Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/15

မြစ်ကြီးနား ဗုံးပစ်ခွဲမှု လူ ၁၀ ဦးသေ၊ ၂၇ ဦးဒဏ်ရာရ

 

မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအိမ်သို့ တနင်္ဂနွေညက နေအိမ်ပြင်ပမှ ဗုံးပစ်သွင်းခံရပြီးနောက် နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားသွားခဲ့သည်။ ဗုံးကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားခဲ့သည်။ ဓာတ်ပုံ-Hkra U/ မဇ္ဈိမ
boom


ဦးဒယောင်တန်ဂွန်မှာ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဝင် တဦးဖြစ်ကာ အခင်း ဖြစ်ပွားချိန်တွင် ခရီးလွန် နေသည်။ သူ၏ နေအိမ်တွင် သိုင်းလာသင်နေသော သင်တန်းသားများ တည်းခိုနေပြီး၊ မိဘမဲ့နှင့် စစ်ပြေး ဒုက္ခသည် ကလေးများကို စောင့်ရှောက်ထားရာ လူဦးရေ ၃၀ ကျော်နေထိုင်နေသည်ဟု ဆိုသည်။

“ကျနော်အခု ရင်ခွဲရုံမှာ သွားကြည့် နေတယ်။ အခုထိ သေတာ ၁၀ (ယောက်) ရှိတယ်။ ဂူသွင်းဖို့ လုပ်နေတယ်။ ဒဏ်ရာရ အားလုံးက ၂၇ ဦးရှိတယ်။ ကျန်တဲ့ လူတွေလည်း ဒဏ်ရာပြင်းတယ်။ အရေးပေါ်ခန်းမှာ ခွဲစိတ် ကုသနေ တယ်။”ဟု  ဒေသခံတဦးက ပြောသည်။


လူနာများ ကုသမှု ခံယူနေသည့် မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း တနင်္ဂလာနေ့ နံနက် ၇ နာရီက သွားရောက် ကြည့်ရှု့ ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုမှ မီးလောင်ကျွမ်းရာ ဦးဒယောင်တန်ဂွန်း၏ နေအိမ် အပါအဝင် အိမ်သုံးလုံး မီးလောင် ဆုံးရှုံး သွားသည်။ အနီးရှိ အိမ်တလုံးမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီများ သိုလှောင်ထားရာက မီးကူးစက် သွားခြဲ့ခင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသွားသူများ၏ နာရေးကို Jade Land Company  ပိုင်ရှင်  ဦးရွပ်ဇော်ခေါင် အပါအဝင် ဒေသခံများက စီစဉ်ပေးလျက် ရှိသည်။
boom1
မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအိမ်သို့ တနင်္ဂနွေညက နေအိမ်ပြင်ပမှ ဗုံးပစ်သွင်းခံရပြီးနောက် နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားသွားခဲ့သည်။ ဗုံးကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားခဲ့သည်။ ဓာတ်ပုံ-Hkra U/ မဇ္ဈိမ
ဗုံးခွဲသည့် လက်သည်ကို မြို့ခံများ မှန်းဆနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပြီး စနေနေ့  ည ၁၀ နာရီမှ ၁၁ နာရီခွဲ အတွင်း ဗုံးလေးလုံး ဆက်ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သေးသည်။ ပေါက်ကွဲမှုများနှင့်အတူ ရဲများ လမ်းပေါ်တွင် စစ်ဆေးမှု များလည်း ရှိနေသဖြင့် ည ၇ နာရီ ကျော်သည်နှင့် မြို့ပေါ်တွင် လူခြေ တိတ်ဆိတ်လျက် ရှိသည်။
ဗုံးပေါက်ကွဲသံများကို မကြာခဏ ကြားနေခဲ့ရသော်လည်း အများအားဖြင့် လူသူ ကင်းဝေသော နေရာများတွင်သာ ဖြစ်ပွားလေ့ရှိသဖြင့် ယခင်ရက်များက  “ခြိမ်းခြောက်ရုံသာ” ဖောက်ခွဲခြင်းဟု အများစုက ယုံကြည်ခဲ့ကြသည်။
အစိုးရ အာဘော် တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “ မြစ်ကြီးနားမြို့၌ ချိန်ကိုက် မိုင်းတလုံးကို အချိန်မီ ရှင်းလင်းနိုင်ခဲ့ပြီး အခြားမိုင်း နှစ်လုံး ပေါက်ကွဲခဲ့သည်" ဟု ရေးသားထားသည်။ ည ၉ နာရီ ၅၅ မိနစ်ခန့်တွင် သီတာရပ်ကွက် အား/ကာ ရုံးရှေ့လမ်းနှင့် ပေ ၄၀ ခန့်အကွာရှိ ချုံပုတ်အတွင်း မိုင်းတလုံး ပေါက်ကွဲမှု ဖြစ်ပွားကာ မြေပြင်၌ တပေပတ်လည် အနက် ခြောက်လက်မခန့် ကျင်းတကျင်း ဖြစ်သွားကြောင်း ပါရှိသည်။
boom2
မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအိမ်သို့ တနင်္ဂနွေညက နေအိမ်ပြင်ပမှ ဗုံးပစ်သွင်းခံရပြီးနောက် နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားသွားခဲ့သည်။ ဗုံးကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားခဲ့သည်။ ဓာတ်ပုံ-Hkra U/ မဇ္ဈိမ
ထို့ပြင် ည ၁၀ နာရီ ၁၅ မိနစ်ခန့် တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ(မြောက်) နယ်မြေ ဆွမ်ပရာဘွမ်လမ်းနှင့် စက်မှု လမ်းဆုံအနီး ဆီးပင် တပင်အောက်၌ မိုင်းတလုံး ထပ်မံ ပေါက်ကွဲမှုကြောင့် ဆီးကိုင်းအနည်းငယ် ပျက်စီးသွားပြီး အခြား ထိခိုက်မှုမရှိဟု သတင်စာက ဆိုသည်။
ထို့အတူ ည ၈ နာရီ ၅ မိနစ်ခန့်တွင် ဧရာရပ်ကွက် အောင်ဆန်းလမ်းမကြီးဘေး လမ်းမီးတိုင် တတိုင်အနီး မသင်္ကာ ဖွယ် အထုပ်တထုပ် တွေ့ရှိသည့် သတင်းကြောင့် သွားရောက်စစ်ဆေးရာ “ည ၉နာရီခွဲအချိန် ပေါက်ကွဲရန် ချိန်ကိုက်ထားသော ဒေသန္တရလုပ် ချိန်ကိုက် မိုင်းတလုံးကို TNT ယမ်းထည့်ထားသည့် အချင်း သုံးလက်မ၊ အမြင့်နှစ်လက်မခန့်ရှိ ပလတ်စတစ်ဘူးတဘူး တွေ့ရှိခဲ့သဖြင့် ဖောက်ခွဲ ရှင်းလင်းခဲ့သည်။” ဟုလည်း ရေးသား ထားသည်။
သတင်းရင်းမြစ် - ချင်းမိုင် (မဇ္ဈိမ)

0 件のコメント:

コメントを投稿