Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/11

အစိုးရစစ်ကြောင်း ရွာမီးရှို့သဖြင့် ဒုက္ခသည် ထောင်ချီ ထွက်ပြေး

November 10, 2011

မနေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ ကေအိုင်အေ (ကချင်လွတ်လပ်ရေး တပ်မတော်) ရဲ့ တပ်ရင်း ၃ ရှိရာ စန်ပိုင်ဒေသဘက်ကို ချီတက်လာတဲ့ အစိုးရ စစ်ကြောင်းတွေက အိမ်ခြေ ၅ဝ ရှိ ကချင်ကျေးရွာကို မီးရှို့ ဖျက်ဆီး လိုက်ပါတယ်။
အခုလို ရွာမီးရှို့ခဲ့တဲ့ တချိန်တည်းမှာ အစိုးရ စစ်ကြောင်းတွေ ချီတက်ရာ လမ်းတလျောက်က ကျေးရွာသားတွေကို ကေအိုင်အေက  ပြောင်းရွှေ့ ခိုင်းထားတာကြောင့် အခုအခါ ကျေးရွာသား ထောင်နဲ့ချီ တရုတ် နယ်စပ်ဘက် ထွက်ပြေး လာနေတယ်လို့ အဲဒီဒေသအတွင်း ရောက်ရှိနေတဲ့ သတင်းထောက် တဦးက ပြောပါတယ်။
“စန်ပိုင်နဲ့ ဂါးဒါယန်ကြားထဲမှာပေါ့။ အဲဒီရွာမှာ ဗမာစစ်တပ်က မနေ့က တည်း က ဝင်ထိုးဖို့ လုပ်တယ်။ အောင်ဂျာရွာ ရောက်တော့ အောင်ဂျာရွာ မီးရှို့သွားတယ်။ အဲဒီမှာ အိမ်ခြေ ၅ဝ လောက်ရှိတယ်။ အိမ်ကြီးအိမ်ကောင်း တွေလည်း ရှိတယ်။ ရွာထဲမှာက ကေအိုင်အေ မရှိဘူး၊ ရွာအပြင်မှာ ကေအိုင်အေ ရှိတယ်။ အခုကတော့ ကေအိုင်အေက အဲဒီနားကရွာ အကုန်လုံးကို ရွှေ့ခိုင်းလိုက်တော့ အားလုံးပေါင်း ရွာသား ၃,ဝဝဝ လောက် အကုန်လုံး ထွက်ပြေးလာပြီ။ သူတို့ကလည်း လွတ်ရာလွတ်ကြောင်း တရုတ်ပြည်ဘက် ဦးတည် လာနေကြတဲ့ အနေအထားမှာ ရှိတယ်။”
ကေအိုင်အေ တပ်ရင်း ၃ ရှိရာဘက်ကို အစိုးရ တပ်ရင်းတွေ ချီတက်လာနေသလို ကေအိုင်အေ ဘက်ကလည်း အင်အား အများအပြားနဲ့ ခုခံ တိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။
“စန်ပိုင်ဘက်မှာကတော့ ကေအိုင်အေက ၆ဝဝ၊ ၇ဝဝ လောက်ရှိမယ်။ တပ်ကူတွေလည်း ဒီနေ့ ရောက်လာတယ်။ ကားလမ်းမကြီး ဖြစ်နေတာ။ အဲဒီဟာကြီးက ဘယ်လို ပြောမလဲဆိုတော့ ဒီဘက်က ဗမာတပ်တွေက ရိက္ခာတွေ ပြတ်နေတော့ အဲဒါတွေ တပ်ကူ လွှတ်တာလည်း ပါတာပေါ့။ ထိုးတာကတော့ ၃၂၁ တပ်က ထိုးတာ။ ၅၈ ရယ်၊ အားလုံးပေါင်း ၇ ရင်း၊ ၈ ရင်း လောက်ရှိမယ်။ ဒီမှာ တိုက်ပွဲဖြစ်တာ ရက်ပေါင်း ၂ဝ ကျော် ၂၅၊ တလနီးနီးလောက်ရှိပြီ။”
အစိုးရတပ် စစ်ကြောင်းတွေက စစ်သားတွေဟာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး လုပ်နေတဲ့ သဘော ရှိတယ်လို့ ရွာသားတွေရဲ့ ပြောစကားကို ကိုးကားပြီး သူက ပြောပါတယ်။
“တချို့ အဲဒီဘက်က ရွာသားတွေ ပြောတာက သင်းအုပ်ဆရာတွေကို ရိုက်နှက်ပြီးတော့ သင်းအုပ်ဆရာ အိမ်တွေ မီးရှို့လိုက်တယ်။ သင်းအုပ်ဆရာက ဝိုင်းမော်နားက မုန့်ကြိတ်ရွာ။ သင်းအုပ် ဆရာမိန်းမ တယောက် ကိုယ်ဝန်ကြီးနဲ့ဟာ၊ သူတို့​ ထိုးကြိတ်ထားတာ မြစ်ကြီးနား ဆေးရုံ ရောက်နေတယ် ပြောတယ်။”
အခုနှစ် ဇွန်လဆန်းပိုင်းကစလို့ ကေအိုင်အေနဲ့ မြန်မာ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာရာ အခုအခါ ကေအိုင်အေ စခန်းတွေကို သိမ်းပိုက် ထိန်းချုပ်နိုင်ရေး အတွက် အစိုးရ တပ်တွေက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ် - ဒီဗွီဘီ

0 件のコメント:

コメントを投稿