Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/06

တွံတေးမြိုနယ် အာဏာပိုင်းများ၏ ဥပဒေမဲ့ လုပ်ရပ်

 


တွံတေးမြို့နယ် အာဏာပိုင် အဖွဲ့အစည်းများသည် အာဏာ အလွဲသုံးစား ပြုလုပ်၍ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများ အား ဥပဒေမဲ့ တိုက်ခိုက်မှုများ ပြုလုပ် နေကြကြောင်း တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များထံမှ သိရှိ ရသည်။
၃ နိုဝင်ဘာလ ၂၀၁၁ ရက်နေ့ ညတွင် တွံတေးမြို့နယ် NLD လူငယ် အစည်းအဝေးအတွက် တွံတေး NLD လူငယ်များဖြစ် သော ကိုကျော်မိုးနိုင်နှင့် ကိုအောင်ကျော်ဇော တိုနှစ်ဦးမှာ အစည်းဝေး လိုက်လံ ဖိတ်ကြားပြီ အပြန် ည ၁၀ နာရီခန့်တွင် တွံတေးမြို့နယ်မှ စွမ်းအားရှင် တဖြစ်လဲ ဆယ်အိမ်ခေါင်းများ ဖြစ်ကြသော ကျော်တင့် နှင့် ၀င်းနိုင်တို့ ပါဝင်သော အဖွဲ့က လမ်းမှ စောင့်ဆိုင်းပြီး ၀ိုင်းဝန် ရိုက်နက် ခဲ့ကြသဖြင့် NLD လူငယ်များဖြစ်သော ကိုကျော်မိုးနိုင်မှာ ခေါင်းကွဲပြီး နှုတ်ခမ်းနှင့် ကျော ကုန်းတွင် ရိုက်နှက် ခံရသော ဒဏ်ရာများ ရရှိခဲ့၍ တွံတေးမြိုနယ် ပြည်သူဆေးရုံကြီးတို ညတွင်းချင်း တင်ပိုခဲ့ရပြီ အခြား NLD လူငယ်တဦးဖြစ်သူ ကိုအောင်ကျော်ဇော မှာ ဖူးယောင် ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပါသည်။
ထိုဖြစ်စဉ်နှင့် ပက်သက်၍ တွံတေးမြို့နယ် NLD လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်မှ ကျော်တင့် နှင့် ၀င်းနိုင် တိုအား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅ အရ တွံတေးမြို့နယ် ရဲစခန်းတွင် အမှုဖွင့် ထားသောလဲ သက်ဆိုင်ရာ အာဏာပိုင်းများက ယခု အချိန်ထိ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။
ယခင် လကလဲ တွံတေး NLD တာဝန်ခံနှင့် တွံတေး ရဲစခန်းမှ အရာရှိများ ယခုကဲ့သို့ ပြဿနာ ဖြစ်ပွားခဲ့သည်အတွက် အပြန်အလှန် တရားစွဲဆို မှုများပြုလုပ် ခဲ့ကြပြီ ယခုအထိ အမှုပြီးပြတ်ခြင်း  မရှိသေးပေ။
ယခု ညနေပိုင်းတွင် အဆိုပါ စွမ်းအားရှင်များက NLD လူငယ်နှစ်ဦးအား လူငှား၍ သတ်ပစ်မည်ဟု ထပ်မံ ခြိမ်းခြောက်ပြန် သဖြင့် ရဲစခန်းသို့ တိုင်တန်း ထားပါသည်။
ရဲထွဋ်ခေါင်
တွံတေးမြို့နယ် NLD လူငယ်တာဝန်ခံ
0973133594
Copy from -  naytthit.net

0 件のコメント:

コメントを投稿