Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/02

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ


By_CIDKP


ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က ထိုဒေသရှိ လှုပ်ရှား နေသည့် မြန်မာစစ်တပ် ခြေလျင်တပ်ရင်း ခလရ(၉၂)နှင့် ခြေ မြန်တပ်ရင်း ခမရ(၆၀၃)တို့သည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ခေါသခေါရွာ၏ အရှေ့ဘက် ၆ဖာ လုံအကွာတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရွာကို ပစ်ခတ် ခြင်းဖြစ်သည်ဟု ထိုဒေသခံ CIDKP အဖွဲ့ဝင် တစ်ဦးက ပြောသည်။

၎င်းက “အဲဒီနေ့မှာ မိုးလည်းရွာတော့ ထွက်ပြေးတဲ့ ရွာသားတွေဟာ စားစရာ မပါသလို အ၀တ်အထည်၊ စောင်၊ အမိုးအကာ အသုံးအဆောင်လည်း မပါတော့ တောထဲမှာ ဖြစ်သလိုပဲ နေရတယ်။ တချို့ဖျားနာ သူလည်း ရှိတယ်။”ဟု ကေအိုင်စီသို့ ပြော သည်။

မြန်မာ စစ်တပ်သည် ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီးနောက် ထိုရွာတွင်းရှိ နေအိမ်များသို့ ၀င်ရောက် မွှေနှောက်မှု ပြုလုပ်ကာ ရွာသားများ ပိုင်ဆိုင်သော ကျပ်သိန်းပေါင်း များစွာ ယူဆောင်သွားသည့်အပြင် နေအိမ်အမိုး၊ အကာ၊ အခင်းများနှင့် ကျေးရွာ ဘုရားရှိခိုး ကျောင်းကိုလည်း ပစ်ခတ် ဖျက်ဆီးခဲ့သည်ဟု ၎င်းက ရှင်းပြသည်။
By_CIDKP14
အိုးအိမ်စွန့်ကာ ထွက်ပြေးနေရသည့် ရွာသူရွာသားများ (Photo-CIDKP)

မြန်မာ စစ်တပ်သည် ရွာအတွင်း အိမ်များရှိ ဆန်၊ ဆား၊ ငါးပိ စသည့် စားစရာများကို ၎င်းတို့ ရိက္ခာအဖြစ် ယူဆောင် သွားခဲ့ပြီး မသယ်ပိုး နိုင်သည်များကို ဖျက်ဆီး ခဲ့သည်ဟုလည်း အဆိုပါ ရွာသားတစ်ဦးကလည်း ပြောသည်။

သူက “အခုအချိန်မှာ ရွာသားတွေ အလုပ်များတဲ့အချိန် ဖာလာခူး၊ ကွမ်းသီးခူးနဲ့ စပါး ရိတ်သိမ်းချိန် ဖြစ်တယ်။ ဒီနှစ်လည်း မိုး ဆက်တိုက် ရွာလို့ အလုပ်လုပ်ရတာ အဆင်မပြေတဲ့ အချိန်မှာ ဗမာစစ်တပ်ကလည်း အခုလို လုပ်တော့ လာမယ့် ရာသီမှာ ဘာနဲ့ စားရမလဲ။”ဟု ပြောသည်။

ရွာပေါင်း ၃၀ကျော်ရှိသည့် သောက်ရေခပ်ချောင်းအရှေ့ဘက်တွင် မြန်မာစစ်တပ်များ၏ သွားလာ လှုပ်ရှားမှု ကြောင့် ရွာ ၉ရွာမှ လူဦးရေ ၁,၆၀၀ကျော်မှာ သွားလာရေး အခက်အခဲနှင့် ရင်ဆိုင် နေကြရသည်ဟု CIDKP က ပြောသည်။

သို့သော် ထွက်ပြေး နေရသည့် ရွာသူရွာသားများမှာ ယခုအချိန်တွင် မိမိနေရပ်ရွာသို့ ပြန်လည် နေထိုင်ခြင်း ရှိမရှိကိုမူ မသိရ သေးပေ။
သတင်းရင်းမြစ် - ကေအိုင်စီ

0 件のコメント:

コメントを投稿