Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/10

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။



၂၀၁၁ ခုနှစ် စက်တင်ဘာလ (၉)ရက်။

ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေး တောင်းဆိုပွဲနှင့် လက်မှတ်ရေထိုး လှုပ်ရှားမှုကို  ဂျပန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းများမှ တိုကျို မြို့ UN အဆောက်အဦးရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ယနေ့ ဆန္ဒပြ အခမ်းအနားသို့ ဒီမိုကရေစီအင်အားစု ၁၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ယုံကြည်ချက်ကြောင့် မတရား အကျဉ်းကျခံနေရသည့် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွတ်ပေးရန်နှင့်  တိုင်းရင်းသားဒေသ ထိုးစစ်ဆင် တိုကိခိုက် နေမှုများကို ချက်ချင်း ရပ်ဆိုင်းပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖေါ်ဆောင်ပေးဖို့ တိုက်တွန်း တောင်းဆိုသည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုကို တိုကျိုရှိ မြန်သံရုံးရှေ့၌ နိုဝင်ဘာလ ( ၁၀ ရက်၊ ၁၁ ရက်နေ့ )တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ တောင်းဆိုဆန္ဒပြပွဲကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

သတင်းမှတ်တမ်း ။ Mai kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

0 件のコメント:

コメントを投稿