Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/02/13

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား 



၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်။ 

(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ Toshima-ku, Ikebukuro KOKAIDO - Hall တွင် ယနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မှ စတင်၍ ဂျပန်နိုင်ငံရှိ တိုင်းရင်းသားများ အဖွဲ့အစည်းတို့မှ စုပေါင်း၍ ကျင်းပ ပြုလုပ်ခဲ့ပါသည် အဆိုပါ အခမ်းအနားတွင် အပိုင်း ၂ပိုင်းခွဲကာ ကျင်းပပြုလုပ်ပြီး ပထမပိုင်းအစီအစဉ်တွင် ပင်လုံစာချုပ် နောက်ခံသမိုင်းများ ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ပင်လုံစိတ်ဓါတ် ပြည်ထောင်စုစိတ်ဓါတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အနာဂတ် တည်ဆောက်လို့သည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ ပေါ်ပေါက်ရေး စသည့် အကြောင်းအရာတို့ကို တက်ရောက် လာကြသည့် တိုင်းရင်းသား ကိုယ်စားလှယ်တို့မှ အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် အထူးဧည့်သည်တော် လက်ရှိအာဏာရပါတီ ဂျပန် အောက်လွတ်တော် အမတ် Mr.Naoto SAKAGUCHI ၊ ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် RENGO(JTUC) နိုင်ငံခြားရေး တာဝန်ခံ Mr.Hitoshi TAKEZUME တို့မှ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနား အစီအစဉ်မှာ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့မှ တေးသီချင်းများ ရိုးရာ ယဉ်ကျေးမှု အက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် သွားခဲ့ကြပြီး ည ၈း၀၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ ပြည်ထောင်စုနေ့ အခမ်းအနားမှ ဆွေးနွေးချက်များအပေါ် ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum၊ Moe Min Thu

0 件のコメント:

コメントを投稿