Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/16

ကြားဖြတ် ရွေးကောက်ပွဲဝ င်လျှင် ဒေါ်စုအပေါ် တိုင်းရင်းသားများ ယုံကြည်မှု ထိခိုက်နိုင်

 

မေလက NLD မှ ကျင်းပသော ဓါတ်ပုံပြပွဲတွင် မြင်တွေ့ရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
Nov 15, 2011
တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာ့ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသား ထောင်ချီ အကျဉ်းထောင်ထဲ၌ ရှိနေသေးသဖြင့်  ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရန် ပါတီမှတ်ပုံ တင်လိုက်ပါက သူမအပေါ် တိုင်းရင်းသားများ၏ ယုံကြည် ထောက်ခံမှု ထိခိုက်နိုင်ကြောင်း  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။
“အမျိုးသား ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူမပြော ခဲ့ဖူးသလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင်၊ ဒီမိုကရေစီရအောင် ကြိုးစားနေတာလို့ ယုံကြည်တယ်။ ခုလဲ ပါတီ မှတ်ပုံတင်ဖို့ ကြား ဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ဆိုတာ သူတို့ လုပ်ပိုင်ခွင့်ရှိလို့ သူတို့ လမ်းကြောင်း၊ သူတို့ ယုံကြည်ချက်နဲ့ သူတို့ သွားနေတာဖြစ် တဲ့အတွက်ကြောင့် ကျနော်တို့ ကတော့ တူတာရှိရင် ပေါင်းလုပ်မယ်။ ဒါပေမယ့် အကျဉ်းကျနေ တဲ့ခေါင်းဆောင်တွေ မလွတ်မြောက်သေးဘဲ သူမ ဆက်လုပ် သွားမယ် ဆိုရင်တော့  သူမအပေါ် တိုင်းရင်းသား တွေထားတဲ့ ယုံကြည်မှုကိုတော့ ထိခိုက်သွားနိုင်မှာကို ကျနောစိုးရိမ်မိ ပါတယ် ”   SNLD ပြောခွင့်ရ စိုင်းလိတ် ကပြောသည်။


NLD ပါတီ မှတ်ပုံတင်ရေးကိစ္စ ၊ ပါတီရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်  ကိစ္စကို NLD ဗဟို ကော်မီတီဝင်မှ အစည်း အဝေး ထိုင်ပြီးမှ ဆုံးဖြတ် ရဦးမည်ဖြစ်ကြောင်း၊  ပြီးခဲ့သည့် သောကြာနေ့ နိုဝင်ဘာ ၁၁ ရက်က NLD ပါတီ တာဝန်ရှိသူများ အစည်း အဝေးတရပ် ကျင်းပခဲ့သော်လည်း ပါတီ မှတ်ပုံတင်ရေးနှင့်  ရွေးကောက်ပွဲ ဝင်ရေး အတွက် ဆုံးဖြတ်ချက် မချရသေးကြောင်း လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့ အစည်းအဝေး ထပ်မံ  ရွှေ့ဆိုင်း ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ဘယ်ရွေးကောက်ပွဲ နယ်မြေက ဝင်ရောက် ယှဉ်ပြိုင်မည်ကိုမူ တိတိကျကျ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးကြောင်း - NLD တာဝန် ရှိသူများ၏ ပြောကြားချက်ကို ကိုးကားပြီး ၄င်းက ပြောပါသည်။

SNLD အနေနှင့်မူ မိမိတို့ ခေါင်းဆောင်များ ထောင်မှမလွှတ်မြောက် လာသေးသရွှေ့ ပါတီမှတ်ပုံတင်ရေး ရွေးကောက်ပွဲဝင် ရေးအတွက် လုံးဝ စဉ်းစားမည် မဟုတ်ကြောင်း  စိုင်းလိတ်က ဆက်လက် ပြောပြသည်။

“ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဌ ခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ဗဟိုအလုပ်အမှု ဆောင် စိုင်းလှအောင်တို့က အကျဉ်းကျနေဆဲမို့လို့ သူတို့တွေ မလွတ်မြောက် လာသေးပဲနဲ့ မှတ်ပုံတင်ဖို့ ကိစ္စကို  စဉ်းစားမှာ မဟုတ်ပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေ ထောင်ကနေ လွတ်မြောက်လာအောင် အရင်ဆုံးကြိုး စားပါမယ်  ” ဟုပြောသည်။

သျှမ်းတိုင်းရင်းသား ခေါင်းဆောင်များအား အမှု ပြန်လည် စိစစ်ပေးရန် ပြစ်ဒဏ်ချ တရားစီရင်ခြင်း ၆ နှစ် ပြည့်သည့် နိုဝင် ဘာလ အစောပိုင်း၌  မိသားစုဝင်များက လက်မှတ် ရေးထိုးကာ လူ့အခွင့်အရေး ကော်မရှင်ထံ တင်ပြ တောင်းဆို ထားသည်။

SNLD ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သည် ၁၉၉၀ ရွေးကောက်ပွဲ၌ NLD ပြီးလျှင်ဒုတိယ အနိုင်ရရှိ ထားသည့် ပါတီဖြစ်သည်။
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

0 件のコメント:

コメントを投稿