Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/02/23

ဒုက္ခသည်များ ဂျပန်သွားမလား

မြန်မာပြည်သားတွေ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပဂေးဆံ အိုက်တိုး၊ သရီးဒီ စသဖြင့် လုပ်ငန်း အဖုံဖုံအတွက် ဂျပန် သွားရောက်ရေးဟာ အင်မတန့် အင်မတန် ခက်ခဲပါတယ်။ သိန်းပေါင်း များစွာ ပုံပေးပြီး ကျိုးစား ရတာပါ။

သို့သော် - ထိုင်းနယ်စပ် ဒုက္ခသည်များ အတွက်တော့ ပိုက်ဆံမကုန်ဘဲ သွားတဲ့နည်းတခု ရှိနေပါတယ်။ အင်တာဗျူး တခုတော့ အောင်ရမယ်လို့ ဆိုတယ်။

နို့ဖိုး ဒုက္ခသည် စခန်းထဲက လာတဲ့ သတင်းက ဒီလိုပါ -
ဂျပန်နိုင်ငံ၏ ဒုက္ခသည် ခေါ်ယူရေး ရှေ့ပြေး ၃ နှစ် စီမံကိန်း နောက်ဆုံး အစီအစဉ် ( Japan Resettlement Program – 3 year Pilot Project )

ထိုနောက် ဂျပန်နိုင်ငံ၏ ဒုက္ခသည် အစီအစဉ်ကို စိတ်ပါ ဝင်စားသောသူများအား နို့ဖိုး ဒုက္ခသည် စခန်း ခန်းမဆောင်တွင် တွေ့ဆုံပါသည်။

ရှေးဦးစွာ ဂျပန်နိုင်ငံသို့  ရောက်ရှိ နေပြီးသော ဒုက္ခသည်များ အကြောင်း ရိုက်ကူးထားသော Video ပြသ ပါသည်။ ထို့နောက် ဒုက္ခသည် ခေါ်ယူရေး အစီအစဉ်ကို ရှင်းလင်း ပြောကြားပြီး တက်ရောက် လာသူများ ၏ မေးခွန်းများကို ပြန်လည် ဖြေကြား ခဲ့ပါသည်။

ဂျပန်သွားဖို့ အင်တာဗျူး ဂျပန်၏ ဒုက္ခသည် ခေါ်ယူရေး အစီအစဉ်အရ ၂၀၁၂ မတ်လ အကုန် နို့ဖိုးဒုက္ခသည် စခန်းမှ လျှောက်ထား လိုသူများသည် UNHCR မှ တဆင့် လျှောက်ထား နိုင်ပြီး ဂျွန်လတွင် လူတွေ့စစ်ဆေးမှု ပြုလုပ်မည် ဖြစ်သည်။

ယခု အစီအစဉ် အရ နို့ဖိုးဒုက္ခသည် စခန်းမှ လူဦးရေ ၃၀ ကို ခေါ်ယူ လက်ခံသွားမည် ဖြစ်ပါသည်။

ဂျပန် နိုင်ငံသည် ဒုက္ခသည်များကို ပထမဆုံး လက်ခံသော အာရှတိုက်မှ နိုင်ငံ တနိုင်ငံဖြစ်ပြီး မဲလ နှင့် အုန်းပြန့် ဒုက္ခသည် စခန်းများ မှ လည်း ဒုက္ခသည်များကို လက်ခံ ခေါ်ယူခဲ့ပါသည်။

အင်တာဗျူးအောင်ရင် ဘာလုပ်မလဲ ဖြေဆို အောင်မြင်သူများ သြဂုတ်လတွင် မဲဆောက်၌ ဂျပန်စာ၊ ဂျပန်စကားနှင့် ယဉ်ကျေးမှု သင်တန်း ၃ ပတ် တက်ရောက် ရပါမည်။

၂၀၁၂ စက်တင်ဘာလ အကုန်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာရမည်၊
၂၀၁၃ မတ်လအထိ ၆ လကြာ ဂျပန်စာ၊ စကား သင်ကြားပေးမည်၊
နောက်ထပ် ၆ လ တွင် အလုပ်အကိုင် ရှာဖွေရေး သင်တန်း ထပ်မံ သင်ကြား ပေးမည်ဟု သိရသည်။

ဂျပန်ရောက်ပြီး အစီအစဉ်များ ဂျပန် အစိုးရက နေရေးထိုင်ရေး၊ အစားအသောက်၊ ကျန်းမာရေး အစီအစဉ်များကို ၁ နှစ် ထောက်ပံ့ ပေးထားမည်၊ နောက်ပိုင်းတွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်အောင် စီစဉ်ဆောင်ရွက် ပေးမည်၊ ကလေးများကို အထက်တန်း ပညာအထိ အခမဲ့ ကျောင်းတက် ခွင့်ပြုလုပ်ပေးသွားမည်၊
ဂျပန် နိုင်ငံတွင် ၅ နှစ်ကြာ နေထိုင်ပြီးနောက် နိုင်ငံသားအဖြစ် လျှောက်ထား နိုင်ကြပါသည် ဟု ဆိုသည်။

(တတိယအသုတ် သွားမယ့် ဒုက္ခသည်များ အကြောင်း သတင်းကတော့ အဲဒါပါပဲ။
ဒုတိယအသုတ် သွားခဲ့တုန်းက ဧရာဝတီမှာ ဒုက္ခသည်ဒုတိယအဖွဲ့ ဂျပန်ခရီး စပြီ ဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။)
ဂျပန်နိုင်ငံမှ ဒုက္ခသည် ခေါ်ယူရေး ဆိုင်ရာ တာဝန်ရှိသူများ၊ UNHCR ၀န်ထမ်းများသည် နို့ဖိုး ဒုက္ခသည် စခန်း ကော်မတီနှင့် ယမန်နေ့က တွေ့ဆုံ နွေးကြပါသည်။
သတင်းရင်းမြစ် - ဧရာဝတီ

0 件のコメント:

コメントを投稿