင်အဖြစ် လျှေက်ထားလိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။ 
 
copy rights_http://www.rfa.org/burmese/

0 件のコメント:

コメントを投稿