Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/02/03

နွေးထွေးတဲ့ တွေ့ဆုံမှုမှသည် လွတ်လပ်ခြင်း ဆီသို့


နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ
အိပ်မက်တောင် မမက်နိုင်ခဲ့တဲ့ ရောင်စုံ မီးတွေကြားက နွေးထွေးတဲ့ တွေ့ဆုံမှု အဖြစ် တင်စားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ တွေ့ဆုံပွဲ တခုကို ဇန်နဝါရီလ ၃၁ ရက်နေ့က အင်းလျား ကန်ဘေးမှာရှိတဲ့ စိမ်းလန်းစိုပြည် မြက်ခင်းပြင်မှာ ကျင်းပ ပြုလုပ်ခဲ့ ကြပါတယ်။
အဲ့ဒီ တွေ့ဆုံပွဲကို အကျဉ်းထောင် အသီးသီးက ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေ လာရောက်ခဲ့ကြပါတယ်။ တေးဂီတ ဖျော်ဖြေပွဲတွေနဲ့ တရင်းတနှီး တွေ့ဆုံခဲ့ကြတဲ့ တွေ့ဆုံ ပွဲတခုဖြစ်ပြီး အဲ့ဒီ ပွဲအတွင်း အကျဉ်းထောင်အတွင်းက နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ အတွက် သံတိုင်နဲ့ အုတ်နံရံပုံစံ ပုံဖော်ထားတဲ့ ကိတ်မုန့်မှာ ဖယောင်းတိုင် ထွန်းညှိပြီး ဆုတောင်း ခဲ့ကြပါတယ်။
Copy from - burmavjmedia

0 件のコメント:

コメントを投稿