Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/02/19

အပစ်ရပ်ထားစဉ် အစိုးရတပ်များ တိုးချဲ့ထားဟု ကေအန်ယူဆို

February 18, 2012
အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူတို့ အကြားမှာ  အပစ်ရပ်ထားတဲ့ ကာလအတွင်းမှာ အစိုးရ တပ်ဘက်က ကေအန်ယူ နယ်မြေထဲကို တပ်တွေ တိုးချဲ့ တာမျိုးတွေပဲ ဖြစ်နေတယ်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူက ပြောပါတယ်။
လောလောဆယ် ကေအန်ယူ နယ်မြေထဲမှာ အစိုးရ တပ်စခန်းပေါင်း ရာနဲ့ချီပြီး ချထားပြီး ဒေသခံ တွေကိုလည်း ကန့်သတ်မှုတွေ လုပ်နေတယ်လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုစောဒေးဗစ်သာကပေါက ဒီဗွီဘီကို ပြောပါတယ်။
“အခုဆိုရင် ကျနော်တို့ နယ်မှာ အပစ်ရပ်တယ်။ သူတို့တွေကို ရိက္ခာပို့ဖို့ ခွင့်ပြုတယ်။ အခုဟာက ကျနော်တို့ နယ်မြေထဲလည်း လာနေသေးတယ် စခန်းပေါင်းက ၂၀၀ လောက်ရှိတယ်။ စခန်း ပတ်ဝန်းကျင်း ကိုက် ၂၀၀၀ လောက်ကို မ၀င်ရဘူးတို့၊ လမ်းဘေး ကိုက် ၅၀၀ မ၀င်ရဘူးတို့၊ ဒီလိုလုပ်ရင် ကျနော်တို့ နယ်ခံတွေလည်း မနေတတ်တော့ဘူးလေ။ ကျနော်တို့ကပဲ လက်နက် ချသွားတဲ့ ပုံစံမျိုးလို ဖြစ်နေတယ်။”
အစိုးရနဲ့ ကေအန်ယူတို့ ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဖားအံမြို့မှာ တွေ့ဆုံပြီး အပစ်ရပ်ရေး ပဏာမ သဘော တူညီချက် လက်မှတ် ထိုးခဲ့စဉ်က  ကေအန်ယူဘက်က တပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ အဓမ္မခိုင်းစေမှုနဲ့ ငွေကြေးကောက်ခံမှု ရပ်ဆိုင်းရေး၊ ပြည်သူ့ဘဝ ပြန်လည် ထူထောင်ရေး စတဲ့ အချက် ၁၁ ချက်ကို တင်ပြ ခဲ့ပါတယ်။
ဖေဖော်ဝါရီ လကုန်လောက်မှာ နှစ်ဘက်ပြန်တွေ့ဖြစ်ရင် တိတိကျကျ စည်းကမ်း သတ်မှတ် ရမှာတွေ ရှိနေတယ်လို့ ဒိုစောဒေးဗစ်သာကပေါက  ဒီဗွီဘီကို ပြောပါတယ်။
“ဘာလုပ် ရမလဲဆိုတော့ ကျနော်တို့ ပြန်ဆွေးနွေး ရမှာပေါ့။ အပစ်အခတ် ရပ်စဲရေးက ဘာမှ သတ်မှတ်ချက် မရှိဘူး။ ခင်ဗျားတို့ အပစ်ရပ် ကျနော်တို့ ရိက္ခာ ပို့မယ်ဆိုတဲ့ သဘောပဲ ရှိတယ်။ ကျနော် တင်ပြချက် အချက်တချက်က မူအားဖြင့် လက်ခံတယ်။ အဲဒါက နောက်မှ စဉ်းစားမယ် ဆိုတဲ့သဘောပေါ့။ မူအဖြစ် လက်ခံတယ် မဟုတ်ဘူးနော်။ မူအဖြစ် လက်ခံတယ်ဆိုရင် မဖြစ်မနေ လုပ်မယ်ဆိုတဲ့ သဘော။ မူအားဖြင့် လက်ခံတယ် ဆိုတာကို ဒါက နှစ်ပေါက်တပေါက် ရိုက်တယ် ခေါ်တယ်။ အပစ်အခပ် ရပ်စဲရင် ခင်ဗျားတို့ ဘာလုပ်ပါ။ ကျုပ်တို့ ဘာလုပ်မယ်ပေါ့။ ပြီးမှ ကချင်ပြည်မှာ တိုက်နေတဲ့ ကိစ္စကိုလည်း ရပ်ရမှာ။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်မှ ဖြစ်မယ်။ အဲဒါတွေ မရပ်ရင် ကျနော်တို့ကလည်း စိတ်အေးအေးနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လို့ မရဘူး။ အပစ်အခတ် ရပ်စဲရေးကလည်း သေချာ စည်းမျဉ်း စည်းကမ်းတွေနဲ့ နှစ်ဖက် လေ့လာတာ။ နိုင်ငံတကာက ၀င်ပြီး စောင့်ကြည့်တာ အဲဒီအထိကို ကျနော်က ဆန္ဒရှိတာပါ။”
လတ်တလော အပစ်ခတ် ရပ်စဲထားတဲ့ ကာလမှာ အောက်ခြေ တပ်မဟာတွေဖြစ်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွား နေတယ်လို့လည်း ကေအန်ယူက ပြောပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ

0 件のコメント:

コメントを投稿