Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/02/07

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်

2012-02-06
မြန်မာနိုင်ငံ ရှေ့ဆက်သွားနိုင်ဖို့ အတိတ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် ၀န်ခံသင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား က တိုက်တွန်းခဲ့ပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်
(၆) ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ အပြောင်းအလဲတချို့ တွေ့ရပါတယ်၊ ဒါပေမဲ့ ရှေ့ကို တက်လှမ်းတာဟာ နောက်မှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာတွေကို ဖျောက်ဖျက်ပစ်တာ မဟုတ်ဘူးဆိုတာကို မိမိအနေနဲ့ အလေးအနက် ပြောရမှာပါ၊ လက်ရှိသမိုင်းကို ရဲရဲရင်ဆိုင်ပြီး၊ ပြည်သူတွေ ကြုံတွေ့ခံစားခဲ့ကြရတဲ့ ကျူးလွန်မှုတွေကို အသိအမှတ် ပြုရပါလိမ့်မယ်၊ ဒါမှသာ အမျိုးသား ရင်ကြားစေ့ရေး အတွက် စိတ်ချရပြီး၊ နောင်မှာ အလားတူ ကျူးလွန်မှုတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်လို့ မစ္စတာ ကင်တားနား က ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိ တိုးတက် ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကနေ နောက်ပြန်ဆုတ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေကြောင်း ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ 
copy rights_http://www.rfa.org/burmese/news/quintana-humasn-right-02062012094038.html

0 件のコメント:

コメントを投稿